• Follow Us on

Home အိန္ဒိယစစ်အခြေစိုက်စခန်းမှ အသံထက်မြန်သော ပဲ့ထိန်းမစ်ဇိုင်း BrahMos စမ်းသပ်ပစ်ခတ်မှု အောင်မြင်


Share this post





Ref; oneindia.com


(Unicode)
အိန္ဒိယစစ်အခြေစိုက်စခန်းမှ အသံထက်မြန်သော ပဲ့ထိန်းမစ်ဇိုင်း BrahMos စမ်းသပ်ပစ်ခတ်မှု အောင်မြင်
…………………………………………………………

အိန္ဒိယနိုင်ငံ၊ အိုဒီရှာပြည်နယ်၊ ချန်ဒီပါအခြေစိုက်စခန်းကနေ အသံထက်မြန်တဲ့ ပဲ့ထိန်းဒုံး BrahMos ကို ဒီဇင်ဘာ ၁၇ ရက်နေ့မှာ အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်ခဲ့တယ်လို့ အိန္ဒိယစစ်တပ် နီးစပ်ရာ အသိုင်းအဝိုင်းက ပြောပါတယ်။

BrahMos ပဲ့ထိန်းမစ်ဇိုင်းကို ဒေသစံတော်ချိန်မနက် ၈ နာရီခွဲအချိန်မှာ အလိုလျောက်ရွှေ့လျား လောင်ချာစနစ် ပေါ်ကနေ ပစ်ခတ်ခဲ့ပြီး စမ်းသပ်သတ်မှတ်ချက်အားလုံး အောင်မြင်ခဲ့တယ်လို့ အိန္ဒိယစစ်တပ်ကာကွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(DRDO) ရဲ့ သတင်းအရင်းအမြစ်ကသိရပါတယ်။

BrahMos ပဲ့ထိန်းမစ်ဇိုင်းဟာ အသံထက်မြန်တဲ့ တာလတ်ပဲ့ထိန်းအမျိုးအစားဖြစ်ပြီး ရေငုပ်သင်္ဘော၊ သင်္ဘော၊ လေယာဉ်နဲ့ မြေပြင်တို့က ပစ်ခတ်နိုင်စွမ်းရှိပါတယ်။

ကမ္ဘာ့အမြန်ဆုံး ပဲ့ထိန်းမစ်ဇိုင်း BrahMos ကို အိန္ဒိယနဲ့ ရုရှားဖက်စပ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။

Ref; oneindia.com

#PeopleMedia #International


Share this post