• Follow Us on

Home အိန္ဒိယထံမှ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး သန်း ၃၀ ဘင်္ဂလားဒေ့ရှ်ဝယ်ယူမည်


Share this post

ဒါကာ၊ နိုဝင်ဘာ ၆
#PeopleMedia
(Unicode)
အိန္ဒိယထံမှ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး သန်း ၃၀ ဘင်္ဂလားဒေ့ရှ်ဝယ်ယူမည်
………………………………………..
ဒါကာ၊ နိုဝင်ဘာ ၆
အောက်စဖို့တက္ကသိုလ်နှင့်အက်စထရာဇီနီကာကုမ္ပဏီတို့ပူးပေါင်းထုတ်လုပ်နေသည့်ကိုရိုနာဗိုင်းရပ်စ်ကာကွယ် ဆေးသန်း ၃၀ ဝယ်ယူရန် အဖွဲ့အစည်း ၂ ခုနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့ ကြာသပတေးနေ့တွင် သဘောတူညီ ချက်လက်မှတ်ရေးထိုးခဲ့သည်။
ဘင်္ဂလားဒေ့ရှ်ကျန်းမာရေးဝန်ကြီးဌာနအရာရှိများ၊ အိန္ဒိယနိုင်ငံမှ သွေးရည်ကြည်အင်စတီကျူ့နှင့် ဘီဇင်ကို ဆေးကုမ္ပဏီတို့ ဒါကာမြို့တွင် လက်မှတ်ရေးထိုးခဲ့သည်။
ဇန်နဝါရီလတွင် ကာကွယ်ဆေးများတင်သွင်းမှုစတင်နိုင်ကြောင်းခန့်မှန်းထားသည်ဟု ဘင်္ဂလားဒေ့ရှ် ကျန်း မာရေးဝန်ကြီးကပြောသည်။
အခြားနိုင်ငံအများအပြားထံမှကာကွယ်ဆေးများရပါကဝယ်ယူရန်လည်း ဆွေးနွေးနေကြောင်းပြောသည်။
ဂာာကွယ်ဆေးများပြတ်တောက်ရန်မရှိကြောင်းအသေအချာပြောပြီး လိုအပ်ပါက ဘဏ္ဍာရေးဝန်ကြီးဌာနထံမှ ရန်ပုံငွေထပ်မံတောင်းခံသွားမည်ဟုလည်းပြောသည်။
ယခုနှစ်ကုန်တွင် နောက်ဆုံးအဆင့်စမ်းသပ်မှုအချက်အလက်များရမည်ဟု အက်စထရာဇီနီကာကုမ္ပဏီက ပြောထားသည်။
Ref : MoU signed to buy 30 million doses of Covid-19 vaccine
#PeopleMedia


Share this post