• Follow Us on

Home အိႏၵိယကုန္းတြင္းပိတ္ျပည္နယ္မ်ားကို ဘဂၤလားပင္လယ္ေအာ္သို႔ ထြက္ေပါက္ရႏိုင္မည့္ စစ္ေတြဆိပ္ကမ္း ၂၀၂၁ ခုႏွစ္အေစာပိုင္းတြင္ လုပ္ငန္းလည္ပတ္ႏိုင္ရန္ လုပ္ေဆာင္ေန

အိႏၵိယကုန္းတြင္းပိတ္ျပည္နယ္မ်ားကို ဘဂၤလားပင္လယ္ေအာ္သို႔ ထြက္ေပါက္ရႏိုင္မည့္ စစ္ေတြဆိပ္ကမ္း ၂၀၂၁ ခုႏွစ္အေစာပိုင္းတြင္ လုပ္ငန္းလည္ပတ္ႏိုင္ရန္ လုပ္ေဆာင္ေန

Share this post

နယူးေဒလီ၊ ေအာက္တိုဘာ ၂
၂၀၂၁ ခုႏွစ္အစပိုင္းတြင္ စစ္ေတြဆိပ္ကမ္းလုပ္ငန္းလည္ပတ္ႏိုင္ရန္ ပူးေပါင္းေဆာင္႐ြက္ေနၾကၿပီး ထိုင္းပါ၀င္လာမည့္ ၃ ႏိုင္ငံလမ္းမႀကီးအတြက္ တံတား ၆၉ စင္းတည္ေဆာက္ရန္တင္ဒါလုပ္ငန္းစဥ္မ်ား မၾကာခင္စတင္မည္ဟု အိႏၵိယႏိုင္ငံျခားေရး၀န္ႀကီးဌာနအတြင္း၀န္ ဟာ့႐ွ္ ႐ွရင္ဂလာက ၾကာသပေတးေန႔တြင္ေျပာသည္။
ေအာက္တိုဘာ ၁ ရက္က (၁၉) ႀကိမ္ေျမာက္ ျမန္မာ-အိႏၵိယ ႏွစ္ႏိုင္ငံႏိုင္ငံျခားေရးဝန္ႀကီးဌာနမ်ားအၾကား မူဝါဒေရးရာညႇိႏႈိင္းေဆြးေႏြးပြဲတြင္ ေျပာခဲ့ျခင္းျဖစ္သည္။
COVID-19 ကမာၻ႔ကပ္ေရာဂါေၾကာင့္ စိန္ေခၚမႈမ်ားႀကံဳေတြ႔ခဲ့ရေသာ္လည္း လာမည့္ႏွစ္အေစာပိုင္းတြင္ စစ္ေတြဆိပ္ကမ္းလည္ပတ္ႏိုင္ရန္ ပူးေပါင္းေဆာင္႐ြက္ေနၿပီး ၃ ႏိုင္ငံအေ၀းေျပးလမ္းမႀကီးမွတံတား ၆၉ စင္းအတြက္ တင္ဒါလုပ္ငန္းစဥ္မ်ား မၾကာမီစတင္ေတာ့မည္ဟု ၀မ္းေျမာက္စြာအသိေပးလိုေၾကာင္း မစၥတာ ႐ွရင္ဂလာကေျပာသည္။
ျမန္မာႏိုင္ငံတြင္ ကမာၻ႔ကပ္ေရာဂါ၏ဆိုးက်ိဳးမ်ားေလ်ာ့ပါးေစေရးအတြက္ G20 ေႂကြးၿမီဆိုင္းငံေရးေ႐ွ႕ေျပး အစီအစဥ္အရ ေမမွဒီဇင္ဘာအထိ ေၾကြးၿမီးသက္သာေစရန္လုပ္ေဆာင္ေပးမည္ဟုလည္း အိႏိၵယဘက္က ေျပာသည္။
စစ္ေတြဆိပ္ကမ္းသည္ ကုလားတန္ဘက္စံုပို႔ေဆာင္ေရးစီမံကိန္း၏တစိတ္တပိုင္းျဖစ္သည္။
ကုလားတန္ဘက္စံုစီမံကိန္းသည္ မီဇိုရမ္မွတဆင့္ ကုန္းတြင္းပိတ္အေ႐ွ႕ေျမာက္ပိုင္းျပည္နယ္မ်ားကို ဘဂၤလားပင္လယ္ေအာ္သို႔ ပင္လယ္ထြက္ေပါက္ရေစရန္အစီအစဥ္တြင္ အေရးပါသည္။
ဆိပ္ကမ္းၿပီးပါက အိႏၵိယကုန္စည္မ်ားကို ကုလားတန္ျမစ္မွတစ္ဆင့္ စစ္ေတြဆိပ္ကမ္းသို႔ပို႔ေဆာင္ႏုိင္ မည္ျဖစ္သည္။
Ref : India Myanmar working to operate Sittwe Port in early 2021
#Peoplemedia
(Unicode)
အိန္ဒိယကုန်းတွင်းပိတ်ပြည်နယ်များကို ဘင်္ဂလားပင်လယ်အော်သို့ ထွက်ပေါက်ရနိုင်မည့် စစ်တွေဆိပ်ကမ်း ၂၀၂၁ ခုနှစ်အစောပိုင်းတွင် လုပ်ငန်းလည်ပတ်နိုင်ရန် လုပ်ဆောင်နေ
…………………………………………
နယူးဒေလီ၊ အောက်တိုဘာ ၂
၂၀၂၁ ခုနှစ်အစပိုင်းတွင် စစ်တွေဆိပ်ကမ်းလုပ်ငန်းလည်ပတ်နိုင်ရန် ပူးပေါင်းဆောင်ရွက်နေကြပြီး ထိုင်းပါဝင်လာမည့် ၃ နိုင်ငံလမ်းမကြီးအတွက် တံတား ၆၉ စင်းတည်ဆောက်ရန်တင်ဒါလုပ်ငန်းစဉ်များ မကြာခင်စတင်မည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းဝန် ဟာ့ရှ် ရှရင်ဂလာက ကြာသပတေးနေ့တွင်ပြောသည်။
အောက်တိုဘာ ၁ ရက်က (၁၉) ကြိမ်မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။
COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် စိန်ခေါ်မှုများကြုံတွေ့ခဲ့ရသော်လည်း လာမည့်နှစ်အစောပိုင်းတွင် စစ်တွေဆိပ်ကမ်းလည်ပတ်နိုင်ရန် ပူးပေါင်းဆောင်ရွက်နေပြီး ၃ နိုင်ငံအဝေးပြေးလမ်းမကြီးမှတံတား ၆၉ စင်းအတွက် တင်ဒါလုပ်ငန်းစဉ်များ မကြာမီစတင်တော့မည်ဟု ဝမ်းမြောက်စွာအသိပေးလိုကြောင်း မစ္စတာ ရှရင်ဂလာကပြောသည်။
မြန်မာနိုင်ငံတွင် ကမ္ဘာ့ကပ်ရောဂါ၏ဆိုးကျိုးများလျော့ပါးစေရေးအတွက် G20 ကြွေးမြီဆိုင်းငံရေးရှေ့ပြေး အစီအစဉ်အရ မေမှဒီဇင်ဘာအထိ ကြွေးမြီးသက်သာစေရန်လုပ်ဆောင်ပေးမည်ဟုလည်း အိန္ဒိယဘက်က ပြောသည်။
စစ်တွေဆိပ်ကမ်းသည် ကုလားတန်ဘက်စုံပို့ဆောင်ရေးစီမံကိန်း၏တစိတ်တပိုင်းဖြစ်သည်။
ကုလားတန်ဘက်စုံစီမံကိန်းသည် မီဇိုရမ်မှတဆင့် ကုန်းတွင်းပိတ်အရှေ့မြောက်ပိုင်းပြည်နယ်များကို ဘင်္ဂလားပင်လယ်အော်သို့ ပင်လယ်ထွက်ပေါက်ရစေရန်အစီအစဉ်တွင် အရေးပါသည်။
ဆိပ်ကမ်းပြီးပါက အိန္ဒိယကုန်စည်များကို ကုလားတန်မြစ်မှတစ်ဆင့် စစ်တွေဆိပ်ကမ်းသို့ပို့ဆောင်နိုင် မည်ဖြစ်သည်။
Ref : India Myanmar working to operate Sittwe Port in early 2021
#Peoplemedia


Share this post