• Follow Us on

Home အိႏၵိယကို ဘဂၤလားေဒ့ရွ္က လူတစ္ေယာက္ေတာင္ ထပ္လာမည္ မဟုတ္ဟု အာသံျပည္နယ္၀န္ႀကီးခ်ဳပ္ ေျပာၾကား

အိႏၵိယကို ဘဂၤလားေဒ့ရွ္က လူတစ္ေယာက္ေတာင္ ထပ္လာမည္ မဟုတ္ဟု အာသံျပည္နယ္၀န္ႀကီးခ်ဳပ္ ေျပာၾကား

Share this post

ႏိုင္ငံသားဥပေဒျပင္ဆင္ခ်က္အက္ဥပေဒ(CAA) ေၾကာင့္ အာသံျပည္နယ္ကို ဘဂၤလားေဒ့ရွ္က လူတစ္ေယာက္ ေတာင္ ထပ္လာမွာမဟုတ္ေတာ့ဘူလို႔ အာသံျပည္နယ္၀န္ၾကီးခ်ဳပ္ ဆာဘန္နန္ဆိုႏို၀ါက ေသာၾကာေန႔မွာ ေျပာပါတယ္။

ဆက္လက္ၿပီး ႏုိင္ငံသားျဖစ္ခြင့္ရရွိႏိုင္မယ့္သူေတြဟာ အာသံျပည္နယ္မွာ ရွိေနၿပီးျဖစ္ၿပီး အေရအတြက္က အေရးမႀကီးဘူးလို႔လည္း ဆိုႏို၀ါက ေျပာပါတယ္။

အာသံမွာ CAA ဥပေဒအရ ႏုိင္ငံသားခံယူႏုိင္တဲ့အေရအတြက္ အနည္းငယ္သာရွိၿပီး ျပည္နယ္လူဦးေရအတြက္ စိုးရိမ္စရာမရွိဘူးလို႔လည္း ဆိုႏို၀ါက ေျပာပါတယ္။

CAA ဥပေဒအရ ဘဂၤလားေဒ့ရွ္၊အာဖဂန္နစၥတန္နဲ႔ ပါကစၥတန္ႏုိင္ငံတို႔ဟာ မူဆလင္မဟုတ္တဲ့ တျခားဘာသာ၀င္ ေတြဟာ အိႏၵိယမွ ၆ ႏွစ္နဲ႔ အထက္ေနထိုင္ခဲ့ရင္ ႏုိင္ငံသားခံယူခြင့္ေလွ်ာက္ထားႏုိင္မွာျဖစ္ပါတယ္။ CAA ဥပေဒ နဲ႔ပတ္သက္ၿပီး သတင္းအမွားေတြထြက္ေပၚမႈရွိတာေၾကာင့္ အသိပညာေပး ကမ္ပိန္းေတြျပဳလုပ္ဖို႔ရွိေနၿပီး မူဆ လင္ေတြအေနနဲ႔ CAA ဥပေဒအတြက္ စိုးရိမ္ေနစရာမလိုဘူးလို႔လည္း အာသံျပည္နယ္၀န္ႀကီးခ်ဳပ္က ေျပာပါ တယ္။ ဒါေပမယ့္ အာသံျပည္နယ္မွာ CAA ဥပေဒကို ကန္႔ကြက္ဆႏၵျပမႈေတြရွိေနဆဲျဖစ္ပါတယ္။

Ref; indiatimes.com

#PeopleMedia

(Unicode)
အိန္ဒိယကို ဘင်္ဂလားဒေ့ရှ်က လူတစ်ယောက်တောင် ထပ်လာမည် မဟုတ်ဟု အာသံပြည်နယ်ဝန်ကြီးချုပ် ပြောကြား
……………………………………………………

နိုင်ငံသားဥပဒေပြင်ဆင်ချက်အက်ဥပဒေ(CAA) ကြောင့် အာသံပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်က လူတစ်ယောက် တောင် ထပ်လာမှာမဟုတ်တော့ဘူလို့ အာသံပြည်နယ်ဝန်ကြီးချုပ် ဆာဘန်နန်ဆိုနိုဝါက သောကြာနေ့မှာ ပြောပါတယ်။

ဆက်လက်ပြီး နိုင်ငံသားဖြစ်ခွင့်ရရှိနိုင်မယ့်သူတွေဟာ အာသံပြည်နယ်မှာ ရှိနေပြီးဖြစ်ပြီး အရေအတွက်က အရေးမကြီးဘူးလို့လည်း ဆိုနိုဝါက ပြောပါတယ်။

အာသံမှာ CAA ဥပဒေအရ နိုင်ငံသားခံယူနိုင်တဲ့အရေအတွက် အနည်းငယ်သာရှိပြီး ပြည်နယ်လူဦးရေအတွက် စိုးရိမ်စရာမရှိဘူးလို့လည်း ဆိုနိုဝါက ပြောပါတယ်။

CAA ဥပဒေအရ ဘင်္ဂလားဒေ့ရှ်၊အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်နိုင်ငံတို့ဟာ မူဆလင်မဟုတ်တဲ့ တခြားဘာသာဝင် တွေဟာ အိန္ဒိယမှ ၆ နှစ်နဲ့ အထက်နေထိုင်ခဲ့ရင် နိုင်ငံသားခံယူခွင့်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ CAA ဥပဒေ နဲ့ပတ်သက်ပြီး သတင်းအမှားတွေထွက်ပေါ်မှုရှိတာကြောင့် အသိပညာပေး ကမ်ပိန်းတွေပြုလုပ်ဖို့ရှိနေပြီး မူဆ လင်တွေအနေနဲ့ CAA ဥပဒေအတွက် စိုးရိမ်နေစရာမလိုဘူးလို့လည်း အာသံပြည်နယ်ဝန်ကြီးချုပ်က ပြောပါ တယ်။ ဒါပေမယ့် အာသံပြည်နယ်မှာ CAA ဥပဒေကို ကန့်ကွက်ဆန္ဒပြမှုတွေရှိနေဆဲဖြစ်ပါတယ်။

Ref; indiatimes.com

#PeopleMedia


Share this post