• Follow Us on

Home ဝယ်ယူထားသည့် COVID-19 ကာကွယ်ဆေး သန်း (၃၀) ကို ပို့ဆောင်ပေးခြင်းမရှိဘဲ အကြိမ်ကြိမ် ရွေ့ဆိုင်းနေကြောင်း မြန်မာအစိုးရ တုန့်ပြန်

ဝယ်ယူထားသည့် COVID-19 ကာကွယ်ဆေး သန်း (၃၀) ကို ပို့ဆောင်ပေးခြင်းမရှိဘဲ အကြိမ်ကြိမ် ရွေ့ဆိုင်းနေကြောင်း မြန်မာအစိုးရ တုန့်ပြန်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၆ (People Media)

 

မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများရရှိရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ နှစ်ကုန်ပိုင်းတွင် စတင်၍ GAVI COVAX Facility နှင့် ညှိနှိုင်းခြင်း၊ ကာကွယ်ဆေးထုတ်လုပ်သည့် မိတ်ဆွေနိုင်ငံများနှင့် နိုင်ငံ အချင်းချင်း(Bilateral)ညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး အိန္ဒိယနိုင်ငံမှ ကာကွယ်ဆေး (၃၀) သန်း doses အား စာချုပ်ချုပ်ဆို၍ ဝယ်ယူခဲ့သည်။

 

သို့ရာတွင် COVAX Facility မှ ၎င်း၏အခြား အဖွဲ့ဝင်နိုင်ငံများသို့ Round-4 အထိ ကာကွယ်ဆေးပံ့ပိုးမှုများ ဆောင်ရွက်ခဲ့သော်လည်း မြန်မာနိုင်ငံသို့ ယနေ့အချိန်အထိ ကာကွယ်ဆေးများ ပို့ဆောင်မှုမရှိသေးဘဲ ပို့ဆောင် မည့်ကာလနှင့်ပတ်သက်၍ အကြိမ်ကြိမ်ရွေ့ဆိုင်းခဲ့ခြင်းများရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် လိုက်သည်။

 

အိန္ဒိယနိုင်ငံအနေဖြင့် ၎င်းတို့နိုင်ငံတွင် ရောဂါဖြစ်ပွားမှုအခြေအနေအရ ကာကွယ်ဆေးတင်ပို့ခြင်းကို ခေတ္တ ရပ်ဆိုင်းထားခဲ့ပြီး မြန်မာနိုင်ငံသို့ ကာကွယ်ဆေး လှူဒါန်းမှု(၁.၅)သန်း doses နှင့် ဝယ်ယူမှု(၂)သန်း doses စုစုပေါင်း(၃.၅)သန်း doses သာ ပို့ဆောင်နိုင်ခဲ့ကြောင်း၊ ၂၀၂၁ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့အထိ နိုင်ငံတော်၏အစီအစဉ်ဖြင့် ဝယ်ယူထားသောကာကွယ်ဆေးနှင့် မိတ်ဆွေနိုင်ငံများမှ လှူဒါန်းသော ကာ ကွယ်ဆေး စုစုပေါင်း(၂၃) သန်းကျော် doses အား လက်ခံရရှိပြီးဖြစ်ကြောင်း သိရသည်။

 

၂၈-၇-၂၀၂၁ ရက်နေ့တွင် GAVI အဖွဲ့မှ လာရောက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ပြီး Pfizer ကာကွယ်ဆေးများ ပံ့ပိုးပေးနိုင်ရေး၊ UNICEF အဖွဲ့မှ အအေးလမ်းကြောင်း အဆင်သင့်ဖြစ်စေရေး အတွက် Ultra Cold Chain ရေခဲသေတ္တာများနှင့် ကာကွယ်ဆေးထိုးနှံရန် လိုအပ်သည့် ဆေးထိုးအပ် AD Syringe 0.5 ml များ ပံ့ပိုးပေးနိုင်ရေး ညှိနှိုင်းခဲ့ပါသည်။

 

၎င်းအပြင် ၃-၈-၂၀၂၁၊ ၁၂-၈-၂၀၂၁၊ ၁၆-၈-၂၀၂၁ နှင့် ၂၃-၈-၂၀၂၁ ရက်နေ့တို့တွင် GAVI, WHO နှင့် UNICEF အဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ရန်ကုန်မြို့အခြေစိုက် WHO, UNICEF ရုံးမှ ကိုယ်စားလှယ်များ ပါဝင်၍ ကမ္ဘာ့နိုင်ငံများသို့ Round-5 အဖြစ် ကာကွယ်ဆေးပံ့ပိုးရာတွင် မြန်မာနိုင်ငံသို့ Pfizer ကာကွယ်ဆေး (၄,၀၄၈,၂၀၀) doses နှင့် Round-6 အဖြစ် Sinovac ကာကွယ်ဆေး (၂,၂၄၂,၈၀၀) doses ကို ပံ့ပိုးပေးနိုင် ရေး ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သို့ဖြစ်ပါ၍ GAVI COVAX Facility မှ ကာကွယ်ဆေးများ ပံ့ပိုးပေးမည်ဆိုပါက Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှု၊ ကျန်းမာရေးဝန်ကြီးဌာန၊ နှီးနွှယ် ဝန်ကြီးဌာနများ၏ ဦးဆောင်မှုများနှင့် ကာကွယ်ဆေးထိုးနှံခြင်းစီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (Vaccine Management Information System-VMIS) ([email protected]) တွင်ထည့်သွင်း၍ စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။

 

Photo – မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး

 

#PeopleMedia #အိန္ဒိယ #COVID19

 

(unicode)


 

………………………………………………………………………………..

 


 


 


 


 


 


 


 


 

#PeopleMedia #အိန်ဒိယ #COVID19


Share this post