• Follow Us on
Latest News

Home အိႏၵိယကိုတိုက္ခိုက္ရန္ ျမန္မာေလေၾကာင္းပိုင္နက္ကို တ႐ုတ္အသံုးျ ပဳႏိုင္ဟု အိႏၵိယမီဒီယာေဖာ္ျပ

အိႏၵိယကိုတိုက္ခိုက္ရန္ ျမန္မာေလေၾကာင္းပိုင္နက္ကို တ႐ုတ္အသံုးျ ပဳႏိုင္ဟု အိႏၵိယမီဒီယာေဖာ္ျပ

Share this post

နယူးေဒလီ၊ ၾသဂုတ္ ၂၀

တ႐ုတ္ႏိုင္ငံသည္ အိႏိၵယႏိုင္ငံ၏ အေ႐ွ႕စြန္းမွမဟာဗ်ဴဟာေျမာက္အေဆာက္အအံုမ်ားကို မ်က္စိေဒါက္ ေထာက္ၾကည့္ေနေၾကာင္း India Today သတင္းစာကေဖာ္ျပသည္။

အာသံျပည္နယ္႐ွိ တက္ဇ္ပူရ္ေလတပ္အေျခစိုက္စခန္းႏွင့္ ၾသရစ္သွ်ျပည္နယ္႐ွိ အဗၺဒူ ကာလမ္ကၽြန္းစုမ်ားကို ျဖစ္ႏိုင္ေၾကာင္းလည္းပါ၀င္သည္။ ၾသဂုတ္ ၂၀ ရက္မွ ၂၂ ရက္အတြင္း ဘဂၤလားပင္လယ္ေအာ္အတြင္း လက္ေတြ႕ပ်ံသန္းမႈသ႐ုပ္ျပေလယာဥ္မ်ားမိတ္ဆက္ပ်ံသန္းရန္ ေလတပ္အမႈထမ္းမ်ားထံသတိေပးခ်က္ (NOTAM) ထုတ္ျပန္ၿပီးေနာက္ အဆိုပါသတင္းေဖာ္ျပခဲ့ျခင္းျဖစ္သည္။

စမ္းသပ္ပ်ံသန္းမည့္ေနရာသည္ ၾသရစ္သွ်ကမ္း႐ိုးတန္းမွ ကီလိုမီတာ ၅၅၀ အကြာျဖစ္ၿပီး ထိုေနရာသည္ ၂၀၁၉ ခုႏွစ္တြင္ အိႏၵိယႏိုင္ငံက အသံထက္ျမန္နည္းပညာသ႐ုပ္ျပေလယာဥ္(HSTDV)ကို အိႏိၵယႏိုင္ငံေအာင္ ေအာင္ျမင္ျမင္စမ္းသပ္ႏိုင္ခဲ့သည့္ေနရာျဖစ္သည္။

HSTDV စီမံကိန္းသည္ အိႏိၵယကာကြယ္ေရး၀န္ႀကီးဌာနလက္ေအာက္ခံ ကာကြယ္ေရးသုေတ သနႏွင့္ဖြံ႔ၿဖိဳးေရးအသင္းမွစီမံလည္ပတ္ျခင္းျဖစ္ၿပီး BrahMos-2 စီမံကိန္းအပါအ၀င္ အနာဂတ္အသံထက္ျမန္လက္နက္မ်ားျဖန္႔ခ်ိေရးလမ္းေၾကာင္းအတြက္ျဖစ္သည္။

အေ႐ွ႕ဘက္ကမ္း႐ိုးတန္းအျပင္ အာသံျပည္နယ္မွ တက္ဇ္ပူရ္ေလေၾကာင္းအေျခစိုက္စခန္းသည္ အရပ္ဘက္-စစ္ဘက္ပူးေပါင္းေလယာဥ္ကြင္းျဖစ္ၿပီး အိႏၵိေလတပ္မွ Su-30 MKI ေလယာဥ္မ်ားပါ၀င္သည့္ အမွတ္ ၂ ႏွင့္ အမွတ္ ၁၀၆ ေလယာဥ္အုပ္စုမ်ား႐ွိသည့္စခန္းျဖစ္သည္။

အိႏၵိယေလတပ္သည္ ႏိုင္ငံအေ႐ွ႕ပိုင္းနယ္နိမိတ္တစ္ေလွ်ာက္ တင္းတင္းၾကပ္ၾကပ္ခ်ဳပ္ကိုင္ထားၿပီး တက္ဇ္ပူရ္ ေလယာဥ္ကြင္းသည္ ထိုေဒသတြင္ အေရးအႀကီးဆံုးေလယာဥ္ကြင္းမ်ားထဲမွတစ္ကြင္းျဖစ္သည္။ အမ်ားျပည္သူသိေထာက္လွမ္းေရးအခ်က္အလက္မ်ားခြဲျခမ္းစိတ္ျဖာေရးအဖြဲ႔က ျမန္မာႏိုင္ငံႏွင့္နယ္နိမိတ္ခ်င္း ထိစပ္ေနသည့္ယူနန္ျပည္နယ္တြင္ ေရဒါႏွင့္ေစာင့္ၾကည့္ေရးအေဆာက္အအံုမ်ား တ႐ုတ္ႏိုင္ငံကထား႐ွိ ေနသည္ကို ၿဂိဳဟ္တုဓာတ္ပံုမ်ားအရျမင္ေတြ႕ခဲ့ရေၾကာင္း India Today သတင္းတြင္ေဖာ္ျပသည္။

အိႏၵိယကိုဆန္႔က်င္သည့္လႈပ္႐ွားမႈမ်ားလုပ္ေဆာင္ရာတြင္ ျမန္မာႏိုင္ငံေလေၾကာင္းပိုင္နက္ကိုအသံုးျပဳရန္ တ႐ုတ္ႏိုင္ငံက ႐ွက္႐ြံ႕ေနမည္မဟုတ္ေၾကာင္းလည္း သတင္းတြင္ပါ၀င္သည္။

၂၀၁၇ ခုႏွစ္က ေဒါ့လမ္႐ွိ အိႏၵိယ-တ႐ုတ္-ဘူတန္ သံုးႏိုင္ငံနယ္စပ္တြင္ ထိေတြ႕မႈမ်ားျဖစ္ပြားၿပီးေနက္ ၂၀၁၈ ခုႏွစ္၊ မတ္တြင္ ေရဒါစခန္းတစ္ခုတည္ေဆာက္ခဲ့ေၾကာင္း ေရဒါစခန္းပံုရိပ္မ်ားေဖာ္ျပထားသည့္ သတင္းတြင္ပါ ၀င္သည္။

ေရဒါစခန္းကို ျမန္မာနယ္စပ္မွ ၃ ကီလိုမီတာသာကြာသည့္ေနရာတြင္ တည္ေဆာက္ထားၿပီး အိႏၵိယအေ႐ွ႕ဘ က္ကမ္း႐ိုးတန္း႐ွိ အဗၺဒူကၽြန္းစမ္းသပ္စခန္းႏွင့္ တက္ဇ္ပူရ္ေလယာဥ္ကြင္းတို႔ကို မ်က္ႏွာေပးထားေၾကာင္းလည္း သိရသည္။

ပံုမ်ားအရ စခန္းသည္ ၂၀၁၈ ခုႏွစ္ က်ဴးဟိုင္ေလေၾကာင္းျပပြဲ၌ခင္းက်င္းျပသခဲ့သည့္ Type-609 ေရဒါႏွ င့္ဆင္တူသည့္ phased array ေရဒါျဖစ္ႏိုင္သည့္ ၁၃ မီတာက်ယ္သည့္ေရဒါတစ္ခုျဖစ္သည္။

ထိုေရဒါကို တ႐ုတ္အီလက္ထေရာနစ္နည္းပညာအုပ္စုေကာ္ပိုေရး႐ွင္း (CTEC) ၏ ၁၄ ခုေျမာက္အဖြဲ႔အစည္းက ထုတ္လုပ္ျခင္းျဖစ္ၿပီး ေလေၾကာင္းပ်ံသန္းမႈသတ္မွတ္ခ်က္ေအာက္ပ်ံသန္းလာသည့္ ပဲ့ထိန္းဒံုးက်ည္မ်ားႏွင့္ ကိုယ္ေပ်ာက္ေလယာဥ္မ်ားကို ေထာက္လွမ္းႏိုင္သည္ဟုဆိုသည္။

“အိႏၵိယရဲ႕အေရးပါတဲ့ေနရာ ၂ ေနရာကေန အျမင့္ ၂.၅ ကီလိုမီတာထက္ျမင့္တက္လာတဲ့အရာမွန္သမွ်ကို ဒီေရဒါက ဖမ္းမိႏိုင္မွာပါ။”ဟု India Today သတင္းတြင္ေဖာ္ျပသည္။

ဂန္ဆုျပည္နယ္၊ ဂြမ္က်ိဳးတြင္ေရဒါကိုစမ္းသပ္အသံုးျပဳခဲ့စဥ္ကျမင္ေတြ႕ရသည္ၿဂိဳဟ္တုဓာတ္ပံုမ်ားအရ တ႐ုတ္ႏိုင္ငံ၏ WU-14 အသံထက္ျမန္ဂလိုက္ေလယာဥ္မ်ားစမ္းသပ္ရာတြင္ ထိုေရဒါကိုအသံုးျပဳခဲ့ သည္ဟုသိရသည္။

ေရဒါစခန္းႏွင့္အတူ ၇ ကီလိုမီတာအကြာအေ၀းတြင္ တိုင္းတာေရးႏွင့္ထိန္းခ်ဳပ္ေရးအေဆာက္အအံုဟု ဆိုသည့္ေနရာတစ္ခုကို အမ်ားျပည္သူသိေထာက္လွမ္းေရးအခ်က္အလက္မ်ားခြဲျခမ္းစိတ္ျဖာေ ရးအဖြဲ႔ကေတြ႕႐ွိခဲ့သည္။

စခန္း႐ွိ ၿဂိဳဟ္တုဆက္သြယ္ေရးစေလာင္းမ်ားႏွင့္ အျခားကိရိယာမ်ားက အိႏၵိယႏိုင္ငံသို႔သြားေန သည့္တ႐ုတ္ပဲ့ထိန္းဒံုးက်ည္မ်ားကို လမ္းတ၀က္တြင္လမ္းေၾကာင္းထိန္းေပးရာ၌ အခန္းက႑တစ္ရ ပ္အေနႏွင့္ပါ၀င္ေနေၾကာင္း ခိုင္ခိုင္မာမာအၾကံျပဳေနသည္။

Ref : China Could Use Myanmar’s Airspace To Launch Surprise Attack Against India– Reports

#PeopleMedia

(unicode)
အိန္ဒိယကိုတိုက်ခိုက်ရန် မြန်မာလေကြောင်းပိုင်နက်ကို တရုတ်အသုံး ြပုနိုင်ဟု အိန္ဒိယမီဒီယာဖော်ပြ
………………………………………………

နယူးဒေလီ၊ ဩဂုတ် ၂၀

တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အရှေ့စွန်းမှမဟာဗျူဟာမြောက်အဆောက်အအုံများကို မျက်စိဒေါက် ထောက်ကြည့်နေကြောင်း India Today သတင်းစာကဖော်ပြသည်။

အာသံပြည်နယ်ရှိ တက်ဇ်ပူရ်လေတပ်အခြေစိုက်စခန်းနှင့် ဩရစ်သျှပြည်နယ်ရှိ အဗ္ဗဒူ ကာလမ်ကျွန်းစုများကို ဖြစ်နိုင်ကြောင်းလည်းပါဝင်သည်။ ဩဂုတ် ၂၀ ရက်မှ ၂၂ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်အတွင်း လက်တွေ့ပျံသန်းမှုသရုပ်ပြလေယာဉ်များမိတ်ဆက်ပျံသန်းရန် လေတပ်အမှုထမ်းများထံသတိပေးချက် (NOTAM) ထုတ်ပြန်ပြီးနောက် အဆိုပါသတင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

စမ်းသပ်ပျံသန်းမည့်နေရာသည် ဩရစ်သျှကမ်းရိုးတန်းမှ ကီလိုမီတာ ၅၅၀ အကွာဖြစ်ပြီး ထိုနေရာသည် ၂၀၁၉ ခုနှစ်တွင် အိန္ဒိယနိုင်ငံက အသံထက်မြန်နည်းပညာသရုပ်ပြလေယာဉ်(HSTDV)ကို အိန္ဒိယနိုင်ငံအောင် အောင်မြင်မြင်စမ်းသပ်နိုင်ခဲ့သည့်နေရာဖြစ်သည်။

HSTDV စီမံကိန်းသည် အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ကာကွယ်ရေးသုတေ သနနှင့်ဖွံ့ဖြိုးရေးအသင်းမှစီမံလည်ပတ်ခြင်းဖြစ်ပြီး BrahMos-2 စီမံကိန်းအပါအဝင် အနာဂတ်အသံထက်မြန်လက်နက်များဖြန့်ချိရေးလမ်းကြောင်းအတွက်ဖြစ်သည်။

အရှေ့ဘက်ကမ်းရိုးတန်းအပြင် အာသံပြည်နယ်မှ တက်ဇ်ပူရ်လေကြောင်းအခြေစိုက်စခန်းသည် အရပ်ဘက်-စစ်ဘက်ပူးပေါင်းလေယာဉ်ကွင်းဖြစ်ပြီး အိန္ဒိလေတပ်မှ Su-30 MKI လေယာဉ်များပါဝင်သည့် အမှတ် ၂ နှင့် အမှတ် ၁၀၆ လေယာဉ်အုပ်စုများရှိသည့်စခန်းဖြစ်သည်။

အိန္ဒိယလေတပ်သည် နိုင်ငံအရှေ့ပိုင်းနယ်နိမိတ်တစ်လျှောက် တင်းတင်းကြပ်ကြပ်ချုပ်ကိုင်ထားပြီး တက်ဇ်ပူရ် လေယာဉ်ကွင်းသည် ထိုဒေသတွင် အရေးအကြီးဆုံးလေယာဉ်ကွင်းများထဲမှတစ်ကွင်းဖြစ်သည်။ အများပြည်သူသိထောက်လှမ်းရေးအချက်အလက်များခွဲခြမ်းစိတ်ဖြာရေးအဖွဲ့က မြန်မာနိုင်ငံနှင့်နယ်နိမိတ်ချင်း ထိစပ်နေသည့်ယူနန်ပြည်နယ်တွင် ရေဒါနှင့်စောင့်ကြည့်ရေးအဆောက်အအုံများ တရုတ်နိုင်ငံကထားရှိ နေသည်ကို ဂြိုဟ်တုဓာတ်ပုံများအရမြင်တွေ့ခဲ့ရကြောင်း India Today သတင်းတွင်ဖော်ပြသည်။

အိန္ဒိယကိုဆန့်ကျင်သည့်လှုပ်ရှားမှုများလုပ်ဆောင်ရာတွင် မြန်မာနိုင်ငံလေကြောင်းပိုင်နက်ကိုအသုံးပြုရန် တရုတ်နိုင်ငံက ရှက်ရွံ့နေမည်မဟုတ်ကြောင်းလည်း သတင်းတွင်ပါဝင်သည်။

၂၀၁၇ ခုနှစ်က ဒေါ့လမ်ရှိ အိန္ဒိယ-တရုတ်-ဘူတန် သုံးနိုင်ငံနယ်စပ်တွင် ထိတွေ့မှုများဖြစ်ပွားပြီးနေက် ၂၀၁၈ ခုနှစ်၊ မတ်တွင် ရေဒါစခန်းတစ်ခုတည်ဆောက်ခဲ့ကြောင်း ရေဒါစခန်းပုံရိပ်များဖော်ပြထားသည့် သတင်းတွင်ပါ ဝင်သည်။

ရေဒါစခန်းကို မြန်မာနယ်စပ်မှ ၃ ကီလိုမီတာသာကွာသည့်နေရာတွင် တည်ဆောက်ထားပြီး အိန္ဒိယအရှေ့ဘ က်ကမ်းရိုးတန်းရှိ အဗ္ဗဒူကျွန်းစမ်းသပ်စခန်းနှင့် တက်ဇ်ပူရ်လေယာဉ်ကွင်းတို့ကို မျက်နှာပေးထားကြောင်းလည်း သိရသည်။

ပုံများအရ စခန်းသည် ၂၀၁၈ ခုနှစ် ကျူးဟိုင်လေကြောင်းပြပွဲ၌ခင်းကျင်းပြသခဲ့သည့် Type-609 ရေဒါနှ င့်ဆင်တူသည့် phased array ရေဒါဖြစ်နိုင်သည့် ၁၃ မီတာကျယ်သည့်ရေဒါတစ်ခုဖြစ်သည်။

ထိုရေဒါကို တရုတ်အီလက်ထရောနစ်နည်းပညာအုပ်စုကော်ပိုရေးရှင်း (CTEC) ၏ ၁၄ ခုမြောက်အဖွဲ့အစည်းက ထုတ်လုပ်ခြင်းဖြစ်ပြီး လေကြောင်းပျံသန်းမှုသတ်မှတ်ချက်အောက်ပျံသန်းလာသည့် ပဲ့ထိန်းဒုံးကျည်များနှင့် ကိုယ်ပျောက်လေယာဉ်များကို ထောက်လှမ်းနိုင်သည်ဟုဆိုသည်။

“အိန္ဒိယရဲ့အရေးပါတဲ့နေရာ ၂ နေရာကနေ အမြင့် ၂.၅ ကီလိုမီတာထက်မြင့်တက်လာတဲ့အရာမှန်သမျှကို ဒီရေဒါက ဖမ်းမိနိုင်မှာပါ။”ဟု India Today သတင်းတွင်ဖော်ပြသည်။

ဂန်ဆုပြည်နယ်၊ ဂွမ်ကျိုးတွင်ရေဒါကိုစမ်းသပ်အသုံးပြုခဲ့စဉ်ကမြင်တွေ့ရသည်ဂြိုဟ်တုဓာတ်ပုံများအရ တရုတ်နိုင်ငံ၏ WU-14 အသံထက်မြန်ဂလိုက်လေယာဉ်များစမ်းသပ်ရာတွင် ထိုရေဒါကိုအသုံးပြုခဲ့ သည်ဟုသိရသည်။

ရေဒါစခန်းနှင့်အတူ ၇ ကီလိုမီတာအကွာအဝေးတွင် တိုင်းတာရေးနှင့်ထိန်းချုပ်ရေးအဆောက်အအုံဟု ဆိုသည့်နေရာတစ်ခုကို အများပြည်သူသိထောက်လှမ်းရေးအချက်အလက်များခွဲခြမ်းစိတ်ဖြာ ေရးအဖွဲ့ကတွေ့ရှိခဲ့သည်။

စခန်းရှိ ဂြိုဟ်တုဆက်သွယ်ရေးစလောင်းများနှင့် အခြားကိရိယာများက အိန္ဒိယနိုင်ငံသို့သွားနေ သည့်တရုတ်ပဲ့ထိန်းဒုံးကျည်များကို လမ်းတဝက်တွင်လမ်းကြောင်းထိန်းပေးရာ၌ အခန်းကဏ္ဍတစ်ရ ပ်အနေနှင့်ပါဝင်နေကြောင်း ခိုင်ခိုင်မာမာအကြံပြုနေသည်။

Ref : China Could Use Myanmar’s Airspace To Launch Surprise Attack Against India– Reports

#PeopleMedia


Share this post