• Follow Us on

Home အိႏၵိယတြင္ မုဒိန္းက်င့္ တရားခံ ၄ ဦးကို ရဲက ေသနတ္ျဖင့္ ပစ္သတ္

အိႏၵိယတြင္ မုဒိန္းက်င့္ တရားခံ ၄ ဦးကို ရဲက ေသနတ္ျဖင့္ ပစ္သတ္

Share this post

နိုင္ငံတကာ၊ ဒီဇင္ဘာ ၆

အိႏၵိယနိုင္ငံမွာ ၿပီးခဲ့တဲ့ သီတင္းပတ္က တိရိစာၦန္ဆရာဝန္ အမ်ိဳးသမီးတစ္ဦးကို အဓမၼျပဳက်င့္ခဲ့တဲ့ တရားခံ ၄ ဦးကို ရဲတပ္ဖြဲ႕က ပစ္သတ္လိုက္ၿပီျဖစ္ပါတယ္။

ဟိုင္ဒါရာဘက္ၿမိဳ႕မွာ ျဖစ္ပြားခဲ့တဲ့ အခုျဖစ္ရပ္မွာ တရားခံ ၄ ဦးကို ရဲစခန္းမွာ ဖမ္းဆီးထားၿပီး အခင္းျဖစ္ပြားရာကို ေသာၾကာေန႕ မနက္ပိုင္းက ေခၚေဆာင္ခဲ့ပါတယ္။

တရားခံ ၄ ဦးဟာ ရဲအရာရွိရဲ႕ ေသနတ္ေတြကို လုယက္ၿပီး ထြက္ေျပးဖို႔ႀကိဳးစားတာေၾကာင့္ ပစ္သတ္ရျခင္းျဖစ္တယ္လို႔ အိႏၵိယရဲတပ္ဖြဲ႕က ေျပာပါတယ္။

မီးေလာင္ထားတဲ့ အသက္ ၂၇ ႏွစ္အ႐ြယ္ အမ်ိဳးသမီးရဲ႕ အေလာင္းကို ၿပီးခဲ့တဲ့ ၾကာသပေတးေန႕က ေတြ႕ရွိခဲ့ၿပီးေနာက္မွာ ဆႏၵျပမႈေတြျဖစ္ပြားခဲ့ၿပီး ရဲေတြလည္းေဝဖန္ခံခဲ့ရပါတယ္။

တရားခံေတြေသဆုံးတဲ့ သတင္းထြက္ေပၚလာခ်ိန္မွာေတာ့ သားေကာင္ျဖစ္တဲ့ အမ်ိဳးသမီးရဲ႕ မိခင္က မွ်တတဲ့ တရားစီရင္မႈၿပီးေျမာက္ခဲ့ၿပီလို႔ ဘီဘီစီသတင္းဌာနကို ေျပာၾကားခဲ့ပါတယ္။

တရားခံမ်ားကို ရဲကပစ္သတ္ခဲ့ၿပီးေနာက္ တခ်ိဳ႕က မီးရႈးမီးပန္းေတြ ေဖာက္ကာ ေအာင္ပြဲခံခဲ့ၾကၿပီး ရဲေတြကို လမ္းေပၚထြက္ ဂုဏ္ျပဳတဲ့သူ ေထာင္နဲ႕ခ်ီရွိခဲ့ပါတယ္။

Ref; BBC
Hyderabad case: Police kill suspects in Indian vet’s rape and murder

[Unicode]
အိန္ဒိယတွင် မုဒိန်းကျင့် တရားခံ ၄ ဦးကို ရဲက သေနတ်ဖြင့် ပစ်သတ်

နိုင်ငံတကာ၊ ဒီဇင်ဘာ ၆

အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်က တိရိစ္ဆာန်ဆရာဝန် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တဲ့ တရားခံ ၄ ဦးကို ရဲတပ်ဖွဲ့က ပစ်သတ်လိုက်ပြီဖြစ်ပါတယ်။

ဟိုင်ဒါရာဘက်မြို့မှာ ဖြစ်ပွားခဲ့တဲ့ အခုဖြစ်ရပ်မှာ တရားခံ ၄ ဦးကို ရဲစခန်းမှာ ဖမ်းဆီးထားပြီး အခင်းဖြစ်ပွားရာကို သောကြာနေ့ မနက်ပိုင်းက ခေါ်ဆောင်ခဲ့ပါတယ်။

တရားခံ ၄ ဦးဟာ ရဲအရာရှိရဲ့ သေနတ်တွေကို လုယက်ပြီး ထွက်ပြေးဖို့ကြိုးစားတာကြောင့် ပစ်သတ်ရခြင်းဖြစ်တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က ပြောပါတယ်။

မီးလောင်ထားတဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးရဲ့ အလောင်းကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က တွေ့ရှိခဲ့ပြီးနောက်မှာ ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီး ရဲတွေလည်းဝေဖန်ခံခဲ့ရပါတယ်။

တရားခံတွေသေဆုံးတဲ့ သတင်းထွက်ပေါ်လာချိန်မှာတော့ သားကောင်ဖြစ်တဲ့ အမျိုးသမီးရဲ့ မိခင်က မျှတတဲ့ တရားစီရင်မှုပြီးမြောက်ခဲ့ပြီလို့ ဘီဘီစီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

တရားခံများကို ရဲကပစ်သတ်ခဲ့ပြီးနောက် တချို့က မီးရှုးမီးပန်းတွေ ဖောက်ကာ အောင်ပွဲခံခဲ့ကြပြီး ရဲတွေကို လမ်းပေါ်ထွက် ဂုဏ်ပြုတဲ့သူ ထောင်နဲ့ချီရှိခဲ့ပါတယ်။

Ref; BBC
Hyderabad case: Police kill suspects in Indian vet’s rape and murder

#PeopleMedia


Share this post