• Follow Us on

Home အိႏၵိယတြင္ COVID-19 တစ္ေန႔တာကူးစက္မႈစံခ်ိန္တင္ျမင့္တက္

အိႏၵိယတြင္ COVID-19 တစ္ေန႔တာကူးစက္မႈစံခ်ိန္တင္ျမင့္တက္

Share this post

လက္ခေနာင္း၊ ၾသဂုတ္ ၁၄

အိႏၵိယႏိုင္ငံတြင္ ၾကာသပေတးေန႔က COVID-19 တစ္ေန႔တာကူးစက္မႈေနာက္တစ္ႀကိမ္စံခ်ိန္က်ိဳးခဲ့ၿပီး ကူးစက္ခံရသူ ၆၇၀၀၀ နီးပါးတိုးခဲ့သည့္အျပင္ ကူးစက္ခံရသူမ်ားထဲတြင္ ၿပီးခဲ့သည့္ရက္ပိုင္းက ၀န္ႀကီးခ်ဳပ္နာရန္ဒရာ မိုဒီႏွင့္အတူ ဟိႏၵဴဘာသာေရးေက်ာင္းတစ္ေက်ာင္းအုတ္ျမစ္ခ်ရာတြင္ပါ၀င္ခဲ့သည့္ ဘုန္းေတာ္ႀကီးတစ္ပါးလည္းပါ၀င္ေနသည္။

အသက္ ၈၂ ႏွစ္႐ွိဟိႏၵဴဘုန္းေတာ္ႀကီး ႏြတ္တ်ာ ဂိုပယ္ဒတ္စ္သည္ ျပည္ထဲေရး၀န္ႀကီးအမစ္ ႐ွားအပါအ၀င္ မိုဒီ၏ထိပ္တန္းအစိုးရအဖြဲ႔၀င္ေနာက္ပိုင္း ကူးစက္ခံရသည့္ လူသိမ်ားသူျဖစ္လာသည္။

ၾကာသပေတးေန႔တြင္ ကူးစက္ခံရသူ ၆၆၉၉၉ ေယာက္႐ွိၿပီး စုစုေပါင္းကူးစက္ခံရသူ ၂.၄ သန္း႐ွိေနေၾကာင္း က်န္းမာေရး၀န္ႀကီးဌာနက ေၾကညာခဲ့ၿပီး အေမရိကန္ႏွင့္ဘရာဇီးႏိုင္ငံတို႔ေနာက္ တတိယကူးစက္မႈ အမ်ားဆံုးျဖစ္ေနသည္။

လေပါင္းမ်ားစြာၾကာခဲ့သည့္အလံုပိတ္ကန္႔သတ္မႈကို ေျဖေလွ်ာ့ခဲ့ၿပီးေနာက္ ၿပီးခဲ့သည့္သီတင္းပတ္ ၂ ပတ္အတြင္း အိႏိၵယႏိုင္ငံတြင္ တစ္ေန႔လွ်င္ကူးစက္ခံရသူ ၅၀၀၀၀ ၀န္းက်င္ပံုမွန္႐ွိေနသည္။

COVID-19 ေၾကာင့္ အိႏိၵယတြင္ေသဆံုးသူ ၄၇၀၃၃ ေယာက္႐ွိေနသည္။

မိုဒီႏွင့္ဒတ္စ္တို႔တက္ေရာက္ခဲ့သည့္အခမ္းအနားတြင္ က်န္လူမ်ား ကူးစက္ခံရျခင္းမ႐ွိဟု စစ္ေဆးခ်က္အေျ ဖထြက္လာေသာ္လည္း မိုဒီ၏႐ံုးကမူ တစံုတရာမွတ္ခ်က္ျပဳျခင္းမ႐ွိေသးေပ။

သီးျခားသတင္းတစ္ခုအေနျဖင့္ ကာကြယ္ေဆးအႀကီးအက်ယ္ထုတ္လုပ္ႏိုင္သည့္စြမ္းရည္ကိုအသံုးျပဳၿပီး အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္၀င္ေငြနည္းႏိုင္ငံမ်ားအတြက္ မည္သည့္ COVID-19 ကာကြယ္ေဆးကိုမဆို ထုတ္လုပ္ေပးသြားမည္ဟု ဗုဒၶဟူးေန႔တြင္ အိႏၵိယအစိုးရေကာ္မတီတစ္ရပ္ကေျပာသည္။

Ref : India reports record COVID-19 cases; priest who shared stage with Modi tests positive

#PeopleMedia

(unicode)
အိန္ဒိယတွင် COVID-19 တစ်နေ့တာကူးစက်မှုစံချိန်တင်မြင့်တက်
……………………………………………………

လက်ခနောင်း၊ ဩဂုတ် ၁၄

အိန္ဒိယနိုင်ငံတွင် ကြာသပတေးနေ့က COVID-19 တစ်နေ့တာကူးစက်မှုနောက်တစ်ကြိမ်စံချိန်ကျိုးခဲ့ပြီး ကူးစက်ခံရသူ ၆၇၀၀၀ နီးပါးတိုးခဲ့သည့်အပြင် ကူးစက်ခံရသူများထဲတွင် ပြီးခဲ့သည့်ရက်ပိုင်းက ဝန်ကြီးချုပ်နာရန်ဒရာ မိုဒီနှင့်အတူ ဟိန္ဒူဘာသာရေးကျောင်းတစ်ကျောင်းအုတ်မြစ်ချရာတွင်ပါဝင်ခဲ့သည့် ဘုန်းတော်ကြီးတစ်ပါးလည်းပါဝင်နေသည်။

အသက် ၈၂ နှစ်ရှိဟိန္ဒူဘုန်းတော်ကြီး နွတ်တျာ ဂိုပယ်ဒတ်စ်သည် ပြည်ထဲရေးဝန်ကြီးအမစ် ရှားအပါအဝင် မိုဒီ၏ထိပ်တန်းအစိုးရအဖွဲ့ဝင်နောက်ပိုင်း ကူးစက်ခံရသည့် လူသိများသူဖြစ်လာသည်။

ကြာသပတေးနေ့တွင် ကူးစက်ခံရသူ ၆၆၉၉၉ ယောက်ရှိပြီး စုစုပေါင်းကူးစက်ခံရသူ ၂.၄ သန်းရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့ပြီး အမေရိကန်နှင့်ဘရာဇီးနိုင်ငံတို့နောက် တတိယကူးစက်မှု အများဆုံးဖြစ်နေသည်။

လပေါင်းများစွာကြာခဲ့သည့်အလုံပိတ်ကန့်သတ်မှုကို ဖြေလျှော့ခဲ့ပြီးနောက် ပြီးခဲ့သည့်သီတင်းပတ် ၂ ပတ်အတွင်း အိန္ဒိယနိုင်ငံတွင် တစ်နေ့လျှင်ကူးစက်ခံရသူ ၅၀၀၀၀ ဝန်းကျင်ပုံမှန်ရှိနေသည်။

COVID-19 ကြောင့် အိန္ဒိယတွင်သေဆုံးသူ ၄၇၀၃၃ ယောက်ရှိနေသည်။

မိုဒီနှင့်ဒတ်စ်တို့တက်ရောက်ခဲ့သည့်အခမ်းအနားတွင် ကျန်လူများ ကူးစက်ခံရခြင်းမရှိဟု စစ်ဆေးချက်အ ြေဖထွက်လာသော်လည်း မိုဒီ၏ရုံးကမူ တစုံတရာမှတ်ချက်ပြုခြင်းမရှိသေးပေ။

သီးခြားသတင်းတစ်ခုအနေဖြင့် ကာကွယ်ဆေးအကြီးအကျယ်ထုတ်လုပ်နိုင်သည့်စွမ်းရည်ကိုအသုံးပြုပြီး အိမ်နီးချင်းနိုင်ငံများနှင့်ဝင်ငွေနည်းနိုင်ငံများအတွက် မည်သည့် COVID-19 ကာကွယ်ဆေးကိုမဆို ထုတ်လုပ်ပေးသွားမည်ဟု ဗုဒ္ဓဟူးနေ့တွင် အိန္ဒိယအစိုးရကော်မတီတစ်ရပ်ကပြောသည်။

Ref : India reports record COVID-19 cases; priest who shared stage with Modi tests positive

#PeopleMedia


Share this post