• Follow Us on
Latest News

Home အိန္ဒိယတွင် တရားမ၀င်နေထိုင်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားစာရင်း ဘင်္ဂလားဒေ့ရှ်တောင်းဆို


Share this post






(Unicode)
အိန္ဒိယတွင် တရားမဝင်နေထိုင်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားစာရင်း ဘင်္ဂလားဒေ့ရှ်တောင်းဆို
…………………………………………………………

အိန္ဒိယနိုင်ငံမှာ တရားမဝင်နေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားစာရင်းကို အိန္ဒိယအစိုးရအာဏာပိုင် တွေဆီက တောင်းဆိုထားတယ်လို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးမိုမန်က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အိန္ဒိယအလည်အပတ်ခရီးစဉ်ကို ဖျက်သိမ်းခဲ့တဲ့ မိုမန်က အိန္ဒိယအမျိုးသား နိုင်ငံသားမှတ်ပုံတင်ဌာနကို အခုလိုစာရင်းတောင်းဆိုထားတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံသား ပြုမှုဥပဒေပြင်ဆင်ချက်ဟာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေမှာ မဟုတ်ဘူးလို့လည်း မိုမန်က ပြောပါ တယ်။

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြား ဆက်ဆံရေးကောင်းမွန်လျက်ရှိပြီး အိန္ဒိယရဲ့ နိုင်ငံသားမှတ်ပုံ တင် ဥပဒေပြင်ဆင်ချက်ဟာ အိန္ဒိယရဲ့ ပြည်တွင်းရေးကိစ္စသာဖြစ်တယ်လို့လည်း မိုမန်ကပြောကြား ခဲ့ပါတယ်။

Ref; https://www.oneindia.com/

#PeopleMedia #International


Share this post