• Follow Us on

Home အိန္ဒိယနိုင်ငံက ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်များ ပန်ဂျပ်ပြည်နယ်တွင် တပ် ဖြန့်ချထား

အိန္ဒိယနိုင်ငံက ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်များ ပန်ဂျပ်ပြည်နယ်တွင် တပ် ဖြန့်ချထား

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၁ (People Media)

 

တောင်အာရှဒေသလေကြောင်းပိုင်နက်အတွင်း စိုးရိမ်ပူပန်မှုများမြင့်တက်လာသည်ကို တုံ့ပြန်သည့်အနေဖြင့် အိန္ဒိယလေတပ်က အိန္ဒိယနိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ်တွင် ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်များကို တပ်ဖြန့်ချထားလိုက်သည်။

 

“ပထမဦးဆုံး လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တပ်ရင်းကို ပန်ဂျပ်ပြည်နယ်မှာ တပ်ဖြန့်ချထားနေပါပြီ။ ပထ မအသုတ်ချထားတဲ့ ဒီဒုံးကျည်တွေဟာ ပါကစ္စတန်နဲ့ တရုတ်နိုင်ငံက လေကြောင်းရန်ခြိမ်းခြောက်မှုတွေကို စောင့်ကြည့် တုံ့ပြန်နိုင်စွမ်းရှိပါတယ်” ဟု အစိုးရသတင်းရင်းမြစ်များကပြောသည်။

 

တရုတ်နိုင်ငံက ပေကျင်းမြို့တော်တွင်ထားရှိသော တာဝေးဗုံးကြဲလေယာဉ်များကို လွန်ခဲသည့်လက တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ အနောက်ဘက်စစ်နယ်ဝန်းဒေသသို့ ရွှေ့ပြောင်းခဲ့သည်။ ယင်းဒေသမှာ အိန္ဒိယနိုင်ငံအားတိုက်ခိုက်ရန် လက်လှမ်းမီသော ဒေသဖြစ်သည်။

 

ထိုစဉ်က အိန္ဒိယနိုင်ငံက Mig-29UPG တိုက်လေယာဉ်များ၊ Su-30MKI တိုက်လေယာဉ်များကို တရုတ်နယ်စပ် အနီးရှိ လေတပ်အခြေစိုက်စခန်းများသို့ စေလွှတ်ခဲ့သော်လည်း S-400 လေကြောင်းရန် ကာကွယ်ရေးဒုံးကျည် များတပ်ဖြန့်ချထားခြင်းက ရေရှည်ကာကွယ်ရေးအတွက်အစီအစဉ်ကောင်းတစ်ရပ်ဖြစ်နိုင်သည်။

 

အငြင်းပွားမှုများရှိနေသည့်ကြားမှ ရုရှားနိုင်ငံက အိန္ဒိယနိုင်ငံကို S-400 လေကြောင်းရန်ကာကွယ်ရေးဒုံး ကျည် များ ရောင်းချပေးခဲ့ခြင်းဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် ကျင်းပခဲ့သည့် BRICS (ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက) အပြီးတွင် S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များ ဝယ်ယူခဲ့ခြင်းဖြစ်သည်။

 

ရုရှားထုတ်လက်နက်များဝယ်ယူပါက အမေရိကန်က စီးပွားရေးပိတ်ဆို့မည်ဟု ခြိမ်းခြောက်နေသည့်ကြားမှ S-400 ဒုံးကျည် ငါးစုံကို ပထမဦးဆုံးစတင်ဝယ်ယူခဲ့ခြင်းဖြစ်သည်။

 

အိန္ဒိယအစိုးရက တရုတ်ကျူးကျော်ရန်စမှုကို ကာကွယ်ရန်အတွက် ယင်းလေကြောင်းရန်ကာကွယ်ရေးဒုံးကျည် များကို ဝယ်ယူခဲ့ခြင်းဖြစ်သော်လည်း တိုင်ပေကို ခြိမ်းခြောက်နေသည့် တရုတ်အစိုးရကိုလည်း ရုရုအစိုးရက အ ဆိုပါ S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များ ရောင်းချခဲ့သည်။

 

တရုတ်နိုင်ငံက S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များကို ရုရှားထံမှ ၂၀၁၅ ခုနှစ်တွင် ဝယ်ယူခဲ့ပြီး ရုရှားနိုင်ငံက ၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံသို့ စတင်ပို့ဆောင်ခဲ့သည်။ ထိုနှစ်အတွင်းမှာပင် တရုတ်နိုင်ငံက ယင်းဒုံးကျည်များကို ထိုင်ဝမ်ရေလက်ကြားသို့ စမ်းသပ်ပစ်လွှတ်ခဲ့သည်။

 

S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်သည် ကီလိုမီတာ ၂၄၀ ကျော်ဝေးကွာသော ပစ်မှတ်များကို ပစ်ချ နိုင်သည်ဟု တရုတ်နိုင်ငံကပြောကြောင်း စစ်ရေးဆန်းစစ်လေ့လာသူ ဒေးဗစ်အိက်စ်က ပြောသည်။

 

ထိုင်ဝမ်သည် တရုတ်နိုင်ငံနှင့် အဝေးဆုံး ၂၂၅ ကီလိုမီတာသာရှိသည်ကို တွက်ချက်ကြည့်ပါက တရုတ်နိုင်ငံ တွင် တပ်ဖြန့်ချထားသော S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များသည် ထိုင်ဝမ်လေယာဉ်များ လေယာဉ်  ကွင်းမှစတက်ကတည်းက ပစ်ချနိုင်သည်ကို သတိမူသင့်ကြောင်း ဒေးဗစ်အိက်စ်က ပြောသည်။

 

Ref: India deploys Russian-made S-400 missile defense system to guard against China

 

#PeopleMedia

 

(unicode)


………………………………………………………….

 


 


 


 


 


 


 


 


 


 


 


 

Ref: India deploys Russian-made S-400 missile defense system to guard against China

 

#PeopleMedia


Share this post