• Follow Us on

Home အိန္ဒိိယနိုင်ငံက ပြည်တွင်းဖျက်တင့်ဖျက်ဒုံးကျည်ကို ရဟတ်ယာဉ်ပေါ်မှ အောင်မြင်စွာစမ်းသပ်ပစ်ခတ်

အိန္ဒိိယနိုင်ငံက ပြည်တွင်းဖျက်တင့်ဖျက်ဒုံးကျည်ကို ရဟတ်ယာဉ်ပေါ်မှ အောင်မြင်စွာစမ်းသပ်ပစ်ခတ်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၆ (People Media)

 

အိန္ဒိယအစိုးရပိုင် ကာကွယ်ရေးသုတေသနနှင့် ဖွွံ့ဖြိုးတိုးတက်ရေးအဖွဲ့ DRDO (Defence Research and Development Organisation) နှင့် အိန္ဒိယလေတပ်တို့သည် ရဟတ်ယာဉ်ပေါ်မှာပစ်ခတ်ရသော တင့်ဖျက်ဒုံး ကျည် Stand-Off Anti-Tank (SANT) ကို အောင်မြင်စွာစမ်းသပ်ပစ်လွှတ်နိုင်ခဲ့သည်။

 

ယင်းဒုံးကျည်တွင် အလွန်အဆင့်မြင့်သော ပစ်မှတ်ရှာဖွေရေးကိရိယာတပ်ဆင်ထားပြီး ဒုံးကျည်ပစ်ခတ်ရာတွင်  ရဟတ်ယာဉ်ကို ဘေးကင်းလုံခြုံသည့်နေရာမှ ပစ်ခတ်နိုင်ရာ ၁၀ ကီလိုမီတာ (၆.၂၁ မိုင်) အကွာအဝေးမှ ပစ် ခတ်နိုင်ကြောင်းသိရသည်။

 

စမ်းသပ်ပစ်ခတ်မှုကို ရာဂျက်စ်သန်ပြည်နယ် ပေါ်ခရမ်စက်ပစ်ကွင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေးရည်မှန်း ချက်များနှင့်အညီ အောင်မြင်စွာစမ်းသပ်ပစ်ခတ်နိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

 

“အိန္ဒိိယလေတပ်ရဲ့ လက်နက်စွမ်းရည်တွေကို မြှင့်တင်နိုင်ဖို့အတွက် တာဝေးဗုံးကြဲလေယာဉ်နဲ့ကြဲချတဲ့ဗုံးတွေ၊ လေယာဉ်ကွင်းဖျက်စမတ်ဗုံးတွေရယ် စမ်းသပ်ပြီးတဲ့နောက်မှာ လတ်တလောကာလ ပြည်တွင်းထုတ်လက်နက် တွေစမ်းသပ်တဲ့နေရာမှာ ဒါဟာ တတိယအကြိမ်မြောက်စမ်းသပ်ပစ်ခတ်ခြင်းဖြစ်ပါတယ်” ဟု ကာကွယ်ရေးဝန် ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြသည်။

 

“ခေတ်မီပဲ့ထိန်းစနစ်၊ ခြေရာခံပြဿနာဖြေရှင်းတဲ့နည်းလမ်းတွေ၊ ပေါင်းစပ်ထားတဲ့ဆော့ဖ်ဝဲတွေနဲ့ အီလက်ထ ရောနစ်ပစ္စည်းတွေက စိတ်ကျေနပ်လောက်အောင် အစွမ်းပြနိုင်ခဲ့ပါတယ်။ ခြေရာခံစနစ်တွေကလည်း စစ်ဆင် ရေးအားလုံးကို စောင့်ကြပ်ကြည့်ရှုနိုင်ခဲ့ပါတယ်” ဟု ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြသည်။

 

အိန္ဒိယနိုင်ငံ၏ ကာကွယ်ရေးကဏ္ဍနှင့် အခြားထုတ်လုပ်မှုကဏ္ဍာများတွင် ကိုယ့်အားကိုယ်ကိုးထုတ်လုပ်နိုင်ရန် တွန်းအားပေးမှုများရှိနေသည့်ကြားမှ ယခုပြည်တွင်းထုတ်ဒုံးကျည်ကို စမ်းသပ်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

 

ယခုကဲ့သို့ တင့်ဖျက်ဒုံးကျည်ကို အောင်မြင်စွာစမ်းသပ်ပစ်ခတ်နိုင်ခဲ့ခြင်းမှာ အနာဂတ်ကာလတွင် ပြည်တွင်းဖြစ် လက်နက်ထုတ်လုပ်မှုကို မြှှင်တင်သွားနိုင်လိမ့်မည်ဖြစ်ကြောင်း ကာကွယ်ရေးသုတေသနနှင့် ဖွွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအတွင်းရေးမှူး၊ DRDO ဥက္ကဋ္ဌ ဒေါက်တာ G Satheesh Reddy ကပြောသည်။

 

Ref: India Successfully Tests Indigenous Stand-Off Anti-Tank Missile

 

#PeopleMedia

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 


 


 

Ref: India Successfully Tests Indigenous Stand-Off Anti-Tank Missile

 

#PeopleMedia


Share this post