• Follow Us on

Home အိန္ဒိယက နျူကလီးယားထိပ်ဖူးသယ်ဆောင်နိုင်သော တိုက်ချင်းပစ်ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ်

အိန္ဒိယက နျူကလီးယားထိပ်ဖူးသယ်ဆောင်နိုင်သော တိုက်ချင်းပစ်ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၉ (People Media)

 

အိန္ဒိယနိုင်ငံသည် ကီလိုမီတာ ၅,၀၀၀ ဝန်းကျင်ရောက်ရှိနိုင်သော ပြည်တွင်းထုတ် တိုက်ချင်းပစ်ဒုံးကျည်ကို ပထမဦးဆုံးအကြိမ်အဖြစ် အောက်တိုဘာလ ၂၇ ရက်နေ့က စမ်းသပ်ပစ်လွှတ်ခဲ့သည်။

 

အိန္ဒိယနိုင်ငံ အိုဒီရှာပြည်နယ် အေပီဂျေ အဗ္ဗဒူကလမ်ကျွန်းပေါ်မှ နျူကလီးယားလက်နက်များနှင့် မဟာဗျူဟာ မြောက်လက်နက်များကို အုပ်ချုပ်သော အိန္ဒိ.မဟာဗျူဟာမြောက်တပ်ဖွဲ့ဌာနချုပ်က အဂ္ဂနိ ၅ တိုက်ချင်းပစ် ဒုံး ကျည်အား စမ်းသပ်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

 

အိန္ဒိယနိုင်ငံက နျူကလီးယားလက်နက်အားစတင်သုံးစွဲခြင်းမပြုရန်သတ်မှတ်ထားသည့် အနိမ့်ဆုံးအတားအဆီး ထားရှိရေးဆိုသည့် အိန္ဒိယမူဝါဒနှင့်အညီ တိုက်ချင်းပစ်ဒုံးကျည်အား စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယ ကာကွယ်ရေဝန်ကြီးဌာနကပြောသည်။

 

အဂ္ဂနိ ၅ တိုက်ချင်းပစ်ဒုံးကျည်ကို အိန္ဒိယနိုင်ငံ ကာကွယ်ရေး သုတေသနနှင့် ဖွံံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Defence Research and Development Organisation -DRDO) က ပြည်တွင်း၌ပင် ပုံစံရေးဆွဲထုတ်လုပ်ခဲ့ခြင်းဖြစ် သည်။ အိန္ဒိယ ကာကွယ်ရေးသုတေသနနှင့် ဖွံံ့ဖြိုးတိုးတက်ရေးအဖွဲ့ သည် ၂၀၁၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ရှေ့ ပြေးပုံစံဒုံးကျည် ခုနစ်စင်းကို အောင်မြင်စွာစမ်းသပ်ပစ်လွှတ်ခဲ့ပြီး ဖြစ်သည်။

 

တိုက်ချင်းပစ်ဒုံးကျည်သည် ၁၅ မိနစ်အတွင်း သတ်မှတ်ထားသောပစ်မှတ်ကို ထိမှန်ခဲ့ကြောင်း ကာကွယ်ရေး သု တေသနနှင့်ဖွံံ့ဖြိုးတိုးတက်ရေးအဖွဲ့ဝင်သိပ္ပံပညာရှင်တစ်ဦးကပြောကြားသော်လည်း အသေးစိတ်အချက်အလက် များကိုပြောကြားခြင်းမရှိပေ။

 

ယခုလက်ရှိစမ်းသပ်ပစ်ခတ်မှုနှင့်အတူ အိန္ဒိနိုင်ငံရှိလက်နက်များမှာ မြောက်ပိုင်းနယ်မြေများ အပါအဝင် တရုတ် ပိုင်နယ်နိမိတ်တစ်ဝန်း လက်လှမ်းမီကြောင်း ကာကွယ်ရေးဆန်းစစ်လေ့လာသူ အငြိမ်းစားကြည်းတပ်ဗိုလ်ချုပ် ကြီး ရာဟုဘောစလေးက ပြောသည်။

 

အဂ္ဂနိ ၅ တိုက်ချင်းပစ်ဒုံးကျည်သည် ကီလိုမီတာ ၅၀၀၀ အထိရောက်ရှိပြီး ပစ်မှတ်ကို အလွန်တိကျစွာပစ်ခတ် နိုင်သည့် အဆင့်သုံးဆင့် လောင်စာခဲအင်ဂျင်သုံး တိုက်ချင်းပစ်ဒုံးကျည်ဖြစ်သည်။

 

အဆိုပါဒုံးကျည်တွင် အိန္ဒိယဒေသတွင်းထောက်လှမ်းရေးဂြိုဟ်တုစနစ်တပ်ဆင်ထားပြီး ၁.၅ တန်အလေးချိန်ရှိ နျူကလီးယားထိပ်ဖူးကို သယ်ဆောင်သွားနိုင်သည်။

 

၁၇.၅ မီတာရှည်လျားပြီး တန် ၅၀ အလေးချိန်ရှိသော ယင်းဒုံးကျည်ကို ရွေ့လျားပစ်စဉ်တစ်ခုမှ ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ယင်းဒုံးကျည်များကို နိုင်ငံ၏ မည်သည့်နယ်စပ်ဒေသတွင်မဆို တပ်ဖြန့်ချထားနိုင်ကြောင်း ကာကွယ်ရေး သုတေသနနှင့်ဖွံံ့ဖြိုးတိုးတက်ရေးအဖွဲ့ဝင်သိပ္ပံပညာရှင်ကပြောသည်။

 

India conducts successful user test of nuclear-capable ICBM

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 



 


 


 

India conducts successful user test of nuclear-capable ICBM

 

#PeopleMedia


Share this post