• Follow Us on
Latest News

Home အိန္ဒိယနှင့် လာအိုအပါအဝင် နိုင်ငံ ၆ နိုင်ငံနှင့် ရုရှားနိုင်ငံတို့ ယခုနှစ်အတွင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်မည်

အိန္ဒိယနှင့် လာအိုအပါအဝင် နိုင်ငံ ၆ နိုင်ငံနှင့် ရုရှားနိုင်ငံတို့ ယခုနှစ်အတွင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်မည်

Share this post

မော်စကို၊ ဇန်နဝါရီ ၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ရုရှားနိုင်ငံ၏မြေပြင်တပ်ဖွဲ့များသည် ယခုနှစ်အတွင်း နိုင်ငံတကာစစ်ရေးလေ့ကျင့်မှု ၉ ခုပြုလုပ်မည်ဖြစ်ပြီး ၈ ခုသည် ရုရှားနိုင်ငံတွင်ပြုလုပ်မည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

နိုင်ငံတကာကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတစိတ်တပိုင်းအနေနှင့် စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခြင်း ဖြစ်သည်။

ရုရှားတွင် ရုရှား-အယ်ဂျီးရီးယား၊ Indra-2021 ရုရှား-အိန္ဒိယ၊ Friendship-2021 ရုရှား-ပါကစ္စတန်၊ Laros-2021 ရုရှား-လာအို၊ ရုရှား-ဗီယက်နမ်တင့်လေ့ကျင့်မှုနှင့် ရုရှား-သီရိလင်္ကာအကြမ်းဖက်နှိမ်နှင်းရေးလေ့ကျင့်မှု စသည်ဖြင့် ၂ နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှု ၆ ခုလည်းပြုလုပ်မည်ဖြစ်သည်။

ထို့အပြင် Peace Mission 2020 ပူးပေါင်းအကြမ်းဖက်နှိမ်နှင်းရေးလေ့ကျင့်မှု၊ Unbreakable Brotherhood 2021 တို့လည်း ရုရှားတွင်ပြုလုပ်မည်ဖြစ်သည်။

Selenga 2021 ရုရှား-မွန်ဂိုလီးယားစစ်ရေးလေ့ကျင့်မှုလည်းပြုလုပ်မည်ဟု ဝန်ကြီးဌာနကဖြည့်စွက်သည်။

လေ့ကျင့်မှုအားလုံးသည် ငြိမ်းချမ်းရေးထိန်းသိမ်းမှုနှင့်အကြမ်းဖက်ဆန့်ကျင်ရေးကြိုးစားမှုများအတွက် ရည် ရွယ်ကြောင်းလည်း အလေးအနက်ရှင်းပြသည်။

Ref : Russia’s Ground Forces to take part in nine international exercises in 2021

#PeopleMedia

(unicode)
…………………………………………………..








Ref : Russia’s Ground Forces to take part in nine international exercises in 2021

#PeopleMedia


Share this post