• Follow Us on

Home အိႏၵိယတြင္ COVID-19 ကာကြယ္ေဆးအေရးေပၚခြင့္ျပဳရန္ စဥ္းစားေန

အိႏၵိယတြင္ COVID-19 ကာကြယ္ေဆးအေရးေပၚခြင့္ျပဳရန္ စဥ္းစားေန

Share this post

မြမ္ဘိုင္း၊ စက္တင္ဘာ ၁၄

ကူးစက္အတည္ျပဳလူနာ ၄.၇၅ သန္းေက်ာ္လာသည့္အိႏိၵယတြင္ သက္ႀကီး႐ြယ္အိုမ်ားႏွင့္ ကူးစက္ႏိုင္ေခ်မ်ား သည့္ေနရာမ်ားမွ လုပ္သားမ်ားအတြက္အထူးရည္႐ြယ္ၿပီး COVID-19 ကာကြယ္ေဆးအေရးေပၚခြင့္ျပဳရန္ စဥ္းစားေနသည္။

ယခုလအတြင္း ေန႔စဥ္တစ္ေန႔လွ်င္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ လူ ၁၀၀၀ ေက်ာ္ေသဆံုးေနသည့္အိႏၵိယတြင္ ေသဆံုးသူစုစုေပါင္း ၇၈၅၈၆ ေယာက္႐ွိေနသည္။

အိႏၵိယႏိုင္ငံထက္ ကူးစက္မႈပိုမ်ားသည္မွာ အေမရိကန္ႏိုင္ငံျဖစ္ၿပီး ၾသဂုတ္လလယ္ေနာက္ပိုင္းမွစ၍ အိႏၵိယႏိုင္ငံသည္ အေမရိကန္ထက္ ေန႔စဥ္ကူးစက္မႈပိုမ်ားေနသည္။

အေရးေပၚခြင့္ျပဳျခင္းအားျဖင့္ အဆင့္ ၃ လူအေျမာက္အျမားတြင္စမ္းသပ္ကုသမႈအခ်ိန္ဇယားကို ေလွ်ာ့ခ်ႏိုင္ေသာ္လည္း စမ္းသပ္ကုသမႈမ်ားတြင္ အဆင့္မေလွ်ာ့ခ်ဘဲ ေဘးကင္းလံုျခံဳၿပီး အက်ိဳး႐ွိမွသာ ကာကြယ္ေဆးတစ္မ်ိဳးကို ခြင့္ျပဳမည္ဟု က်န္းမာေရး၀န္ႀကီး ဟာ့႐ွ္ ဗာဟန္ကေျပာသည္။

ကာကြယ္ေဆးျဖန္႔ခ်ိမည့္ေန႔ကို မသတ္မွတ္ရေသးေသာ္လည္း ၂၀၂၁ ခုႏွစ္၊ ပထမ ၃ လအတြင္း စမ္းသပ္ကုသမႈရလဒ္မ်ား႐ွင္း႐ွင္းလင္းလင္းျဖစ္သင့္သည္ဟု ျဖည့္စြက္ေျပာဆိုသည္။

တနဂၤေႏြေန႔က အိႏၵိယတြင္ကူးစက္အတည္ျပဳလူနာ ၉၄၃၇၂ ေယာက္ႏွင့္ ေသဆံုးသူ ၁၁၁၄ ေယာက္႐ွိၿပီးေနာက္ ထိုကဲ့သို႔ေျပာျခင္းျဖစ္သည္။

Ref : India considers emergency authorisation of vaccine as COVID-19 cases surge

#PeopleMedia

(unicode)
အိန္ဒိယတွင် COVID-19 ကာကွယ်ဆေးအရေးပေါ်ခွင့်ပြုရန် စဉ်းစားနေ
…………………………………………

မွမ်ဘိုင်း၊ စက်တင်ဘာ ၁၄

ကူးစက်အတည်ပြုလူနာ ၄.၇၅ သန်းကျော်လာသည့်အိန္ဒိယတွင် သက်ကြီးရွယ်အိုများနှင့် ကူးစက်နိုင်ချေများ သည့်နေရာများမှ လုပ်သားများအတွက်အထူးရည်ရွယ်ပြီး COVID-19 ကာကွယ်ဆေးအရေးပေါ်ခွင့်ပြုရန် စဉ်းစားနေသည်။

ယခုလအတွင်း နေ့စဉ်တစ်နေ့လျှင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၁၀၀၀ ကျော်သေဆုံးနေသည့်အိန္ဒိယတွင် သေဆုံးသူစုစုပေါင်း ၇၈၅၈၆ ယောက်ရှိနေသည်။

အိန္ဒိယနိုင်ငံထက် ကူးစက်မှုပိုများသည်မှာ အမေရိကန်နိုင်ငံဖြစ်ပြီး ဩဂုတ်လလယ်နောက်ပိုင်းမှစ၍ အိန္ဒိယနိုင်ငံသည် အမေရိကန်ထက် နေ့စဉ်ကူးစက်မှုပိုများနေသည်။

အရေးပေါ်ခွင့်ပြုခြင်းအားဖြင့် အဆင့် ၃ လူအမြောက်အမြားတွင်စမ်းသပ်ကုသမှုအချိန်ဇယားကို လျှော့ချနိုင်သော်လည်း စမ်းသပ်ကုသမှုများတွင် အဆင့်မလျှော့ချဘဲ ဘေးကင်းလုံခြုံပြီး အကျိုးရှိမှသာ ကာကွယ်ဆေးတစ်မျိုးကို ခွင့်ပြုမည်ဟု ကျန်းမာရေးဝန်ကြီး ဟာ့ရှ် ဗာဟန်ကပြောသည်။

ကာကွယ်ဆေးဖြန့်ချိမည့်နေ့ကို မသတ်မှတ်ရသေးသော်လည်း ၂၀၂၁ ခုနှစ်၊ ပထမ ၃ လအတွင်း စမ်းသပ်ကုသမှုရလဒ်များရှင်းရှင်းလင်းလင်းဖြစ်သင့်သည်ဟု ဖြည့်စွက်ပြောဆိုသည်။

တနင်္ဂနွေနေ့က အိန္ဒိယတွင်ကူးစက်အတည်ပြုလူနာ ၉၄၃၇၂ ယောက်နှင့် သေဆုံးသူ ၁၁၁၄ ယောက်ရှိပြီးနောက် ထိုကဲ့သို့ပြောခြင်းဖြစ်သည်။

Ref : India considers emergency authorisation of vaccine as COVID-19 cases surge

#PeopleMedia


Share this post