• Follow Us on

Home အိန္ဒိယနိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို Covid-19 နှင့်ပတ်သက်၍ အန္တရာယ်ရှိသောနိုင်ငံအဖြစ်သတ်မှတ်

အိန္ဒိယနိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို Covid-19 နှင့်ပတ်သက်၍ အန္တရာယ်ရှိသောနိုင်ငံအဖြစ်သတ်မှတ်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၃၀ (People Media)

 

Covid-19 မူကွဲရောဂါနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများမြင့်တက်လာပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အန္တရာယ် ရှိသောနိုင်ငံအဖြစ် အိန္ဒိယနိုင်ငံကစာရင်းသွင်းလိုက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက အိန္ဒိယနိုင်ငံသို့ ထွက်ခွာလာသော ခရီးသည်များကို ကိုယ့်စရိတ်ကိုယ်စိုက်၍ RT-PCR စမ်းသပ်မှုများဆောင်ရွက်ခြင်းအပါအဝင် ထပ်မံစမ်းသပ်စစ် ဆေးမှုများပြုလုပ်သွားရန် ညွှန်ကြားထားသည်။

 

အိန္ဒိယနိုင်ငံက သတ်မှတ်စာရင်းပြုစုထားသောနိုင်ငံများမှာ ဗြိတိန်၊ တောင်အာဖရိက၊ ဘရာဇီး၊ ဘော့စ်ဝါနာ၊ တရုတ်၊ မဲရစ်ရှက်စ်၊ နယူးဇီလန်၊ ဇင်ဘာဘွေ၊ စင်္ကာပူ၊ ဟောင်ကောင်နှင့် အစ္စရေးတို့အပါအဝင် ဥရောပါနိုင်ငံ များဖြစ်သည်။

 

နိုင်ငံတကာမှရောက်ရှိလာသောခရီးသည်များအတွက် အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြန်လည်ပြင်ဆင်ပြီး ထုတ်ပြန်ထားသောလမ်းညွှန်ချက်အရ အထက်ပါအန္တရာယ်ရှိသောနိုင်ငံများမှရောက်ရှိလာသောခရီးသည်များ အနေဖြင့် RT-PCR စမ်းသပ်စစ်ဆေးမှုများပြုလုပ်ရမည်ဖြစ်သည်။ စမ်းသပ်စစ်ဆေးမှုတွင် negative အဖြေ ထွက်ပါက ကွာရန်တီးဝင်ရမည်ဖြစ်ပြီး စမ်းသပ်စစ်ဆေးမှုတွင် positive အဖြေထွက်ပါက တစ်ဦးချင်းစီ တင်း ကျပ်စွာသီးသန့်ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

 

အိန္ဒိယနိုင်ငံသို့ရောက်ရှိလာသောခရီးသည်များသည် ၎င်းတို့ကိုယ်ပိုင်ကုန်ကျစရိတ်ဖြင့် Covid-19 စစ်ဆေးမှု နမူနာများကို တင်ပြရမည်ဖြစ်ပြီး လေဆိပ်မှမထွက်ခွာမီ သို့မဟုတ် အခြားလေယာဉ်တစ်စင်းသို့ တက်ရောက် ခြင်းမပြုမီ လေဆိပ်တွင် စမ်းသပ်စစ်ဆေးမှုအဖြေများရရှိသည်အထိ ခရီးသည်များအနေဖြင့် စောင့်ဆိုင်းနေရ မည်ဖြစ်သည်။

 

စမ်းသပ်စစ်ဆေးမှုအဖြေ negative ထွက်သည်ဆိုပါက မိမိအိမ်တွင် ကွာရန်တီး ၇ ရက်ဝင်ရမည်ဖြစ်ပြီး အိန္ဒိယ နိုင်ငံသို့ရောက်ရှိပြီး ၈ ရက်မြောက်နေ့တွင် Covid-19 ရောဂါပိုးရှိမရှိ ပြန်လည်စစ်ဆေးရမည်ဖြစ်သည်။ ယင်းသို့ စစ်ဆေးခံပြီး negative ထွက်ပါကလည်း အဆိုပါခရီးသည်များသည် နောက်ထပ် ၇ ရက် ထပ်မံစောင့်ကြည့်ခံရ ဦးမည်ဖြစ်သည်။

 

သို့သော် စစ်ဆေးခံရသောခရီးသည်များသည် positive အဖြေထွက်ပါက Omicron မူကွဲအဖြစ် အတည်ပြုနိုင် ရန်အတွက် ၎င်းတို့၏စစ်ဆေးချက်နမူနာများကို မျိုးရိုးဗီဇစ်စစ်ဆေးရန် အိန္ဒိယနိုင်ငံ၏ ပူးပေါင်းဓာတ်ခွဲခန်းကွန် ရက်သို့ ပေးပို့သွားမည်ဖြစ်သည်။ ဓာတ်ခွဲခန်းကွန်ရက်တွင် နမူနာများကို သီးသန့်ထားရှိသွားမည်ဖြစ်ပြီး ရောဂါ ကူးစက်မှုခြေရာခံခြင်းအပါအဝင် လုပ်ထုံးလုပ်နည်းများအတိုင်း သီးသန့် ကုသသွားမည်ဖြစ်သည်။

 

ရေကြောင်းနှင့် မော်တော်ယာဉ်များဖြင့် ရောက်ရှိလာသော နိုင်ငံတကာခရီးသည်များသည်လည်း အထက်ပါ အ တိုင်း စစ်ဆေးခံရမည်ဖြစ်ပြီး ရောဂါကင်းရှင်းကြောင်း အိန္ဒိယအာဏာပိုင်များကို တင်ပြရမည်ဖြစ်သည်။

 

ငါးနှစ်အောက်ကလေးငယ်များကို ခရီးဆိုက်ရောက်အကြိုစစ်ဆေးခြင်းနှင့် ခရီးဆိုက်ရောက်အလွန်စစ်ဆေးခြင်း နှစ်မျိုးစလုံးမှ ကင်းလွတ်ခွင့်ပေးထားသည်။ သို့သော် ခရီးစဉ်ဆိုက်ရောက်ရာတွင်လည်းကောင်း အိမ်တွင်းကွာ ရန်တီးဝင်နေစဉ်လည်းကောင်း Covid-19 ရောဂါကူးစက်ခံထားရကြောင်း တွေ့ရှိရပါက အဆိုပါကလေးငယ် များအနေဖြင့် ရောဂါကူးစက်ခံထားရသူတစ်ဦးချင်းစီအတွက် သတ်မှတ်ထားသည့်အတိုင်း စစ်ဆေးကုသမှု ခံယူ သွားရမည်ဖြစ်သည်။

 

Ref: Omicron: India adds Bangladesh to list of ‘at risk’ countries

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: Omicron: India adds Bangladesh to list of ‘at risk’ countries

 

#PeopleMedia


Share this post