• Follow Us on

Home အိန္ဒိယတွင် ရုရှားဆီက စစ်လက်နက်ဝယ်ယူခွင့်ရှိသည်ဟု အိန္ဒိယနိုင်ငံခြားရေး ၀န်ကြီးပြော

အိန္ဒိယတွင် ရုရှားဆီက စစ်လက်နက်ဝယ်ယူခွင့်ရှိသည်ဟု အိန္ဒိယနိုင်ငံခြားရေး ၀န်ကြီးပြော

Share this post

အမေရိကန်ဘက်က ဆန်ရှင်ခြိမ်းခြောက်မှုရှိနေပမယ့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး က ၄င်းနိုင်ငံအနေနဲ့ ရုရှားက မစ်ဇိုင်းကာကွယ်ရေးစနစ်ကို ၀ယ်ယူခွင့်ရှိတယ်လို့ စက်တင်ဘာ ၃၀ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ဝါရှင်တန်ကို အလည်အပတ်ရောက်ရှိနေတဲ့ နိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျေရှန် ကာက အိန္ဒိယအနေနဲ့ အမေရိကန်ရဲ့စိုးရိမ်ပူပန်မှုအတွက် ဆွေးနွေးနေတယ်လို့ ပြောပါတယ်။ ရုရှားနိုင်ငံက S-400 ကို ၀ယ်ယူနိုင်ချေရှိမရှိကို မေးမြန်းခဲ့ရာ မှာတော့ ၄င်းက ဖြေကြားခဲ့ခြင်းမရှိပါဘူး။

“ ကျွန်တော်တို့ ၀ယ်ယူတဲ့ စစ်လက်နက်ပစ္စည်းအချက်အလက်တွေကို အမြဲတမ်းထိန်းသိမ်းထားပါတယ်။ စစ်လက်နက်အရင်းအမြစ်ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင် အခွင့်အရေးတစ်ခုပါ” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုနဲ့ မတွေ့ဆုံမီ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဂျေရှန်ကာက ဖြေကြားခဲ့ပါတယ်။

“ ကျွန်တော်တို့အနေနဲ့ နိုင်ငံတစ်နိုင်ငံက ရုရှားဆီက ဘာဝယ်ဘာမ၀ယ်နဲ့ ပြောဆိုတာမျိုးကို ကြိုက်မှာမဟုတ်ပါဘူး။ အမေရိက က ဘာလက်နက်ဝယ် ဘာလက်နက်မ၀ယ်နဲ့လို့ နိုင်ငံတစ်နိုင်ငံက ပြောလာရင်တော့ ကျွန်တော်တို့ သဘောကျမှာပါ” လို့လည်း ၄င်းက ပြောဆိုခဲ့ပါတယ်။

စစ်အေးကာလ ဆိုဗီယက်ယူနီယံရဲ့ မဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယဟာ ပြီးခဲ့တဲ့နှစ်က ရုရှားက S-400 မစ်ဇိုင်းကာကွယ်ရေးစနစ် ၅ ခုကို အမေရိ ကန်ဒေါ်လာ ၅.၂ ဘီလီယံနဲ့ဝယ်ယူဖို့ သဘောတူညီချက်ရရှိထား ပါတယ်။

Ref;AFP


Share this post