• Follow Us on
Latest News

Home အိႏၵိယတြင္ တစ္ေတာ့ကိုၿပိဳင္ဆိုင္မည့္အက္ပလီေကး႐ွင္း ယူက်ဴ႕မိတ္ဆက္

အိႏၵိယတြင္ တစ္ေတာ့ကိုၿပိဳင္ဆိုင္မည့္အက္ပလီေကး႐ွင္း ယူက်ဴ႕မိတ္ဆက္

Share this post

နယူးေဒလီ၊ စက္တင္ဘာ ၁၅

အိႏၵိယတြင္ တစ္ေတာ့ကိုယွဥ္ၿပိဳင္မည့္အက္ပလီေကး႐ွင္းသစ္ နမူနာဗား႐ွင္းကို စမ္းသပ္မည္ဟု ယူက်ဴ႕က ေၾကညာသည္။

ယူက်ဴ႕ေ႐ွာ့တ္ YouTube Shorts သည္ ႐ုပ္သံမ်ားကို ၁၅ စကၠန္႔သာကန္႔သတ္ထားၿပီး တ႐ုတ္ပိုင္တစ္ေတာ့ႏွင့္ဆင္တူသည့္ ႐ုပ္သံ႐ိုက္ကူးသူမ်ား၏လုပ္ေဆာင္မႈမ်ားလည္းပါ၀င္သည္။

ႏွစ္ႏိုင္ငံတင္းမာမႈမ်ားေၾကာင့္ အိႏိၵယႏိုင္ငံက တစ္ေတာ့ႏွင့္အျခားတ႐ုတ္အက္ပလီေကး႐ွင္း ၅၈ ခုကို အိႏၵိယႏိုင္ငံက ပိတ္ပင္ခဲ့သည္။

ထိုအခ်ိန္တြင္ အိႏၵိယသည္ တစ္ေတာ့၏အႀကီးဆံုးႏိုင္ငံျခားေစ်းကြက္ျဖစ္ၿပီး အသံုးျပဳသူသန္း ၁၂၀ ႐ွိေနသည္။

ကြာဟခ်က္ကိုျဖည့္တင္းရန္ အသည္းအသန္ႀကိဳးစားေနၾကသည့္ျပည္တြင္းကုမၸဏီမ်ားႏွင့္ ယူက်ဴ႕ယွဥ္ၿပိဳင္ရ မည္ျဖစ္သည္။

တစ္ေတာ့ကိုပိုင္ဆိုင္သည့္ ByteDance (ဘိုက္ဒန္႔စ္)က အေမရိကန္ျပည္ေထာင္စုတြင္ ယံုၾကည္ရေသာ နည္းပညာမိတ္ဖက္ျဖစ္လာရန္ အဆိုျပဳသည္ဟု အေမရိကန္နည္းပညာကုမၸဏီ Oracle ကအတည္ျပဳၿပီးေနာက္ ယူက်ဴ႕၏ေနာက္ဆံုးထုတ္ကုန္ေၾကညာမႈ႐ွိလာျခင္းျဖစ္သည္။

အမ်ိဳးသားလံုျခံဳေရးစိုးရိမ္ရမႈေၾကာင့္ အေမရိကန္ျပည္ေထာင္စုတြင္ တစ္ေတာ့ကိုပိတ္သိမ္းရန္ အေမရိကန္သမၼတေဒၚနယ္ ထရမ့္၏ၿခိမ္းေျခာက္မႈကိုေ႐ွာင္ရန္ ရည္႐ြယ္ျခင္းျဖစ္သည္။

လက္႐ွိအစီအမံမ်ားအရ အသံုးျပဳသူမ်ား၏အခ်က္အလက္မ်ားကို တ႐ုတ္အစိုးရက ရႏိုင္ေၾကာင္း မစၥတာ ထရမ့္ကေျပာသည္။

Ref : TikTok: YouTube launches rival to be tested in India

#PeopleMedia

(unicode)
အိန္ဒိယတွင် တစ်တော့ကိုပြိုင်ဆိုင်မည့်အက်ပလီကေးရှင်း ယူကျူ့မိတ်ဆက်
…………………………………………

နယူးဒေလီ၊ စက်တင်ဘာ ၁၅

အိန္ဒိယတွင် တစ်တော့ကိုယှဉ်ပြိုင်မည့်အက်ပလီကေးရှင်းသစ် နမူနာဗားရှင်းကို စမ်းသပ်မည်ဟု ယူကျူ့က ကြေညာသည်။

ယူကျူ့ရှော့တ် YouTube Shorts သည် ရုပ်သံများကို ၁၅ စက္ကန့်သာကန့်သတ်ထားပြီး တရုတ်ပိုင်တစ်တော့နှင့်ဆင်တူသည့် ရုပ်သံရိုက်ကူးသူများ၏လုပ်ဆောင်မှုများလည်းပါဝင်သည်။

နှစ်နိုင်ငံတင်းမာမှုများကြောင့် အိန္ဒိယနိုင်ငံက တစ်တော့နှင့်အခြားတရုတ်အက်ပလီကေးရှင်း ၅၈ ခုကို အိန္ဒိယနိုင်ငံက ပိတ်ပင်ခဲ့သည်။

ထိုအချိန်တွင် အိန္ဒိယသည် တစ်တော့၏အကြီးဆုံးနိုင်ငံခြားဈေးကွက်ဖြစ်ပြီး အသုံးပြုသူသန်း ၁၂၀ ရှိနေသည်။

ကွာဟချက်ကိုဖြည့်တင်းရန် အသည်းအသန်ကြိုးစားနေကြသည့်ပြည်တွင်းကုမ္ပဏီများနှင့် ယူကျူ့ယှဉ်ပြိုင်ရ မည်ဖြစ်သည်။

တစ်တော့ကိုပိုင်ဆိုင်သည့် ByteDance (ဘိုက်ဒန့်စ်)က အမေရိကန်ပြည်ထောင်စုတွင် ယုံကြည်ရသော နည်းပညာမိတ်ဖက်ဖြစ်လာရန် အဆိုပြုသည်ဟု အမေရိကန်နည်းပညာကုမ္ပဏီ Oracle ကအတည်ပြုပြီးနောက် ယူကျူ့၏နောက်ဆုံးထုတ်ကုန်ကြေညာမှုရှိလာခြင်းဖြစ်သည်။

အမျိုးသားလုံခြုံရေးစိုးရိမ်ရမှုကြောင့် အမေရိကန်ပြည်ထောင်စုတွင် တစ်တော့ကိုပိတ်သိမ်းရန် အမေရိကန်သမ္မတဒေါ်နယ် ထရမ့်၏ခြိမ်းခြောက်မှုကိုရှောင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

လက်ရှိအစီအမံများအရ အသုံးပြုသူများ၏အချက်အလက်များကို တရုတ်အစိုးရက ရနိုင်ကြောင်း မစ္စတာ ထရမ့်ကပြောသည်။

Ref : TikTok: YouTube launches rival to be tested in India

#PeopleMedia


Share this post