• Follow Us on

Home အိန္ဒိယနယ်စပ် ဆက်သွယ်ရေးဖုန်းလိုင်းများ ဘင်္ဂလားဒေ့ရှ်အစိုးရဖြတ်ေ တာက်


Share this post





Ref; Dhaka Tribune


(Unicode)
အိန္ဒိယနယ်စပ် ဆက်သွယ်ရေးဖုန်းလိုင်းများ ဘင်္ဂလားဒေ့ရှ်အစိုးရဖြတ် ေတာက်
……………………………………………………………

ဘင်္ဂလားဒေ့ရှ်အစိုးရဟာ လုံခြုံရေးအကြောင်းပြတွေနဲ့ အိန္ဒိယနယ်စပ်တစ်လျှောက် ဆက်သွယ်ရေးဖုန်းလိုင်း တွေအားလုံးကို ဖြတ်တောက်ဖို့ ညွှန်ကြားခဲ့ပါတယ်။

အခုလို ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ကို Dhaka Tribune က မေးမြန်းခဲ့ရာမှာတော့ အခုကိစ္စကို မသိခဲ့ဘူးလို့ ဖြေကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဆက်သွယ်ရေးအာဏာပိုင်များကော်မရှင်(BTRC) က အိန္ဒိယနယ်စပ် ၁ မိုင်ပတ်လည်အတွင်း တနင်္လာနေ့ကစတင်ပြီး ဆက်သွယ်ရေးဖုန်းလိုင်းတွေရရှိတော့မှာမဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

BTRC ကတော့ အစိုးရရဲ့ ညွှန်ကြားချက်အရ အခုလို ဆက်သွယ်ရေးဖုန်းလိုင်းတွေဖြတ်တောက်ခြင်း ဖြစ်တယ် လို့ မီဒီယာတွေကို ဖြေကြားထားပါတယ်။

Ref; Dhaka Tribune

#PeopleMedia #International


Share this post