• Follow Us on

Home အိႏၵိယတြင္ ရပ္ဆိုင္းထားသည့္ အႀကီးဆံုးေျမေအာ က္ရထားလမ္းျပန္ဖြင့္

အိႏၵိယတြင္ ရပ္ဆိုင္းထားသည့္ အႀကီးဆံုးေျမေအာ က္ရထားလမ္းျပန္ဖြင့္

Share this post

နယူးေဒလီ၊ စက္တင္ဘာ ၇

အိႏၵိယႏိုင္ငံၿမိဳ႕ေတာ္နယူးေဒလီမွေျမေအာက္ရထားလမ္းကို ကို႐ိုနာဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈကာကြယ္ရန္ ၅ လၾကာပိတ္ထားၿပီးေနာက္ ျပန္လည္ဖြင့္လွစ္လိုက္သည္။

ထိုရထားလမ္းသည္ အိႏၵိယႏိုင္ငံ၏အႀကီးဆံုးအျမန္လမ္းသယ္ယူပို႔ေဆာင္မႈစနစ္ျဖစ္ၿပီး အလံုပိတ္ကန္႔ သတ္မႈမ်ားမလုပ္ခင္ တစ္ေန႔လွ်င္လူ ၂.၇ သန္းကိုသယ္ယူပို႔ေဆာင္ေပးသည္။

ႏွာေခါင္းစည္းမ်ားႏွင့္လူခ်င္းခပ္ခြာခြာေနသည့္အစီအမံမ်ား၊ အပူခ်ိန္စစ္ေဆးမႈမ်ားကို စည္းမ်ဥ္းသစ္မ်ားအရ မျဖစ္မေနလုပ္ရမည္ျဖစ္သည္။

အိႏၵိယႏိုင္ငံတြင္ ေန႔စဥ္ကူးစက္မႈတစ္ေန႔လွ်င္ ၈၀၀၀၀ ေက်ာ္ေနခ်ိန္တြင္ ရထားလမ္းျပန္ဖြင့္ခဲ့ျခင္းျဖစ္သည္။

အိႏိၵယႏိုင္ငံတြင္ COVID-19 ကူးစက္အတည္ျပဳလူနာ ၄.၁ သန္းေက်ာ္႐ွိေနၿပီး ေသဆံုးသူ ၇၀၀၀၀ ေက်ာ္႐ွိေနသည္။

ကူးစက္မႈအႏၲရာယ္မ်ား႐ွိေနေသာ္လည္း ကာလ႐ွည္အလံုပိတ္ကန္႔သတ္မႈမ်ား၏သက္ေရာက္မႈေၾကာင့္ စီးပြားေရးတစ္ခုလံုးထိခိုက္ေနသျဖင့္ အိႏၵိယႏိုင္ငံတြင္ ကန္႔သတ္မႈမ်ားဆက္လက္ေျဖေလွ်ာ့ေနသည္။

တနဂၤေႏြေန႔က အိႏၵိယႏိုင္ငံတြင္ ကူးစက္အတည္ျပဳလူနာ ၉၀၈၀၂ ေယာက္႐ွိခဲ့ၿပီး တစ္ေန႔တာ အတြင္းကူးစက္မႈအမ်ားဆံုးစံခ်ိန္တင္ခဲ့သည္။

ထို႔အျပင္ အိႏၵိယႏိုင္ငံသည္ အေမရိကန္ျပည္ေထာင္စုေနာက္တြင္ ကူးစက္မႈအမ်ားဆံုးႏိုင္ငံျဖစ္လာသည္။

Ref : Delhi metro: India’s largest subway reopens after Covid-19 shutdown

#PeopleMedia

(unicode)
အိန္ဒိယတွင် ရပ်ဆိုင်းထားသည့် အကြီးဆုံးမြေအော က်ရထားလမ်းပြန်ဖွင့်
……………………………………………

နယူးဒေလီ၊ စက်တင်ဘာ ၇

အိန္ဒိယနိုင်ငံမြို့တော်နယူးဒေလီမှမြေအောက်ရထားလမ်းကို ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကာကွယ်ရန် ၅ လကြာပိတ်ထားပြီးနောက် ပြန်လည်ဖွင့်လှစ်လိုက်သည်။

ထိုရထားလမ်းသည် အိန္ဒိယနိုင်ငံ၏အကြီးဆုံးအမြန်လမ်းသယ်ယူပို့ဆောင်မှုစနစ်ဖြစ်ပြီး အလုံပိတ်ကန့် သတ်မှုများမလုပ်ခင် တစ်နေ့လျှင်လူ ၂.၇ သန်းကိုသယ်ယူပို့ဆောင်ပေးသည်။

နှာခေါင်းစည်းများနှင့်လူချင်းခပ်ခွာခွာနေသည့်အစီအမံများ၊ အပူချိန်စစ်ဆေးမှုများကို စည်းမျဉ်းသစ်များအရ မဖြစ်မနေလုပ်ရမည်ဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် နေ့စဉ်ကူးစက်မှုတစ်နေ့လျှင် ၈၀၀၀၀ ကျော်နေချိန်တွင် ရထားလမ်းပြန်ဖွင့်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် COVID-19 ကူးစက်အတည်ပြုလူနာ ၄.၁ သန်းကျော်ရှိနေပြီး သေဆုံးသူ ၇၀၀၀၀ ကျော်ရှိနေသည်။

ကူးစက်မှုအန္တရာယ်များရှိနေသော်လည်း ကာလရှည်အလုံပိတ်ကန့်သတ်မှုများ၏သက်ရောက်မှုကြောင့် စီးပွားရေးတစ်ခုလုံးထိခိုက်နေသဖြင့် အိန္ဒိယနိုင်ငံတွင် ကန့်သတ်မှုများဆက်လက်ဖြေလျှော့နေသည်။

တနင်္ဂနွေနေ့က အိန္ဒိယနိုင်ငံတွင် ကူးစက်အတည်ပြုလူနာ ၉၀၈၀၂ ယောက်ရှိခဲ့ပြီး တစ်နေ့တာ အတွင်းကူးစက်မှုအများဆုံးစံချိန်တင်ခဲ့သည်။

ထို့အပြင် အိန္ဒိယနိုင်ငံသည် အမေရိကန်ပြည်ထောင်စုနောက်တွင် ကူးစက်မှုအများဆုံးနိုင်ငံဖြစ်လာသည်။

Ref : Delhi metro: India’s largest subway reopens after Covid-19 shutdown

#PeopleMedia


Share this post