• Follow Us on

Home အိန္ဒိယနှင့် သီရိလင်္ကာ ၁၂ ရက်ကြာ တန်ပြန်အကြမ်းဖက်မှုတိုက်ဖျက်ရေးပူးတွဲစစ်ရေးလေ့ကျင့်မှု စတင် ဆောင်ရွက်

အိန္ဒိယနှင့် သီရိလင်္ကာ ၁၂ ရက်ကြာ တန်ပြန်အကြမ်းဖက်မှုတိုက်ဖျက်ရေးပူးတွဲစစ်ရေးလေ့ကျင့်မှု စတင် ဆောင်ရွက်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၄ (People Media)

 

သီရိလင်္ကာနိုင်ငံ အရှေ့ဘက်၊ အမ်ပါရာခရိုင်ရှိ တိုက်ခိုက်ရေးသင်တန်းကျောင်းတွင် အကြမ်းဖက်မှုတန်ပြန် တိုက်ခိုက်ရေးကို အဓိကအာရုံစိုက်မြှင့်တင်သည့် ၁၂ ရက်ကြာ စစ်ရေးလေ့ကျင့်မှုအား အိန္ဒိယနှင့် သီရိလင်္ကာ နှစ်နိုင်ငံပူးပေါင်း၍ စတင်ဖွင့်လှစ်လိုက်သည်။

 

အောက်တိုဘာလ ၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပမည့် ရှစ်ကြိမ်မြောက် “မီထရာရှပ်ခ်တီ” စစ်ရေးလေ့ ကျင့်မှုတွင် အိန္ဒိယတပ်မတော်မှ ဗိုလ်မှူးကြီး ပရာကက်ရှ်ကူးမားခေါင်းဆောင်သော အရာရှိ/စစ်သည် ၁၂၀ ပါဝင်လေ့ကျင့်မည်ဖြစ်ကြောင်း သီရိလင်္ကာတပ်မတော်ကပြောသည်။

 

အကြမ်းဖက်ဝါဒအသွင်ကူးပြောင်းချိန်ကာလအဆင့်ကို နားလည်သဘောပေါက်မှု၊ သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်နိုင်သည့်ကျွမ်းကျင်မှုများ၊  နည်းဗျူဟာစစ်ဆင်ရေးများပူးတွဲဆောင်ရွက်မှု၊ တပ်ဖွဲ့တစ်ဖွဲ့ချင်း စီအလိုက် အကောင်းဆုံး လေ့ကျင့်မှုများနှင့် အတွေ့အကြုံများ အပြန်အလှန်မျှဝေမှုများကို တိုးမြှင့်ဆောင်ရွက် သွားရန်အတွက် ယခုပူးတွဲစစ်ရေးလေ့ကျင့်မှုကို အစီအစဉ်ချမှတ်ရေးဆွဲထားခဲ့ခြင်းဖြစ်ကြောင်း သီရိလင်္ကာ တပ်မတော်ကပြောသည်။

 

တိုက်ခိုက်ရေးသင်တန်းကျောင်းတွင် ကျင်းပမည့် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်လေ့ကျင့်ကြမည့် အိန္ဒိယတပ်ဖွဲ့ ဝင်များသည် အောက်တိုဘာလ ၂ ရက်နေ့က အိန္ဒိယလေတပ်ပိုင် လေယာဉ်ဖြင့် ရောက်ရှိလာခဲ့သည်။

 

နှစ်နိုင်ငံစစ်ရေးပူးပေါင်းဆောင်ရွက်မှု၊ နှစ်နိုင်ငံတပ်မတော်အချင်းချင်းနားလည်မှုနှင့် နှစ်နိုင်ငံတပ်မတော်များ ကြားအိမ်နီးချင်းနိုင်ငံဆက်ဆံရေးနှောင်ကြိုးများကို မြှင့်တင်ပေးသည့် နှစ်စဉ်ကျင်းပမြဲုဖြစ်သော အဆိုပါစစ်ရေး လေ့ကျင့်မှုသည် အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့တွင် တစ်လှည့်စီ ကျင်းပလေ့ရှိကြောင်း သီရိလင်္ကာ တပ်မ တော်ကပြောသည်။

 

“စစ်ရေးလေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်ကတော့ တန်ပြန်သောင်းကျန်းသူချေမှုန်းရေးနဲ့ တန်ပြန်အကြမ်းဖက်မှုတိုက် ဖျက်ရေးကဏ္ဍတွေမှာ နှစ်နိုင်ငံတပ်မတော်များကြား ဆက်ဆံရေးမြှင့်တင်ဖို့၊ သတင်း အချက်အလက်တွေ အ ပြန်အလှန်ဖလှယ်နိုင်တဲ့ ကျွမ်းကျင်မှုတွေကို မြှင့်တင်ဖို့နဲ့ အကောင်းဆုံးအတွေ့အကြုံ တွေကို ပြန်လည်မျှဝေ နိုင်ဖို့ ဖြစ်ပါတယ်။” ဟု လွန်ခဲ့သည့်သီတင်းပတ်က အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနကပြောသည်။

 

သီရိလင်္ကာနိုင်ငံတွင် ၂၀၁၉ ခုနှစ် ဧပြီလအတွင်းက ဗုံးပေါက်ကွဲမှုများဆက်တိုက်ဖြစ်ပွားခဲ့ပြီး လူဦးရေ ၃၀၀ ကျော်အထိသေဆုံးခဲ့သည်။ အဆိုပါ ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံသည် ၎င်းတို့၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ဆင်ရေးများကို တိုးမြှင့်ဆောင်ရွက်ခဲ့သည်။

 

ခုနစ်ကြိမ်မြောက် “မီထရာရှပ်ခ်တီ” စစ်ရေးလေ့ကျင့်မှုကို အိန္ဒိယနိုင်ငံ ပူနီမြို့ရှိ Foreign Training Node တွင် ၂၀၁၉ ခုနှစ်က ကျင်းပပြုလုပ်ခဲ့သည်။

 

Ref: India, Sri Lanka begin 12-day military exercise with focus on counter-terror cooperation

 

#PeopleMedia

 

(unicode)


……………………………………………………………………….

 


 


 


 


 


 


 


 


 


 

Ref: India, Sri Lanka begin 12-day military exercise with focus on counter-terror cooperation

 

#PeopleMedia


Share this post