• Follow Us on

Home အိန္ဒိယထိန်းချုပ်ထားသော ကတ်ရှ်မီယားတွင် ဖုန်းဆက်သွယ်ရေးလိုင်း မှာ ပြန်လည်ရရှိ


Share this post



အိန္ဒိယအစိုးရအာဏာပိုင်တွေဟာ အိန္ဒိယက ခွဲထွက်ဖို့ တောင်းဆိုနေကြ သူတွေဟာ အင်တာနက်ကို အသုံးပြုပြီး ဆန္ဒပြဆူပူမှုတွေပြုလုပ်ကြဖို့ လှုံ့ဆော်မှာကို စိုးရိမ်ပူပန်နေတာဖြစ်ပါတယ်။


(unicode)
အိန္ဒိယထိန်းချုပ်ထားသော ကတ်ရှ်မီယားတွင် ဖုန်းဆက်သွယ်ရေးလိုင်း မှာ ပြန်လည်ရရှိ
…………………………………………………………………

အိန္ဒိယဘက်က ထိန်းချုပ်ထားတဲ့ ကတ်ရှ်မီးယားဒေသမှာ ပြီးခဲ့တဲ့တန င်္လာနေ့ကစတင်ပြီး ဆဲလ်ဖုန်း ဝန်ဆောင်မှုတွေကို ပြန်လည်ရရှိနေပြီဖြစ် ပါတယ်။ အိန္ဒိယအစိုးရဟာ ၄င်းတို့အုပ်ချုပ်ထားတဲ့ ကတ်ရှ်မီးယားဒေသ ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရုတ်သိမ်းခဲ့ပြီး ဆက်သွယ်ရေးဖြတ်တောက် ကာ လုံခြုံရေး တင်းကြပ်ထားတာ ၂ လကျော်ခဲ့ပြီဖြစ်ပါတယ်။

ကြိုးဖုန်းဆက်သွယ်ရေးကို ပြီးခဲ့တဲ့လကတည်းက ပြန်လည်ခွင့်ပြုပေး ထားခဲ့ပြီး မိုဘိုင်ဖုန်းနဲ့ အင်တာ နက်ဆက်သွယ်ရေးဝန်ဆောင်မှုကိုတော့ ဆက်လက်ပိတ်ပင်ထားခဲ့တာဖြစ်ပါတယ်။ အခုပြန်လည်အသုံးပြုနိုင် ပြီဖြစ်တဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုဟာ လကုန်ပေးစနစ်တွေအတွက် ပဲဖြစ်တယ်လို့ သိရပါတယ်။

အိန္ဒိယအစိုးရအာဏာပိုင်တွေဟာ အိန္ဒိယက ခွွဲထွက်ဖို့ တောင်းဆိုနေကြ သူတွေဟာ အင်တာနက်ကို အသုံးပြုပြီး ဆန္ဒပြဆူပူမှုတွေပြုလုပ်ကြဖို့ လှုံ့ဆော်မှာကို စိုးရိမ်ပူပန်နေတာဖြစ်ပါတယ်။

Ref; https://thepublicsradio.org


Share this post