• Follow Us on

Home အိန္ဒိယ-တရုတ် နယ်စပ်တစ်လျှောက် အိန္ဒိယဘက်မှ အဆင့်မြှင့်တင်ထားသော L-70 လေယာဉ်ပစ်စက် အမြောက်များ တပ်ဖြန့်ချထား

အိန္ဒိယ-တရုတ် နယ်စပ်တစ်လျှောက် အိန္ဒိယဘက်မှ အဆင့်မြှင့်တင်ထားသော L-70 လေယာဉ်ပစ်စက် အမြောက်များ တပ်ဖြန့်ချထား

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၃ (People Media)

 

အိန္ဒိယတပ်မတော်သည် အိန္ဒိယ-တရုတ် နယ်စပ်မျဉ်း Line of Actual Control (LAC) တစ်လျှောက် အဆင့် မြှင့်တင်ထားသော L-70 လေယာဉ်ပစ်စက်အမြောက်များကို တပ်ဖြန့်ချထားလိုက်ကြောင်းသိရသည်။

 

လွန်ခဲ့သည့်နှစ်က စတင်ဖြစ်ပွားခဲ့သည့် အရှေ့ဘက်လာဒက်ခ်ဒေသ ပြဿနာ လိပ်ခဲတည်းလည်းဖြစ်နေသည့် ကြားမှ အဆင့်မြှင့်တင်ထားသောစက်အမြောက်များကို ယခုကဲ့သို့ တပ်ဖြန့်ချထားခြင်းမှာ အိန္ဒိယနိုင်ငံက ၎င်းတို့ ၏ စစ်ဆင်ရေးအသင့်ဖြစ်မှုကို မြှင့်တင်လိုက်သည့်ကြိုးပမ်းမှုထဲမှ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။

 

ယင်းစက်အမြောက်မှာ ပစ်မှတ်ရှာဖွေရာတွင် အဆင့်မြှင့်တင်ထားသလို ပစ်မှတ်ကို အလိုအလျောက်ခြေရာခံနိုင် စွမ်းရှိကြောင်း၊ မည်သည့်ရာသီဥတုအခြေအနေမျိုးမှာမဆို မောင်းသူမဲ့လေယာဉ်များကိုလည်း ပစ်ချနိုင်ကြောင်း အိန္ဒိယကြည်းတပ် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်ကြီးဆရီယာအက်ဘာဆီက ပြောသည်။

 

L-70 လေယာဉ်ပစ်စက်အမြောက်ပစ်ခတ်ရာတွင် ပိုမိုတိကျစွာပစ်ခတ်နိုင်ရန် အမြောက်ပြောင်းတွင် velocity radar ကို တပ်ဆင်ထားသည်။ ယင်းအမြောက်ကို နည်းဗျူဟာနှင့် ပစ်ခတ်မှုကြီးကြပ်ရေးရေဒါများနှင့်လည်း ပေါင်းစပ်တွဲဖက်အသုံးပြုနိုင်သည်။

 

အိန္ဒိယတပ်မတော်သည် လေယာဉ်ပစ်စက်အမြောက်များအပြင် M-777 ဟောက်ဝစ်ဆာအမြောက်များနှင့် ဆွီ ဒင်နိုင်ငံထုတ် Bofors အမြောက်များကိုလည်း အိန္ဒိယ-တရုတ် နယ်စပ်တစ်လျှောက် တပ်ဖြန့်ချထားကြောင်းသိ ရသည်။

 

၁၉၅၀ ပြည့်နှစ်က မူရင်းဆွီဒင်နိုင်ငံထုတ်ဖြစ်သည့် Bofors အမြောက်များကို လာဒက်ခ်ဒေသတင်းမာမှုများမြင့် တက်လာပြီးနောက် အိန္ဒိယနိုင်ငံ Bharat Electronics Limited က ပြန်လည်ပြုပြင်မွမ်းမံခဲ့သည်။

 

Ref: India Deploys Upgraded L-70 Anti-Aircraft Guns on China Border

 

#PeopleMedia

 

(unicode)


………………………………………………………………………

 


 


 


 


 


 


 


 

Ref: India Deploys Upgraded L-70 Anti-Aircraft Guns on China Border

 

#PeopleMedia


Share this post