• Follow Us on

Home အိန္ဒိယတွင် PUBG ဂိမ်းဆော့စဉ် ဓာတုဆေးပုလင်းနှင့် ရေပုလင်း မှားသောက်၍ လူငယ်တစ်ဦး ပွဲချင်းပြီးသေဆုံး


Share this post





Ref; RT

#PeopleMedia

(Unicode)
အိန္ဒိယတွင် PUBG ဂိမ်းဆော့စဉ် ဓာတုဆေးပုလင်းနှင့် ရေပုလင်း မှားသောက်၍ လူငယ်တစ်ဦး ပွဲချင်းပြီးသေဆုံး ……………………………………………………………

အိန္ဒိယနိုင်ငံ၊ မာ့ဒရာ(မက်ဒ့်)ပရာဒေ့ရှ်ပြည်နယ်က အသက် ၂၀ အရွယ် ဂိမ်းဆော့သူတစ်ဦးဟာ ဂိမ်းဆော့ နေ့စဉ်ရေပုလင်းနဲ့ အန္တရာယ်ရှိတဲ့ ဓာတုဆေးရည်ပုလင်း မှားသောက်မိလို့ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

အဆိုပါလူငယ်ဟာ သူငယ်ချင်းဖြစ်သူနဲ့ ရထားအတူစီးလာစဉ် လတ်တလောနာမည်ကြီးနေတဲ့ PUBG ဂိမ်းကို စိတ်ဝင်တစားဆော့နေခဲ့ပြီး ရေပုလင်းနဲ့ ကျောက်မျက်ရတနာ သန့်ရှင်းရာမှာ အသုံးပြုတဲ့ဓာတုရေပုလင်းကို မှားသောက်မိတာဖြစ်ပါတယ်။

ဓာတုရေပုလင်းဟာ သူငယ်ချင်းဖြစ်သူက အလုပ်မှာ အသုံးပြုတာဖြစ်ပြီး ဂိမ်းဆော့တဲ့လူငယ်ဟာ ဂိမ်းကို စိတ်ဝင်စားနေတာကြောင့် ကျောပိုးအိတ်ကိုလည်း မှားဖွင့်ပြီး ရေပုလင်းနဲ့ မှားသောက်မိခဲ့တာဖြစ်ပါတယ်။

အဆိုပါလူငယ်ဟာ သောက်ပြီးတာလဲ လဲကျသွားခဲ့ပြီး ရထားက ဘူတာရုံတစ်ခုကို မဆိုက်ခင်မှာပဲ သေဆုံး သွားခဲ့တာဖြစ်ပါတယ်။ သက်ဆိုင်ရာက အလောင်းကို စစ်ဆေးမှုတွေပြုလုပ်လျက်ရှိပါတယ်။

Ref; RT

#PeopleMedia


Share this post