• Follow Us on

Home အိႏိၵယႏိုင္ငံကို အလံုပိတ္ရန္ ဆံုးျဖတ္လိုက္သျဖင့္ လူသန္း ၇၅၀ ေက်ာ္ ထိခိုက္ႏိုင္ေခ်႐ွိေန

အိႏိၵယႏိုင္ငံကို အလံုပိတ္ရန္ ဆံုးျဖတ္လိုက္သျဖင့္ လူသန္း ၇၅၀ ေက်ာ္ ထိခိုက္ႏိုင္ေခ်႐ွိေန

Share this post

နယူးေဒလီ၊ မတ္ ၂၃

အိႏၵိယႏိုင္ငံတြင္း ကို႐ိုနာဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈရပ္တန္႔ရန္ အားထုတ္မႈမ်ား ျပင္းထန္လာခ်ိန္တြင္ ယခုလကုန္အထိ ႏိုင္ငံကိုအလံုပိတ္လိုက္သည္။

ၿမိဳ႕ေတာ္နယူးေဒလီ၊ မြမ္ဘိုင္း၊ ဘန္ဂေလာ၊ ခ်င္းႏိုင္၊ ဟိုက္ဒရာဘတ္ႏွင့္ ကာလကတၱားကဲ့သို႔ေသာ အဓိက ၿမိဳ႕ႀကီးမ်ားအပါအ၀င္ ႏိုင္ငံတ၀ွမ္းခ႐ိုင္ ၇၅ ခုမွေဒသခံမ်ားကို မတ္ ၃၁ ရက္အထိ ခရီးထြက္ခြင့္၊ အလုပ္လုပ္ ခြင့္ႏွင့္ လႈပ္႐ွားသြားလာမႈကန္႔သတ္လိုက္သည္။

၂၀၁၁ ခုႏွစ္၊ အိႏိၵယသန္းေခါင္စာရင္းအရ ကန္႔သတ္မႈသစ္မ်ားေၾကာင့္ လူသန္း ၇၅၀ ေက်ာ္ ဆိုးက်ိဳးခံစားရႏိုင္ သည္။

၂၀၁၁ ခုႏွစ္မွစာရင္းျဖစ္သည့္အတြက္ ေျမျပင္တြင္ထိခိုက္သူဦးေရပိုမ်ားႏိုင္ေခ်႐ွိသည္။

နယူးေဒလီၿမိဳ႕ေတာ္ဧရိယာတြင္ လူ ၁၆ သန္းေက်ာ္ကို အိမ္ထဲမွာေနရန္ၫႊန္ၾကားထားၿပီး ရထားႏွင့္ လန္ခ်ား မ်ားအပါအ၀င္ အမ်ားျပည္သူပို႔ေဆာင္ေရးလုပ္ငန္းမ်ားကိုရပ္ဆိုင္းထားသည့္အျပင္ ဆိုင္မ်ား၊ စက္႐ံုမ်ား၊ ၀တ္ျပဳရာေနရာမ်ားႏွင့္ ႐ံုးမ်ားအားလံုးကိုလည္းပိတ္ထားသည္။

သန္းေခါင္စာရင္းအခ်က္အလက္အရ မြမ္ဘိုင္းၿမိဳ႕တြင္ လူ ၁၂ သန္းေက်ာ္ထိခိုက္ႏိုင္ၿပီး ဘန္ဂေလာတြင္ လူ ၉ သန္းထိခိုက္ႏိုင္ေၾကာင္းသိရသည္။ အိႏၵိယတြင္ ယေန႔မနက္ပိုင္းအထိ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၄၁၅ ေယာက္႐ွိၿပီး ၇ ေယာက္ေသဆံုးခဲ့ၿပီျဖစ္သည္။

Ref : India lockdowns affect more than 750 million people

#PeopleMedia #IndiaLockdown #CoronaVirus

(Unicode)
အိန္ဒိယနိုင်ငံကို အလုံပိတ်ရန် ဆုံးဖြတ်လိုက်သဖြင့် လူသန်း ၇၅၀ ကျော် ထိခိုက်နိုင်ချေရှိနေ
…………………………………………………………

နယူးဒေလီ၊ မတ် ၂၃

အိန္ဒိယနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုရပ်တန့်ရန် အားထုတ်မှုများ ပြင်းထန်လာချိန်တွင် ယခုလကုန်အထိ နိုင်ငံကိုအလုံပိတ်လိုက်သည်။

မြို့တော်နယူးဒေလီ၊ မွမ်ဘိုင်း၊ ဘန်ဂလော၊ ချင်းနိုင်၊ ဟိုက်ဒရာဘတ်နှင့် ကာလကတ္တားကဲ့သို့သော အဓိက မြို့ကြီးများအပါအဝင် နိုင်ငံတဝှမ်းခရိုင် ၇၅ ခုမှဒေသခံများကို မတ် ၃၁ ရက်အထိ ခရီးထွက်ခွင့်၊ အလုပ်လုပ် ခွင့်နှင့် လှုပ်ရှားသွားလာမှုကန့်သတ်လိုက်သည်။

၂၀၁၁ ခုနှစ်၊ အိန္ဒိယသန်းခေါင်စာရင်းအရ ကန့်သတ်မှုသစ်များကြောင့် လူသန်း ၇၅၀ ကျော် ဆိုးကျိုးခံစားရနိုင် သည်။

၂၀၁၁ ခုနှစ်မှစာရင်းဖြစ်သည့်အတွက် မြေပြင်တွင်ထိခိုက်သူဦးရေပိုများနိုင်ချေရှိသည်။

နယူးဒေလီမြို့တော်ဧရိယာတွင် လူ ၁၆ သန်းကျော်ကို အိမ်ထဲမှာနေရန်ညွှန်ကြားထားပြီး ရထားနှင့် လန်ချား များအပါအဝင် အများပြည်သူပို့ဆောင်ရေးလုပ်ငန်းများကိုရပ်ဆိုင်းထားသည့်အပြင် ဆိုင်များ၊ စက်ရုံများ၊ ဝတ်ပြုရာနေရာများနှင့် ရုံးများအားလုံးကိုလည်းပိတ်ထားသည်။

သန်းခေါင်စာရင်းအချက်အလက်အရ မွမ်ဘိုင်းမြို့တွင် လူ ၁၂ သန်းကျော်ထိခိုက်နိုင်ပြီး ဘန်ဂလောတွင် လူ ၉ သန်းထိခိုက်နိုင်ကြောင်းသိရသည်။ အိန္ဒိယတွင် ယနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၁၅ ယောက်ရှိပြီး ၇ ယောက်သေဆုံးခဲ့ပြီဖြစ်သည်။

Ref : India lockdowns affect more than 750 million people

#PeopleMedia #IndiaLockdown #CoronaVirus


Share this post