• Follow Us on

Home အိန္ဒိယက အလိုရှိလျှင် ရာဖေးဂျက်တိုက်လေယာဉ်များ ထပ်မံရောင်းချသွားရန် အသင့်ရှိနေကြောင်း ပြင်သစ်ကာကွယ်ရေးဝန်ကြီးပြော

အိန္ဒိယက အလိုရှိလျှင် ရာဖေးဂျက်တိုက်လေယာဉ်များ ထပ်မံရောင်းချသွားရန် အသင့်ရှိနေကြောင်း ပြင်သစ်ကာကွယ်ရေးဝန်ကြီးပြော

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၈ (People Media)

 

အိန္ဒိယနိုင်ငံက အလိုရှိလျှင် ရာဖေးဂျက်တိုက်လေယာဉ်များ ထပ်မံထောက်ပံ့သွားနိုင်ကြောင်း ပြင်သစ်ကာကွယ် ရေးဝန်ကြီး ဖလောရင့်စ်ပါလီက ဒီဇင်ဘာလ ၁၇ ရက်နေ့က ပြောကြားလိုက်သည်။

 

အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသော ပြင်သစ်ကာကွယ်ရေးဝန်ကြီးပါလီသည် အိန္ဒိယကာကွယ်ရေးဝန်ကြီးရာ့နာ့သ် ဆင်းနှင့် မတွေ့ဆုံမီ နိုင်ငံရေး/ လူမှုရေး/ စီးပွားရေး အကြံပေးအဖွဲ့နှင့် တွေ့ဆုံစဉ် ယခုလိုပြောကြားလိုက်ခြင်း ဖြစ်သည်။

 

ကိုဗစ်ကပ်ရောဂါဘေးဖြစ်ပွားနေသော်လည်း ရာဖေးဂျက်တိုက်လေယာဉ် ၃၃ စင်းကို အစီအစဉ်အတိုင်း အိန္ဒိယ နိုင်ငံသို့ တင်ပို့ခဲ့ပြီးဖြစ်ကြောင်း ပြင်သစ်သံရုံးက ဒီဇင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

အိန္ဒိယနိုင်ငံသည် ရာဖေးဂျက်တိုက်လေယာဉ် ၃၆ စင်း ဝယ်ယူရန် ပြင်သစ်အစိုးရနှင့် ၂၀၁၆ ခုနှစ် စက်တင်ဘာ လအတွင်းက လက်မှတ်ရေးထိုးခဲ့သည်။

 

“အိန္ဒိယလေတပ်က ရာဖေးဂျက်တိုက်လေယာဉ်တွေကို သဘောကျတယ်ဆိုလို့ ကျွန်မအနေနဲ့ အလွန်ဝမ်းသာ ပါတယ်။ ကိုဗစ်ကပ်ရောဂါဘေးတွေရှိနေပေမဲ့လည်း စီစဉ်ထားတဲ့အတိုင်း ရာဖေးဂျက်တိုက်လေယာဉ် ၃၆ စင်း ကို အချိန်မီပေးပို့သွားမယ်ဆိုတာသိရတော့ ကျွန်မတို့ အလွန်ဂုဏ်ယူမိပါတယ်။ ဒါဟာ တကယ့်အောင်မြင်မှု တစ်ရပ်ပါပဲရှင်။” ဟု ပါလီကပြောသည်။

 

“အမျိုးအစားတူတဲ့တိုက်လေယာဉ်တွေကို အသုံးပြုတာဟာ တကယ့်တန်ဖိုးရှိတဲ့ပစ္စည်းတွေဖြစ်ပြီး ခွန်အားတစ် ရပ်ပါပဲ။ နောက်ထပ် ထပ်ပြီးထုတ်လုပ်ဖို့အစီအစဉ်တွေရှိတယ်ဆိုတာ ကျွန်မ ကျိန်းသေပြောနိုင်ပါတယ်။ အိန္ဒိယ နိုင်ငံက ထပ်ပြီးတောင်းဆိုလာမယ့် လိုအပ်ချက်တွေအတွက် တုံ့ပြန်မှုပေးဖို့ ကျွန်မတို့ဘက်က အသင့်ရှိနေပါ တယ်။” ဟု ၎င်းကပြောသည်။

 

အိန္ဒိနိုင်ငံက ထုတ်လုပ်ရန်စီစဉ်ထားသည့် ဒုတိယမြောက်လေယာဉ်တင်သင်္ဘောကိုရည်ညွှန်း၍ ပြင်သစ်နိုင်ငံက ယင်းလေယာဉ်တင်သင်္ဘောတွင်အသုံးပြုမည့် တိုက်လေယာဉ်များထောက်ပံ့ရေးကို စိတ်ဝင်စားလျက်ရှိကြောင်း ပြင်သစ်ကာ ကွယ်ရေးဝန်ကြီး ပါလီကပြောသည်။

 

“လေယာဉ်တင်သင်္ဘောကြီးတည်ဆောက်မှုက မကြာခင် ပြီးစီးတော့မယ်ဆိုတာ ကျွန်မတို့သိပါတယ်။ အဲဒီ လေ ယာဉ်တင်သင်္ဘောကြီးပေါ်မှာအသုံးပြုမယ့်တိုက်လေယာဉ်တွေလည်း လိုအပ်လာတော့မှာမဟုတ်လား။ အိန္ဒိယ နိုင်ငံက စိတ်ဝင်စားပြီး ဝယ်ယူဖို့ ဆုံးဖြတ်မယ်ဆိုရင် ကျွန်မတို့နိုင်ငံက ရာဖေးဂျက်တိုက်လေယာဉ်ကို ထောက်ပံ့ သွားဖို့ အဆင်သင့်လမ်းဖွင့်ထားပါတယ်။” ဟု ၎င်းကပြောသည်။

 

အိန္ဒိယနိုင်ငံ၏ ပြည်တွင်းထုတ် ပထမဦးဆုံး လေယာဉ်တင်သင်္ဘော Vikrant ကို လာမည့်နှစ် သြဂုတ်လတွင် တပ်တော်ဝင်မည်ဟုသိရသည်။

 

ပြင်သစ်လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ Dassault Aviation က ထုတ်လုပ်သော ရာဖေးဂျက်တိုက်လေယာဉ် ပထမအသုတ် ငါးစင်းကို လွန်ခဲ့သည့်နှစ် ဇူလိုင်လက အိန္ဒိိယနိုင်ငံသို့ ပို့ဆောင်ခဲ့သည်။ အိန္ဒိယနိုင်ငံက ရာဖေး ဂျက်တိုက်လေယာဉ် နောက်ထပ် ၃၆ စင်း ဝယ်ယူရေးအတွက် ဆွေးနွေးညှိနှိုင်းရန် ပြင်သစ်နိုင်ငံက ကြိုးစား  လျက်ရှိသည်။

 

ရုရှားနိုင်ငံထံမှ ဆူခွိုင်းတိုက်လေယာဉ်များတင်သွင်းပြီးနောက်ပိုင်း ၂၃ နှစ်တွင်း ရာဖေးဂျက်တိုက်လေယာဉ် များကို အိန္ဒိယနိုင်ငံက ပထမဦးဆုံးအကြိမ်တင်သွင်းခဲ့ခြင်းဖြစ်သည်။

 

Ref: Ready to provide additional Rafale jets if India requires them: French defence minister

 

#PeopleMedia

 

(unicode)


……………………………………………………………….

 


 


 


 


 


 


 


 


 


 


 


 


 

Ref: Ready to provide additional Rafale jets if India requires them: French defence minister

 

#PeopleMedia


Share this post