• Follow Us on

Home အိႏိၵယရဲ႕ Rafale တိုက္ေလယာဥ္ပထမအသုတ္ ယေန႔ေနာက္ဆံုးေ ရာက္႐ွိ

အိႏိၵယရဲ႕ Rafale တိုက္ေလယာဥ္ပထမအသုတ္ ယေန႔ေနာက္ဆံုးေ ရာက္႐ွိ

Share this post

ပဲရစ္၊ ဇူလိုင္ ၂၉

ျပင္သစ္ႏိုင္ငံက Dassault Aviation ကုမၸဏီဆီကေန အိႏၵိယႏိုင္ငံ၀ယ္ယူခဲ့တဲ့ Rafale တိုက္ေလယာဥ္ ၃၆ စင္းထဲက ပထမအသုတ္ ၅ စင္းကို ဇူလိုင္ ၂၇ ရက္ကေန ၂၉ ရက္အတြင္း အိႏၵိယေလတပ္ရဲ႕ေလယာဥ္မွဴး ေတြက ေမာင္းႏွင္လာပါတယ္။

ထိုင္ခံုတစ္ခံုတပ္ေလယာဥ္ ၃ စင္းနဲ႔ ထိုင္ခံုႏွစ္ခံုတပ္ေလယာဥ္ ၂ စင္းဟာ ခရီးစဥ္ကို အဆင့္ ၂ စင့္နဲ႔သြားဖို႔ ျပင္ဆင္ထားၿပီး ပထမအဆင့္မွာ ျပင္သစ္ေလတပ္ရဲ႕ A330 Phenix MRTT ေလယာဥ္ဆီျဖည့္ေလယာဥ္နဲ႔ ေလထဲမွာဆီျဖည့္မွာပါ။

Rafale ေတြနဲ႔အတူ ေနာက္ထပ္ MRTT တစ္စင္းေပၚမွာေတာ့ အိႏၵိယႏိုင္ငံရဲ႕ COVID-19 တိုက္ဖ်က္ေရးမွာ ပါ၀င္ကူညီမယ့္ အသက္႐ွဴစက္အလံုး ၇၀၊ စမ္းသပ္ပစၥည္းအခု ၁၀၀၀၀၀ နဲ႔ စစ္ဘက္ေဆး၀န္ထမ္း ၁၀ ေယာက္ တို႔ပါ၀င္ပါတယ္။

ေလယာဥ္မွဴးေတြဟာ ျပင္သစ္ႏိုင္ငံအေနာက္ပိုင္း ေဘာ္ဒိုးၿမိဳ႕နားက Dassault Aviation ရဲ႕မယ္ရီနက္စက္႐ံုက ေန ထြက္ခြာလာၿပီး အိႏၵိယႏိုင္ငံေျမာက္ပိုင္းမွာ႐ွိတဲ့ အမ္ဘာလာေလတပ္စခန္းကို ဒီေန႔မွာေရာက္႐ွိမယ္လို႔ အိႏၵိယေလတပ္တရား၀င္တြစ္တာအေကာင့္ကေနေရးသားပါတယ္။

အဲဒီေလယာဥ္မွဴးေတြဟာ ျပင္သစ္မွာေလ့က်င့္ေနတာ ၃ ႏွစ္နီးပါး႐ွိေနၿပီး သူတို႔ေမာင္းႏွင္လာတဲ့ Rafale ေလယာဥ္ေတြဟာ ေ႐ႊႁမွားလို႔နာမည္သတ္မွတ္ထားတဲ့ အမွတ္ ၁၇ ေလယာဥ္အုပ္စုကို ပူးေပါင္းမွာပါ။

Ref : India’s first batch of Rafale fighters is on its way from France

#PeopleMedia

(unicode)
အိန္ဒိယရဲ့ Rafale တိုက်လေယာဉ်ပထမအသုတ် ယနေ့နောက်ဆုံး ေရာက်ရှိ
…………………………………………………………

ပဲရစ်၊ ဇူလိုင် ၂၉

ပြင်သစ်နိုင်ငံက Dassault Aviation ကုမ္ပဏီဆီကနေ အိန္ဒိယနိုင်ငံဝယ်ယူခဲ့တဲ့ Rafale တိုက်လေယာဉ် ၃၆ စင်းထဲက ပထမအသုတ် ၅ စင်းကို ဇူလိုင် ၂၇ ရက်ကနေ ၂၉ ရက်အတွင်း အိန္ဒိယလေတပ်ရဲ့လေယာဉ်မှူး တွေက မောင်းနှင်လာပါတယ်။

ထိုင်ခုံတစ်ခုံတပ်လေယာဉ် ၃ စင်းနဲ့ ထိုင်ခုံနှစ်ခုံတပ်လေယာဉ် ၂ စင်းဟာ ခရီးစဉ်ကို အဆင့် ၂ စင့်နဲ့သွားဖို့ ပြင်ဆင်ထားပြီး ပထမအဆင့်မှာ ပြင်သစ်လေတပ်ရဲ့ A330 Phenix MRTT လေယာဉ်ဆီဖြည့်လေယာဉ်နဲ့ လေထဲမှာဆီဖြည့်မှာပါ။

Rafale တွေနဲ့အတူ နောက်ထပ် MRTT တစ်စင်းပေါ်မှာတော့ အိန္ဒိယနိုင်ငံရဲ့ COVID-19 တိုက်ဖျက်ရေးမှာ ပါဝင်ကူညီမယ့် အသက်ရှူစက်အလုံး ၇၀၊ စမ်းသပ်ပစ္စည်းအခု ၁၀၀၀၀၀ နဲ့ စစ်ဘက်ဆေးဝန်ထမ်း ၁၀ ယောက် တို့ပါဝင်ပါတယ်။

လေယာဉ်မှူးတွေဟာ ပြင်သစ်နိုင်ငံအနောက်ပိုင်း ဘော်ဒိုးမြို့နားက Dassault Aviation ရဲ့မယ်ရီနက်စက်ရုံက နေ ထွက်ခွာလာပြီး အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ အမ်ဘာလာလေတပ်စခန်းကို ဒီနေ့မှာရောက်ရှိမယ်လို့ အိန္ဒိယလေတပ်တရားဝင်တွစ်တာအကောင့်ကနေရေးသားပါတယ်။

အဲဒီလေယာဉ်မှူးတွေဟာ ပြင်သစ်မှာလေ့ကျင့်နေတာ ၃ နှစ်နီးပါးရှိနေပြီး သူတို့မောင်းနှင်လာတဲ့ Rafale လေယာဉ်တွေဟာ ရွှေမြှားလို့နာမည်သတ်မှတ်ထားတဲ့ အမှတ် ၁၇ လေယာဉ်အုပ်စုကို ပူးပေါင်းမှာပါ။

Ref : India’s first batch of Rafale fighters is on its way from France

#PeopleMedia


Share this post