• Follow Us on
Latest News

Home အိႏၵိယတြင္ ႏိုင္ငံသားအျဖစ္က ပယ္ဖ်က္ခံရသူအေလာင္းကို မိသားစု၀င္မ်ား လက္ခံရန္ ျငင္းဆို

အိႏၵိယတြင္ ႏိုင္ငံသားအျဖစ္က ပယ္ဖ်က္ခံရသူအေလာင္းကို မိသားစု၀င္မ်ား လက္ခံရန္ ျငင္းဆို

Share this post

အိႏၵိယႏိုင္ငံ၊ အာသံျပည္နယ္က ဒက္ကီယာကူလီၿမိဳ႕မွာ ႏိုင္ငံျခားသားအျဖစ္ လြန္ခဲ့တဲ့ ၂ ႏွစ္က သတ္မွတ္ခံထားရတဲ့ ဖခင္ျဖစ္သူရဲ႕အေလာင္းကို ယင္းမိသားစု၀င္ေတြက လက္ခံဖို႔ ျငင္းဆိုခဲ့ ၾကပါတယ္။

အသက္ ၆၅ ႏွစ္ရွိၿပီျဖစ္တဲ့ ေသဆံုးသူ ဒူလာပါလ္ကို ၂၀၁၇ ခုႏွစ္မွာ ႏိုင္ငံျခားေရးရာ တရား႐ုံးက ႏိုင္ငံျခားသားအျဖစ္သတ္မွတ္ၿပီး ထိန္းသိမ္းေရးစခန္းကို ပို႕ေဆာင္ခဲ့တာျဖစ္ပါတယ္။

၄င္းရဲ႕ မိသားစု၀င္ေတြက ပါလ္ဟာ ၁၉၆၅ ခုႏွစ္မွာ မွတ္တမ္းတင္ထားတဲ့ ပိုင္ဆိုင္မႈအေထာက္အ ထားေတြျပႏုိင္ေပမယ့္ အခုလို သတ္မွတ္ခံရတာျဖစ္တယ္လို႔ ေစာဒက တက္ခဲ့ၾကပါတယ္။

၄င္းေသဆံုးခ်ိန္မွာေတာ့ သက္ဆိ္ုင္ရာက အေလာင္းကို လာယူဖို႔ မိသားစု၀င္ေတြကို အေၾကာင္းၾကား ခဲ့တာျဖစ္ပါတယ္။ ပါလ္ရဲ႕ မိသားစု၀င္ေတြကေတာ့ အိႏၵိယႏုိင္ငံသားအျဖစ္ သတ္မွတ္ေပးမွသာ အေလာင္းကို လက္ခံမယ္လို႔ ေျပာၾကားထားပါတယ္။

ဒါ့အျပင္ ႏုိင္ငံျခားေရးရာ တရားရံုးက တရားသူႀကီးေတြဟာ အခ်က္အလက္ေတြကို ခြဲျခားစိစစ္ႏုိင္မႈ မရွိတာေၾကာင့္ ဗဟိုတရားရံုးကို အဖြဲ႕တစ္ဖြဲ႕ေစလႊတ္ၿပီး ေလ့က်င္ေပးဖို႔လည္း အႀကံျပဳတိုက္တြန္းခဲ့ ပါတယ္။

ပါလ္ဟာ ၂၀၁၇ ခုႏွစ္မွာ အိႏၵိယႏုိင္ငံသားအျဖစ္က ပယ္ဖ်က္ခံခဲ့ရၿပီး ဘဂၤ ါလီ-ဟိႏၵဴ ႏိုင္ငံျခားသား အျဖစ္ သတ္မွတ္ခံခဲ့ရတာျဖစ္ပါတယ္။

Ref; https://gulfnews.com

(unicode)
အိန္ဒိယတွင် နိုင်ငံသားအဖြစ်က ပယ်ဖျက်ခံရသူအလောင်းကို မိသားစုဝင် များ လက်ခံရန် ငြင်းဆို
…………………………………………………………………

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်က ဒက်ကီယာကူလီမြို့မှာ နိုင်ငံခြားသားအဖြစ် လွန်ခဲ့တဲ့ ၂ နှစ်က သတ်မှတ်ခံထားရတဲ့ ဖခင်ဖြစ်သူရဲ့အလောင်းကို ယင်းမိသားစုဝင်တွေက လက်ခံဖို့ ငြင်းဆိုခဲ့ ကြပါတယ်။

အသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့ သေဆုံးသူ ဒူလာပါလ်ကို ၂၀၁၇ ခုနှစ်မှာ နိုင်ငံခြားရေးရာ တရားရုံးက နိုင်ငံခြားသားအဖြစ်သတ်မှတ်ပြီး ထိန်းသိမ်းရေးစခန်းကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

၄င်းရဲ့ မိသားစုဝင်တွေက ပါလ်ဟာ ၁၉၆၅ ခုနှစ်မှာ မှတ်တမ်းတင်ထားတဲ့ ပိုင်ဆိုင်မှုအထောက်အ ထားတွေပြနိုင်ပေမယ့် အခုလို သတ်မှတ်ခံရတာဖြစ်တယ်လို့ စောဒက တက်ခဲ့ကြပါတယ်။

၄င်းသေဆုံးချိန်မှာတော့ သက်ဆိ်ုင်ရာက အလောင်းကို လာယူဖို့ မိသားစုဝင်တွေကို အကြောင်းကြား ခဲ့တာဖြစ်ပါတယ်။ ပါလ်ရဲ့ မိသားစုဝင်တွေကတော့ အိန္ဒိယနိုင်ငံသားအဖြစ် သတ်မှတ်ပေးမှသာ အလောင်းကို လက်ခံမယ်လို့ ပြောကြားထားပါတယ်။

ဒါ့အပြင် နိုင်ငံခြားရေးရာ တရားရုံးက တရားသူကြီးတွေဟာ အချက်အလက်တွေကို ခွဲခြားစိစစ်နိုင်မှု မရှိတာကြောင့် ဗဟိုတရားရုံးကို အဖွဲ့တစ်ဖွဲ့စေလွှတ်ပြီး လေ့ကျင်ပေးဖို့လည်း အကြံပြုတိုက်တွန်းခဲ့ ပါတယ်။

ပါလ်ဟာ ၂၀၁၇ ခုနှစ်မှာ အိန္ဒိယနိုင်ငံသားအဖြစ်က ပယ်ဖျက်ခံခဲ့ရပြီး ဘင်္ဂါလီ-ဟိန္ဒူ နိုင်ငံခြားသား အဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။

Ref; https://gulfnews.com


Share this post