• Follow Us on

Home အိႏိၵယတြင္ ၃ ရက္ဆက္တိုက္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၄၅၀၀၀ ေက်ာ္ေန

အိႏိၵယတြင္ ၃ ရက္ဆက္တိုက္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၄၅၀၀၀ ေက်ာ္ေန

Share this post

နယူးေဒလီ၊ ဇူလိုင္ ၂၅

ၿပီးခဲ့သည့္ ၂၄ နာရီအတြင္း အိႏၵိယႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၄၈၁၉၆ ေယာက္႐ွိၿပီး ကူးစက္ခံရသူစုစုေပါင္း ၁၃၃၆၈၆၁ ေယာက္႐ွိလာၿပီဟု အိႏၵိယက်န္းမာေရး၀န္ႀကီးဌာနအခ်က္အလက္မ်ားအရ သိရသည္။

ထို႔အျပင္ ေသဆံုးသူ ၇၅၇ ေယာက္တိုးလာခဲ့သျဖင့္ ေသဆံုးသူစုစုေပါင္း ၃၁၃၅၈ ေယာက္႐ွိလာၿပီျဖစ္သည္။ ယေန႔သည္ အိႏိၵယတြင္ ၃ ရက္ဆက္တိုက္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၄၅၀၀၀ ေက်ာ္သည့္ေန႔ျဖစ္သည္။

ျပန္သက္သာလာသူ ၆၃.၅ ရာခိုင္ႏႈန္း႐ွိေနေၾကာင္းလည္း က်န္းမာေရး၀န္ႀကီးဌာနအခ်က္အလက္မ်ားအရသိရသည္။

ေဆး႐ံုတက္ကုသမႈခံယူေနသူ ၄၅၀၀၀၀ ေက်ာ္႐ွိေနၿပီး ၈၄၀၀၀၀ ေက်ာ္ျပန္သက္သာလာၿပီဟုသိရသည္။

အိႏၵိယတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈု ၁.၃ သန္းေက်ာ္ရန္ ၁၇၇ ရက္ၾကာခဲ့ၿပီး ဇူလိုင္ ၂ ရက္တြင္ ၆ သိန္းေက်ာ္႐ွိခဲ့သျဖင့္ ၃ ပတ္အတြင္း ၂ ဆ မ်ားလာျခင္းျဖစ္သည္။

တစ္ခ်ိန္တည္းတြင္ အိႏိၵယျပည္တြင္းျဖစ္ COVID-19 ကာကြယ္ေဆးအတြက္လည္း ေသာၾကာေန႔တြင္ အ႐ွိန္ရလာၿပီး ေဒလီ အပါအ၀င္ ၿမိဳ႕ႀကီး ၆ ၿမိဳ႕၌ လူသားတြင္စမ္းသပ္ကုသေနၿပီျဖစ္သည္။

Bharat Biotech ႏွင့္ Zydus Cadila ကုမၸဏီတို႔ကထုတ္လုပ္သည့္ COVID-19 ကာကြယ္ေဆး ၂ မ်ိဳးျဖင့္ စမ္းသပ္မႈမ်ားျပဳလုပ္ ေနျခင္းျဖစ္သည္။

Ref : Coronavirus in India: more than 45,000 infected for third consecutive day

#PeopleMedia

(unicode)
အိန္ဒိယတွင် ၃ ရက်ဆက်တိုက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၅၀၀၀ ကျော်နေ
………………………………………………………

နယူးဒေလီ၊ ဇူလိုင် ၂၅

ပြီးခဲ့သည့် ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၈၁၉၆ ယောက်ရှိပြီး ကူးစက်ခံရသူစုစုပေါင်း ၁၃၃၆၈၆၁ ယောက်ရှိလာပြီဟု အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနအချက်အလက်များအရ သိရသည်။

ထို့အပြင် သေဆုံးသူ ၇၅၇ ယောက်တိုးလာခဲ့သဖြင့် သေဆုံးသူစုစုပေါင်း ၃၁၃၅၈ ယောက်ရှိလာပြီဖြစ်သည်။ ယနေ့သည် အိန္ဒိယတွင် ၃ ရက်ဆက်တိုက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၅၀၀၀ ကျော်သည့်နေ့ဖြစ်သည်။

ပြန်သက်သာလာသူ ၆၃.၅ ရာခိုင်နှုန်းရှိနေကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနအချက်အလက်များအရသိရသည်။

ဆေးရုံတက်ကုသမှုခံယူနေသူ ၄၅၀၀၀၀ ကျော်ရှိနေပြီး ၈၄၀၀၀၀ ကျော်ပြန်သက်သာလာပြီဟုသိရသည်။

အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ၁.၃ သန်းကျော်ရန် ၁၇၇ ရက်ကြာခဲ့ပြီး ဇူလိုင် ၂ ရက်တွင် ၆ သိန်းကျော်ရှိခဲ့သဖြင့် ၃ ပတ်အတွင်း ၂ ဆ များလာခြင်းဖြစ်သည်။

တစ်ချိန်တည်းတွင် အိန္ဒိယပြည်တွင်းဖြစ် COVID-19 ကာကွယ်ဆေးအတွက်လည်း သောကြာနေ့တွင် အရှိန်ရလာပြီး ဒေလီ အပါအဝင် မြို့ကြီး ၆ မြို့၌ လူသားတွင်စမ်းသပ်ကုသနေပြီဖြစ်သည်။

Bharat Biotech နှင့် Zydus Cadila ကုမ္ပဏီတို့ကထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေး ၂ မျိုးဖြင့် စမ်းသပ်မှုများပြုလုပ် နေခြင်းဖြစ်သည်။

Ref : Coronavirus in India: more than 45,000 infected for third consecutive day

#PeopleMedia


Share this post