• Follow Us on

Home အိန္ဒိယနယ်စပ်ရှိ တပ်များကို အုပ်ချုပ်ရန် စစ်နယ်ဝန်းမှူးအသစ် တရုတ်ခန့်အပ်

အိန္ဒိယနယ်စပ်ရှိ တပ်များကို အုပ်ချုပ်ရန် စစ်နယ်ဝန်းမှူးအသစ် တရုတ်ခန့်အပ်

Share this post

နိုင်ငံတကာ၊ စက်တင်လာ ၇ (People Media)

 

တရုတ်သမ္မတချီကျင့်ဖင်သည် အိန္ဒိယနယ်စပ်နှင့်ထိစပ်နေသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ အနောက်ဘက်စစ်နယ်ဝန်းအကြီးအကဲအသစ်အဖြစ် ဗိုလ်ချုပ်ကြီးဝန်းဟေ့ဂျောင်ကို ခန့်အပ်လိုက်သည်။

 

တရုတ်ကွန်မြူနစ်ပါတီနှင့် ဗဟိုစစ်ကော်မရှင်၏ အကြီးအကဲလည်းဖြစ်သော သမ္မတချီကျင့်ဖင်သည် ဝန်းဟေ့ ဂျောင်နှင့် အခြားတပ်မတော်အရာရှိလေးဦးကို ဗိုလ်ချုပ်ကြီးများအဖြစ် ရာထူးတိုးမြှင့်ပေးလိုက်ခြင်းဖြစ်ကြောင်း၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တွင် ဗိုလ်ချုပ်ကြီးအဆင့်မှာ အဆင့်အမြင့်ဆုံးဖြစ်ကြောင်း နိုင်ငံပိုင် သတင်းဌာနက သြဂုတ်လ ၆ ရက်နေ့ ညကကြေညာခဲ့သည်။

 

ဗဟိုစစ်ကော်မရှင်သည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ တပ်ပေါင်းစုအဆင့်မြင့်စစ်ဌာနချုပ်တစ် ခုဖြစ်သည်။ လွန်ခဲ့သည့်နှစ်မေလအတွင်း နိုင်ငံအရှေ့ဘက်ရှိ လာဒက်ဒေသလိပ်ခဲတည်းလည်းအခြေအနေများ ဖြစ်ပွားပြီးနောက် ဗိုလ်ချုပ်ကြီးဝန်းဟေ့ဂျောင်သည် အနောက်ဘက်စစ်နယ်ဝန်းကိုအုပ်ချုပ်ရသော လေးဆက် စစ်နယ်ဝန်းမှူးဖြစ်သည်။

 

ဂေါ်ဝန်တောင်ကြား၊ ပန်ဂေါင်းဆိုနှင့် ဂိုဂရာဒေသတို့မှ နှစ်ဖက်တပ်များဆုတ်ခွာသွားကြသည့်အတွက် တင်းမာမှု များပြေလျော့ခဲ့သော်လည်း အရှေ့ဘက်လာဒက်ဒေသရှိ ဟော့စပရင်းနှင့် ဒက်ဆောင်းကဲ့သို့ ပဋိပက္ခဖြစ်ပွားနေ သည့်နယ်မြေများတွင်သဘာတူညီမှုများရရှိခြင်းမရှိသေးပေ။ တရုတ်၏အနောက်ဘက်စစ်နယ်ဝန်းသည် အိန္ဒိယ နယ်စပ်တစ်လျှောက်အပါအဝင် ရှင်းဂျန်းဒေသနှင့် တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို တာဝန်ယူကြီး ကြပ်နေရသော စစ်နယ်ဝန်းဖြစ်သည်။

 

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ရာထူးအဆင့်တိုးမြှင့်ခံရသော စစ်ခေါင်းဆောင်များမှာ အနောက် ဘက်စစ်နယ်ဝန်းမှူး ဗိုလ်ချုပ်ကြီးဝန်းဟေ့ဂျောင်၊ ဗဟိုစစ်နယ်ဝန်းမှူး ဗိုလ်ချုပ်ကြီးလင်ချောင့်ယောင်၊ တရုတ် ပြည့်သူ့လွတ်မြောက်ရေးတပ်မတော်ရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးဒုံဂျန်း၊ တရုတ် ပြည့်သူ့လွတ်မြောက်ရေး တပ်မတော်လေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးချောင်ဒင်းကွီးနှှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အမျိုးသားကာကွယ်ရေးတက္ကသိုလ်ဥက္ကဋ္ဌ ရှုရှားလင်းတို့ဖြစ်သည်။

သမ္မတချီကျင့်ဖင်သည် ဇူလိုင်လအတွင်းက ဗိုလ်ချုပ်ကြီးရှုကွီးလင်းအား အနောက်ဘက်စစ်နယ်ဝန်းမှူးအဖြစ် ခန့်အပ်ခဲ့သည်။ လက်ရှိအချိန်တွင် ဗိုလ်ချုပ်ကြီးရှုကွီးလင်းအား မည်သည့်နေရာတွင်ပြောင်းလဲခန့်အပ်ထား ကြောင်းမသိရပေ။ အသက် ၅၉ နှစ်အရွယ်ရှိ ဗိုလ်ချုပ်ကြီးရှုမျာ လာဒက်တင်းမာမှုများဖြစ်ပွားပြီးနောက် အ နောက်ဘက်စစ်နယ်ဝန်းအတွက် တတိယမြောက်စစ်နယ်ဝန်းမှူးအဖြစ် ခန့်အပ်ခြင်းခံရသူဖြစ်သည်။

 

လက်ရှိ အနောက်ဘက်စစ်နယ်ဝန်းမှူးအဖြစ် ခန့်အပ်ထားသည့် အသက် ၅၈ နှစ်အရွယ် ဗိုလ်ချုပ်ကြီးဝန်းဟေ့ ဂျောင်မှာ အစောပိုင်းကာလက တိဘက်စစ်ခရိုင်အကြီးအကဲအဖြစ် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကတည်းကတာဝန် ယူဆောင်ရွက်ခဲ့ရသူဖြစ်သည်။

 

Ref: China names new army commander to head troops along Indian border

 

#PeopleMedia

 

(unicode)


…………………………………………………………………..

 


 


 


 


 


 



 


 

Ref: China names new army commander to head troops along Indian border

 

#PeopleMedia


Share this post