• Follow Us on

Home အိႏိၵယေလတပ္ထံ အသစ္စက္စက္ စစ္ဘက္သံုးရဟတ္ယာဥ္မ်ား အား လံုး ဘိုးအင္းပို႔ေဆာင္ေပး

အိႏိၵယေလတပ္ထံ အသစ္စက္စက္ စစ္ဘက္သံုးရဟတ္ယာဥ္မ်ား အား လံုး ဘိုးအင္းပို႔ေဆာင္ေပး

Share this post

နယူးေဒလီ၊ ဇူလိုင္ ၁၀

AH-64E Apache ႏွင့္ CH-47F(I) Chinook အသစ္စက္စက္ရဟတ္ယာဥ္မ်ားကို အိႏိၵယေလတပ္ထံ ဘိုးအင္း ကုမၸဏီ၏ပို႔ေဆာင္ေပးမႈၿပီးဆံုးၿပီျဖစ္သည္။ AH-64E Apache တိုက္ခိုက္ေရးရဟတ္ယာဥ္ ၂၂ စင္းမွ ေနာက္ဆံုး ၅ စင္းကို ဟင္ဒန္တြင္႐ွိသည့္ အိႏၵိယေလတပ္အေျခစိုက္စခန္းသို႔ပို႔ေဆာင္ေပးခဲ့ၿပီး မတ္လဆန္းတြင္ CH-47F(I) Chinook ရဟတ္ယာဥ္ ၁၅ စင္းမွ ေနာက္ဆံုး ၅ စင္းကိုလႊဲေျပာင္းေပးျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္ တြင္ပါ၀င္သည္။

“စားသံုးသူဗဟိုျပဳတာနဲ႔ အိႏိၵယကာကြယ္ေရးတပ္ဖြဲ႔ေတြရဲ႕ စစ္ဆင္ေရးအသင့္ျဖစ္မႈနဲ႔ ေခတ္မီဖို႔ကတိက၀တ္ ေတြဟာ အိႏိၵယနဲ႔ ကၽြန္ေတာ္တို႔မိတ္ဖက္ျဖစ္ဖို႔ အဓိကစံသတ္မွတ္ခ်က္ေတြျဖစ္ပါတယ္” ဟု ဘိုးအင္းကာကြယ္ ေရးကုမၸဏီ၊ အိႏိၵယ႐ံုးခြဲ စီမံခန္႔ခြဲမႈဆိုင္ရာၫႊန္ၾကားေရးမွဴးဆူရန္ဒါ အာဟူဂ်ာကေျပာသည္။

အိႏၵိယအပါအ၀င္ ႏိုင္ငံ ၁၇ ႏိုင္ငံက Apache ရဟတ္ယာဥ္မ်ား၀ယ္ယူထားၿပီး အဆင့္အျမင့္ဆံုးမ်ိဳးကြဲ AH-64E Apache သည္ အေမရိကန္ႏွင့္အျခားႏိုင္ငံမ်ားက ပ်ံသန္းအသံုးျပဳေနၾကသည္။

ကမာၻတ၀န္းမွကာကြယ္ေရးတပ္ဖြဲ႔ ၂၀ က Chinooks မ်ားကို ၀ယ္ယူထားၾကသည္။

ထိုရဟတ္ယာဥ္သည္ ႏွစ္ ၅၀ ေက်ာ္ၾကာသည္အထိ ကမာၻ႔စိတ္အခ်ရဆံုးႏွင့္ အက်ိဳးအ႐ွိဆံုးရဟတ္ယာဥ္ျဖစ္ၿပီး ပူျပင္းျမင့္မားၿပီး ေလေထာင့္ျဖတ္တိုက္ခတ္သည့္အေျခအေနမ်ားတြင္ ပ်ံသန္းႏိုင္ေၾကာင္း အိႏိၵယေလတပ္ထုတ္ ျပန္ခ်က္တြင္ပါ၀င္သည္။

၂၀၁၅ ခုႏွစ္၊ စက္တင္ဘာတြင္ AH-64E Apache ၂၂ စင္းႏွင့္ CH-47F(I) Chinook ၁၅ စင္း ထုတ္လုပ္၊ ေလ့ က်င့္ႏွင့္ အေထာက္အပံ့မ်ားေပးရန္ အိႏၵိယကာကြယ္ေရး၀န္ႀကီးဌာနႏွင့္ ဘိုးအင္းကုမၸဏီတို႔စာခ်ဳပ္အၿပီးသတ္ ခ်ဳပ္ဆိုခဲ့သည္။

REF : Boeing completes helicopter deliveries to Indian Air Force

#PeopleMedia

(unicode)
အိန္ဒိယလေတပ်ထံ အသစ်စက်စက် စစ်ဘက်သုံးရဟတ်ယာဉ်များ အား လုံး ဘိုးအင်းပို့ဆောင်ပေး
……………………………………………

နယူးဒေလီ၊ ဇူလိုင် ၁၀

AH-64E Apache နှင့် CH-47F(I) Chinook အသစ်စက်စက်ရဟတ်ယာဉ်များကို အိန္ဒိယလေတပ်ထံ ဘိုးအင်း ကုမ္ပဏီ၏ပို့ဆောင်ပေးမှုပြီးဆုံးပြီဖြစ်သည်။ AH-64E Apache တိုက်ခိုက်ရေးရဟတ်ယာဉ် ၂၂ စင်းမှ နောက်ဆုံး ၅ စင်းကို ဟင်ဒန်တွင်ရှိသည့် အိန္ဒိယလေတပ်အခြေစိုက်စခန်းသို့ပို့ဆောင်ပေးခဲ့ပြီး မတ်လဆန်းတွင် CH-47F(I) Chinook ရဟတ်ယာဉ် ၁၅ စင်းမှ နောက်ဆုံး ၅ စင်းကိုလွှဲပြောင်းပေးခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက် တွင်ပါဝင်သည်။

“စားသုံးသူဗဟိုပြုတာနဲ့ အိန္ဒိယကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးအသင့်ဖြစ်မှုနဲ့ ခေတ်မီဖို့ကတိကဝတ် တွေဟာ အိန္ဒိယနဲ့ ကျွန်တော်တို့မိတ်ဖက်ဖြစ်ဖို့ အဓိကစံသတ်မှတ်ချက်တွေဖြစ်ပါတယ်” ဟု ဘိုးအင်းကာကွယ် ရေးကုမ္ပဏီ၊ အိန္ဒိယရုံးခွဲ စီမံခန့်ခွဲမှုဆိုင်ရာညွှန်ကြားရေးမှူးဆူရန်ဒါ အာဟူဂျာကပြောသည်။

အိန္ဒိယအပါအဝင် နိုင်ငံ ၁၇ နိုင်ငံက Apache ရဟတ်ယာဉ်များဝယ်ယူထားပြီး အဆင့်အမြင့်ဆုံးမျိုးကွဲ AH-64E Apache သည် အမေရိကန်နှင့်အခြားနိုင်ငံများက ပျံသန်းအသုံးပြုနေကြသည်။

ကမ္ဘာတဝန်းမှကာကွယ်ရေးတပ်ဖွဲ့ ၂၀ က Chinooks များကို ဝယ်ယူထားကြသည်။

ထိုရဟတ်ယာဉ်သည် နှစ် ၅၀ ကျော်ကြာသည်အထိ ကမ္ဘာ့စိတ်အချရဆုံးနှင့် အကျိုးအရှိဆုံးရဟတ်ယာဉ်ဖြစ်ပြီး ပူပြင်းမြင့်မားပြီး လေထောင့်ဖြတ်တိုက်ခတ်သည့်အခြေအနေများတွင် ပျံသန်းနိုင်ကြောင်း အိန္ဒိယလေတပ်ထုတ် ပြန်ချက်တွင်ပါဝင်သည်။

၂၀၁၅ ခုနှစ်၊ စက်တင်ဘာတွင် AH-64E Apache ၂၂ စင်းနှင့် CH-47F(I) Chinook ၁၅ စင်း ထုတ်လုပ်၊ လေ့ ကျင့်နှင့် အထောက်အပံ့များပေးရန် အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနနှင့် ဘိုးအင်းကုမ္ပဏီတို့စာချုပ်အပြီးသတ် ချုပ်ဆိုခဲ့သည်။

REF : Boeing completes helicopter deliveries to Indian Air Force

#PeopleMedia


Share this post