• Follow Us on

Home အိန္ဒိယတပ်မတော်မှ မြန်မာ့တပ်မတော်သို့ လှူဒါန်းသော ကိုဗစ်-၁၉ ကာကွယ်ဆေး doses (၁)သိန်း ရန်ကုန် လေဆိပ်သို့ ရောက်ရှိ

အိန္ဒိယတပ်မတော်မှ မြန်မာ့တပ်မတော်သို့ လှူဒါန်းသော ကိုဗစ်-၁၉ ကာကွယ်ဆေး doses (၁)သိန်း ရန်ကုန် လေဆိပ်သို့ ရောက်ရှိ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁ (People Media)

 

အိန္ဒိယတပ်မတော်မှ မြန်မာ့တပ်မတော်သို့ လှူဒါန်းသော COVID SHIELD ကိုဗစ်-၁၉ ကာကွယ်ဆေး doses (၁)သိန်း အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှ ယမန်နေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိ လာပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း(MAI)လေယာဉ်ဖြင့် ရောက်ရှိလာသော COVIDSHIELD ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ နယ်မြေခံ ဆေးသို လှောင်ရေးတပ်မှ တာဝန်ရှိသူများက လေဆိပ်တွင် လွှဲပြောင်းလက်ခံရယူခဲ့ကြောင်း သိရသည်။

 

ထိုသို့ ရောက်ရှိလာသော COVIDSHIELD ကိုဗစ်-၁၉ ကာကွယ်ဆေးသည် (10 doses per Vial ထုတ်ပိုးမှုပုံစံ) ဆေး အလုံးရေ(၁၀၀၀၀) ဆေးပုံး အရေအတွက် ရေခဲဖော့ပုံး(Thermocol Boxes) (၂၀)ပုံး အလေးချိန် ၄၀၀ ကီလိုဂရမ် ရောက်ရှိလာခြင်းဖြစ်ပြီး၊ အဆိုပါ COVIDSHIELD ကိုဗစ်-၁၉ ကာကွယ်ဆေးသည်ဆေးတစ်ပုလင်း လျှင် လူ(၁၀) ယောက် ထိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


……………………………………………………………………….

 


 


 


 


 

#PeopleMedia


Share this post