• Follow Us on

Home အိန္ဒိယအစိုးရက ဂျမ်မေးနှင့် ကက်ရှ်မီးယားဒေသသို့ တပ်ဖွဲ့ဝင်အင်အား ထောင်ကျော်စေလွှတ်

အိန္ဒိယအစိုးရက ဂျမ်မေးနှင့် ကက်ရှ်မီးယားဒေသသို့ တပ်ဖွဲ့ဝင်အင်အား ထောင်ကျော်စေလွှတ်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၁ (People Media)

 

မကြာသေးမီသီတင်းပတ်များအတွင်းက တိုက်ခိုက်မှုများအတွဲလိုက်ဖြစ်ပေါ်လာခဲ့ပြီးနောက် အိန္ဒိယနိုင်ငံက အရန်ရဲလက်နက်ကိုင်တပ်ဖွဲ့ဝင်အင်အားထောင်ကျော်ကို အိန္ဒိယနိုင်ငံကသိမ်းပိုက်ထားသည့် ဂျမ်မေးနှင့် ကက်ရှ် မီးယား ဒေသများသို့ စေလွှတ်ခဲ့ကြောင်း အိန္ဒိယအရာရှိများက နိုဝင်ဘာလ ၁၀ ရက်နေ့ကပြောသည်။

 

အဓိကပြိုင်ဘက် ပါကစ္စတန်နိုင်ငံက တစ်စိတ်တစ်ပိုင်းထိန်းချုပ်ထားပြီး ၎င်းတို့ပိုင်ဆိုင်သည် ဟုပြောဆိုနေသော ဟိမဝန္တာကိုပိုင်းခြားထားသည့်နယ်မြေတွင် အိန္ဒိယအစိုးရက တပ်ဖွဲ့ဝင်အင်အား အနည်းဆုံး ၅၀၀,၀၀၀ ခန့် တပ် ဖြန့်ချထားသည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်သည်။

 

“တပ်ဖွဲ့ဝင်အင်အား ၂၅၀၀ ဝန်းကျင်လောက်ရောက်ရှိလာပါတယ်။ အဲဒီတပ်ဖွဲ့ဝင်တွေကို ကက်ရှ်မီးယား တောင် ကြားတစ်ဝိုက်မှာ တပ်ဖြန့်ချထားလိုက်တယ်။ နောက်ထပ်တပ်ဖွဲ့ဝင်အများအပြားက လမ်းမှာပဲရှိပါသေးတယ်။” ဟု ဗဟိုအရန်ရဲတပ်ဖွဲ့ (CRPF) ပြောခွင့်ရပုဂ္ဂိုလ် အက်ဘ်ဟီရန်းပန်းကတ်ချ်က ပြောသည်။

 

လူသားချင်းစာနာထောက်ထားမှုအကူအညီများလိုအပ်နေသည့်အပြင် အကြမ်းဖက်မှုများ၊ အခြေခံဝါဒီများ၏ တိုက်ခိုက်မှုများနှင့် မူးယစ်ဆေးဝါးတရားမဝင်ကုန်ကူးမှုများ ပိုမိုမြင့်မားလာသဖြင့် အိန္ဒိယနယ်စပ်လုံခြုံရေးတပ် ဖွဲ့ဝင် (BSF) များအပါအဝင် အရန်ရဲတပ်ဖွဲ့ဝင်အင်အား ၅,၀၀၀ ဝန်းကျင်ကို ယခုသီတင်းပတ်အတွင်း တပ်ဖြန့်ချ ထားခဲ့သည်။

 

အမေရိကန်နှင့် အနောက်အုပ်စုတပ်ဖွဲ့ဝင်များ ကဘူးမြို့မှဆုတ်ခွာသွားပြီးနောက် သုံးလမပြည့်မီ အိန္ဒိယနိုင်ငံ တွင် အာဖဂန်နစ္စတန်ဆိုင်ရာဒေသတွင်းလုံခြုံရေးဆွေးနွေးပွဲကို ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ အိန္ဒိယ၊ အီရန်၊ ရုရှား၊ ကာဇက်စတန်၊ ခီးယားကစ္စတန်၊ တာဂျစ်ကစ္စတန်၊ တာ့မင်နစ္စတန်နှင့် ဥဇဘက်ကစ္စတန်တို့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့သော်လည်း အာဖဂန်နစ္စတန်မှကိုယ်စားလှယ်များကို ဖိတ်ကြားခြင်းမရှိပေ။

 

“အာဖဂန်နစ္စတန်နိုင်ငံထဲက တိုးတက်မှုတွေကို ကျွန်တော်တို့ စိတ်အားထက်သန်စွာ စောင့်ကြည့်နေပါတယ်။ ဒီနိုင်ငံထဲကဂယက်ရိုက်မှုတွေဟာ အာဖဂန်ပြည်သူလူထုအတွက်သာမကဘဲ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသတွင်း အတွက်ပါ အရေးကြီးပါတယ်။” ဟု အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး အေဂျစ်ဒိုဗယ်ကပြောသည်။

 

အနောက်အုပ်စုကထောက်ပံ့ထားသည့် အာဖဂန်အစိုးရပြုတ်ကျသွားပြီးကတည်းက ပါကစ္စတန်နိုင်ငံသည် အာ ဖဂန်နစ္စတန်တွင် သြဇာလွှမ်းမိုးရန်တစ်ဖန်ပြန်လည်ကြိုးပမ်းလာခဲ့သည်။ အနောက်အုပ်စုများဆုတ်ခွာသွားပြီး နောက် ပြိုဆင်းလာသောစီးပွားရေးကို ပြန်လည်ထူထောင်နိုင်ရေး အထောက်အကူဖြစ်စေရန်အတွက် အာဖဂန် နစ္စတန်တွင်လာရောက်ရင်းနှီးမြှုပ်နှံရေးတရုတ်နိုင်ငံစိတ်ဝင်စားလာရန် တာလီဘန်များကမျှော်လင့်နေကြသည်။

 

တရုတ်နိုင်ငံရော အာဖဂန်နစ္စတန်နိုင်ငံပါ အိန္ဒိယနိုင်ငံတွင်ကျင်းပသည့် ဆွေးနွေးပွဲသို့ တက်ရောက်ခြင်းမရှိပေ။ တရုတ်နိုင်ငံက ယင်းဆွေးနွေးပွဲကို စီစဉ်ထားသောပဋိပက္ခဟု ပြောဆိုလိုက်ပြီး ယင်းဆွေးနွေးပွဲကို သပိတ် မှောက်ခဲ့သည့် ပါကစ္စတန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးအကြံပေး မိုရိယူဆွတ်က အိန္ဒိယနိုင်ငံသည် ဒေသတွင်း ပွဲ ဆူအောင်လုပ်နေသည်ဟု စွပ်စွဲပြောဆိုလိုက်သည်။

 

Ref: India sends thousands of more troops to IIOJ&K

 

#PeopleMedia

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 


 


 


 

Ref: India sends thousands of more troops to IIOJ&K

 

#PeopleMedia


Share this post