• Follow Us on

Home အိန္ဒိယနိုင်ငံ၏ ၂၀၂၂ ခုနှစ် ဘတ်ဂျက်တွင် မြန်မာ၊ အာဖဂန်နစ္စတန်နိုင်ငံတို့အတွက် ကူညီရန် ဘတ်ဂျက်ထည့် သွင်းခွဲဝေ

အိန္ဒိယနိုင်ငံ၏ ၂၀၂၂ ခုနှစ် ဘတ်ဂျက်တွင် မြန်မာ၊ အာဖဂန်နစ္စတန်နိုင်ငံတို့အတွက် ကူညီရန် ဘတ်ဂျက်ထည့် သွင်းခွဲဝေ

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၅ (People Media)

 

အိန္ဒိယနိုင်ငံသည် ၂၀၂၂ ခု ဘဏ္ဍာရေးနှစ် နိုင်ငံတော်ဘတ်ဂျက်ကိုအတည်ပြုပြီးနောက်  မြန်မာနိုင်ငံ၊ အာဖဂန်  နစ္စတန်နိုင်ငံအပါအဝင် အခြားပြည်ပနိုင်ငံများကို ကူညီရန်အတွက် အိန္ဒိယရူပီးငွေ ၁၇,၂၅၀ ကုဋေ သုံးစွဲသွား ရန် ဘတ်ဂျက်သတ်မှတ်ခဲ့ကြောင်းသိရသည်။

 

အိန္ဒိယနိုင်ငံက တာလီဘန်အစိုးရသစ်ကို အသိအမှတ်မပြုသေးသော်လည်း စစ်ဘေးဒဏ်ခံခဲ့ရသည့် အာဖဂန် နစ္စတန်နိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးရန်အတွက် ရူပီးငွေ ကုဋေ ၂၀၀ (ဒေါ်လာ ၂၆.၇ သန်း) သုံးစွဲသွားမည်ဖြစ်သည်။

 

သို့သော် ယင်းပမာဏမှာ အာဖဂန်နစ္စတန်တွင် ဒီမိုကရေစီအစိုးရအုပ်ချုပ်နေသောကာလဖြစ်သည့် ၂၀၂၁-၂၂ ဘဏ္ဍာနှစ်တွင် ကူညီခဲ့သော ရူပီးငွေ ကုဋေ ၃၅၀ နှင့် နှိုင်းယှဉ်ပါက ၄၃% လျော့ကျသွားခြင်းဖြစ်သည်။

 

လွန်ခဲ့သည့်နှစ်က စစ်အာဏာသိမ်းခဲ့သည့် မြန်မာနိုင်ငံအတွက် ယခင်နှစ်ကအတိုင်း ရူပီးငွေ ကုဋေ ၆၀၀ ကူညီ သွားမည်ဖြစ်ကြောင်းသိရပြီး တရုတ်နိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသော အိမ်နီးချင်းဘူတန်နိုင်ငံအား ရူပီးငွေကု ဋေ ၂,၂၆၆ ကူညီသွားမည်ဖြစ်သည်။ ၎င်းအပြင် နိုင်ငံတကာသင်တန်းအစီအစဉ်များအတွက် ရူပီးငွေ ၄၄၇ ကုဋေကို ခွဲဝေသတ်မှတ်ထားကြောင်းသိရသည်။

 

အိန္ဒိယနိုင်ငံသည် ၎င်းတို့၏ “အိမ်နီးချင်း ပထမဦးစားပေး” မူဝါဒအရ ၎င်းတို့နှင့် ရင်းနှီးသောနိုင်ငံများကို ဖွံ့ဖြိုး ရေးအကူအညီများထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။ သို့သော် လတ်တလောကာလ တရုတ်နိုင်ငံနှင့် ဆက်ဆံ ရေးတင်းမာမှုများဖြစ်ပေါ်နေသဖြင့် အဆိုပါအကူအညီများမှာ ဒေသတွင်း တရုတ်သြဇာလွှမ်းမိုးမှုကို တုံ့ပြန်သည့် အနေဖြင့် ဆောင်ရွက်ခဲ့သည့်အစိတ်အပိုင်းတစ်ခုအဖြစ်လည်း ရှုမြင်နေကြသည်။

 

မြန်မာနိုင်ငံအတွက် ကူညီခြင်းမှာ ဆွေးနွေးရမည့်ကိစ္စများတွင် သာဓကတစ်ခုဖြစ်သည်။ အိန္ဒိယအစိုးရသည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ ပြည်နယ်များနှင့် နယ်နိမိတ်ချင်းထိစပ်နေသော မြန်မာနိုင်ငံမှ စစ်အစိုးရနှင့် ဆက်ဆံရေးတိုးမြှင့်ရန် ကြိုးပမ်းအားထုတ်ခဲ့သည်။

 

Ref: What’s in India’s 2022 budget for Afghanistan and Myanmar?

 

#PeopleMedia

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 


 

Ref: What’s in India’s 2022 budget for Afghanistan and Myanmar?

 

#PeopleMedia


Share this post