• Follow Us on

Home အိႏၵိယတြင္ စာသင္ခန္းတြင္း ေက်ာင္းသူတစ္ဦး ေျမႊကိုက္ခံရ၍ ေသဆံုး

အိႏၵိယတြင္ စာသင္ခန္းတြင္း ေက်ာင္းသူတစ္ဦး ေျမႊကိုက္ခံရ၍ ေသဆံုး

Share this post

အိႏၵိယႏုိင္ငံ၊ ကီရာလာျပည္နယ္က စာသင္ေက်ာင္းတစ္ေက်ာင္းမွာ ၁၀ အရြယ္ေက်ာင္းသူတစ္ဦး ေျမြကိုက္ ခံရကာ ေသဆံုးခဲ့ၿပီးေနာက္ ေက်ာင္းအုပ္ႀကီးကို တာ၀န္က ရပ္ဆိုင္းခဲ့ပါတယ္။

ေသဆံုးသြားတဲ့ေက်ာင္းသားရဲ႕ မိသားစု၀င္ေတြနဲ႔ အတန္းေဖာ္ေတြက ေက်ာင္း၀န္ထမ္းေတြဟာ ေက်ာင္းသူ ေျမြကိုက္ခံရတာကို အေလးမထားခဲ့ၾကသလို ေဆး႐ုံပို႔ေပးဖို႔ ပ်က္ကြက္ခဲ့တယ္လို႔လည္း စြပ္စြဲခဲ့ၾကပါတယ္။

အခုျဖစ္ရပ္အတြက္ ဒုေက်ာင္းအုပ္ျဖစ္သူကိုလည္း ေဒသခံအစိုးရအာဏာပိုင္ေတြက တာ၀န္က ရပ္ဆုိင္းခဲ့ တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔မွာျဖစ္ပြားခဲ့တဲ့ မေတာ္တဆမႈမွာ ေျမြဟာ စာသင္ခန္းကြန္ကရစ္ၾကမ္းျပင္က ၾကြင္းတစ္ခု ထဲရွိေနခဲ့ၿပီး ေဒသစံေတာ္ခ်ိန္ မနက္ ၉ နာရီခြဲအခ်ိန္မွာ ေက်ာင္းသူကို ကိုက္ခဲ့တာျဖစ္ပါတယ္။

ေက်ာင္းသူက ဆရာကို အသိေပးခဲ့ၿပီး ေဆး႐ုံပို႔ေပးဖို႕ ေျပာဆိုခဲ့ေပမယ့္ ဆရာက လက္မခံခဲ့ဘူးလို႔ သိရပါ တယ္။ တစ္နာရီေလာက္အၾကာမွာေတာ့ ေက်ာင္းသူရဲ႕ဖခင္ျဖစ္သူေရာက္ရွိလာၿပီး ေျမႊဆိပ္ေျဖေဆးရရွိမယ့္ ေဆး႐ုံကို လိုက္ရွာခဲ့ရာမွာ ေလးခုေျမာက္ေဆး႐ုံအျပန္လမ္းမွာ ေက်ာင္းသူဆံုးပါးသြားခဲ့တာျဖစ္ပါတယ္။ ေက်ာင္းသူေလးရဲ႕ေသဆံုးမႈအတြက္ ဆႏၵျပမႈေတြလည္းျဖစ္ေပၚခဲ့ပါတယ္။

Ref; BBC

#PeopleMedia #International

(Unicode)
အိန္ဒိယတွင် စာသင်ခန်းတွင်း ကျောင်းသူတစ်ဦး မြွေှကိုက်ခံရ၍ သေဆုံး
……………………………………………………………

အိန္ဒိယနိုင်ငံ၊ ကီရာလာပြည်နယ်က စာသင်ကျောင်းတစ်ကျောင်းမှာ ၁၀ အရွယ်ကျောင်းသူတစ်ဦး မြွေကိုက် ခံရကာ သေဆုံးခဲ့ပြီးနောက် ကျောင်းအုပ်ကြီးကို တာဝန်က ရပ်ဆိုင်းခဲ့ပါတယ်။

သေဆုံးသွားတဲ့ကျောင်းသားရဲ့ မိသားစုဝင်တွေနဲ့ အတန်းဖော်တွေက ကျောင်းဝန်ထမ်းတွေဟာ ကျောင်းသူ မြွေကိုက်ခံရတာကို အလေးမထားခဲ့ကြသလို ဆေးရုံပို့ပေးဖို့ ပျက်ကွက်ခဲ့တယ်လို့လည်း စွပ်စွဲခဲ့ကြပါတယ်။

အခုဖြစ်ရပ်အတွက် ဒုကျောင်းအုပ်ဖြစ်သူကိုလည်း ဒေသခံအစိုးရအာဏာပိုင်တွေက တာဝန်က ရပ်ဆိုင်းခဲ့ တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာဖြစ်ပွားခဲ့တဲ့ မတော်တဆမှုမှာ မြွေဟာ စာသင်ခန်းကွန်ကရစ်ကြမ်းပြင်က ကြွင်းတစ်ခု ထဲရှိနေခဲ့ပြီး ဒေသစံတော်ချိန် မနက် ၉ နာရီခွဲအချိန်မှာ ကျောင်းသူကို ကိုက်ခဲ့တာဖြစ်ပါတယ်။

ကျောင်းသူက ဆရာကို အသိပေးခဲ့ပြီး ဆေးရုံပို့ပေးဖို့ ပြောဆိုခဲ့ပေမယ့် ဆရာက လက်မခံခဲ့ဘူးလို့ သိရပါ တယ်။ တစ်နာရီလောက်အကြာမှာတော့ ကျောင်းသူရဲ့ဖခင်ဖြစ်သူရောက်ရှိလာပြီး မြွေှဆိပ်ဖြေဆေးရရှိမယ့် ဆေးရုံကို လိုက်ရှာခဲ့ရာမှာ လေးခုမြောက်ဆေးရုံအပြန်လမ်းမှာ ကျောင်းသူဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။ ကျောင်းသူလေးရဲ့သေဆုံးမှုအတွက် ဆန္ဒပြမှုတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်။

Ref; BBC

#PeopleMedia #International


Share this post