• Follow Us on
Latest News

Home အိန္ဒိယရေတပ်က မောင်းသူမဲ့လေယာဉ်များနှင့် မောင်းသူမဲ့ရေငုပ်သင်္ဘောများဝယ်ယူရန် စီစဉ်

အိန္ဒိယရေတပ်က မောင်းသူမဲ့လေယာဉ်များနှင့် မောင်းသူမဲ့ရေငုပ်သင်္ဘောများဝယ်ယူရန် စီစဉ်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၄ (People Media)

 

အိန္ဒိယသမုဒ္ဒရာတွင် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတင်းမာမှုများမြင့်တက်နေသည့်ကြားမှ အိန္ဒိယနိုင်ငံ၏ စောင့် ကြည့်ထောက်လှမ်းနိုင်သည့်စွမ်းရည်များကို မြှင့်တင်ရန်ကြိုးပမ်းမှုတစ်ရပ်အဖြစ် အိန္ဒိယရေတပ်က မောင်းသူမဲ့ လေယာဉ်များနှင့် မောင်းသူမဲ့ရေငုပ်သင်္ဘောများဝယ်ယူရန် စီစဉ်လျက်ရှိသည်။

 

အိန္ဒိယရေတပ်အကြီးအကဲများကြားတွင် အကြိမ်ကြိမ်ချင့်ချိန်နှိုင်းဆစဉ်းစားပြီးနောက် လွန်ခဲ့သည့်လကကျင်းပ ခဲ့သည့် ထိပ်တန်းအဆင့်အစည်းအဝေးတွင် ယခုဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ရေတပ်အရာရှိများက မီဒီယာများကို တနင်္ဂနွေနေ့ (နိုဝင်ဘာလ ၂၁ ရက်) က ပြောကြားခဲ့သည်။

 

“အဓိကအာရုံစိုက်တဲ့အရာက အိန္ဒိယသမုဒ္ဒရာထဲက ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့အချိန်ကိုက် ပင်မရေလမ်းကြောင်း တွေမှာ မဟာဗျူဟာမြောက်စောင့်ကြည့်ထောက်လှမ်းရေးကို မြှင့်တင်ဆောင်ရွက်ဖို့ပဲဖြစ်ပါတယ်” ဟု အရာရှိ တစ်ဦးက Economic Times ကို ပြောသည်။

 

အိန္ဒိယရေတပ်သည် တာဝေးရေငုပ်သင်္ဘောတိုက်ဖျက်ရေးစစ်ဆင်ရေးနှင့် သတင်းထောက်လှမ်းရေးနယ်ပယ် များတွင် ရေတပ်စွမ်းရည်ကိုမြှင့်တင်သွားရန်လည်း ရည်ရွယ်ထားကြောင်း ရေတပ်အရာရှိများကပြောသည်။

 

အိန္ဒိယရေတပ်သည် ဒေါ်လာ ၃ ဘီလျံတန်ဖိုးရှိ ဘက်စုံသုံးလက်နက်တပ်ဆင်ထားသောဒရုန်း အစင်း ၃၀ ကို အမေရိကန်ပြည်ထောင်စုမှ ဝယ်ယူသွားရန်လည်း အစိုးရခွင့်ပြုချက်ရရှိရန် အဆိုပြုတင်ပြထားသည်။

 

အိန္ဒိယရေတပ်သည် နှစ်ပေါင်းများစွာကြာသည့်တိုင် နည်းပညာမပြည့်စုံမှုများနှင့် ရင်ဆိုင်နေရသည့်အတွက် ဆိုနာအသစ်များ၊ ရဟတ်ယာဉ်များနှင့် တော်ပီဒိုများဝယ်ယူရန် အငြိမ်းစားအရာရှိကြီးများနှင့် ကာကွယ်ရေးခွဲ ခြမ်းစိတ်ဖြာလေ့လာသူတို့က အကြံပေးခဲ့ကြသည်။

 

သို့သော် လွန်ခဲ့သည့်နှစ်က လာဒက်ခ်ဒေသတွင် တရုတ်စစ်သားများ၏သတ်ဖြတ်မှုကြောင့် အိန္ဒိယစစ်သည် ၂၀ ဦးထက်မနည်းသေဆုံးခဲ့ပြီးနောက်တွင် စစ်လက်နက်ပစ္စည်းများအရေးပေါ်ဝယ်ယူရန်အတွက် အိန္ဒိယအစိုးရက အိန္ဒိယတပ်မတော်ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် အရေးပေါ်လုပ်ပိုင်ခွင့်များအပ်နှင်းခဲ့သည်။

 

လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၃၁ ခုနှစ်အတွင်း Mk-54 အပေါ့စားတော်ပီဒိုနှင့် အ ကြီးစားတော်ပီဒိုများဝယ်ယူရန်အတွက် ဒေါ်လာ ၂၆၃ သန်း သုံးစွဲရန်လျာထားကြောင်းသိရသည်။

 

လွန်ခဲ့သည့်နှစ်က အိန္ဒိယရေတပ်အတွက် လော့ခ်ဟိမာတင်ကုမ္ပဏီထုတ် MH-60 Romeo helicopters ၂၄ စင်းဝယ်ယူရန် အိန္ဒိိယအစိုးရက အမေရိကန်နှင့် ဒေါ်လာ ၂.၆ ဘီလျံတန်သဘောတူစာချုပ်ကို လက်မှတ်ရေး ထိုးခဲ့သည်။

 

လတ်တလောနှစ်များအတွင်း ရေတပ်က စစ်လက်နက်ပစ္စည်းများဝယ်ယူမှုမြင့်တက်နေသော်လည်း အိန္ဒိယအစိုး ရအနေဖြင့် ရေတပ်အတွက် စုစုပေါင်းတပ်မတော်အသုံးစရိတ်၏ ၁၅ ရာခိုင်နှုန်းကိုသာ အသုံးပြုနေဆဲဖြစ် ကြောင်းသိရသည်။

 

Ref: Indian Navy to Acquire Unmanned Aerial and Underwater Systems

 

#PeopleMedia

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


 


 


 


 

Ref: Indian Navy to Acquire Unmanned Aerial and Underwater Systems

 

#PeopleMedia


Share this post