• Follow Us on

Home အိႏၵိယနိုင္ငံက ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆး ထုတ္လုပ္ျခင္းျဖင့္ လူသားမ်ားကို ကယ္တင္မည္ဟု ဝန္ႀကီးခ်ဳပ္ မိုဒီ ေျပာ

အိႏၵိယနိုင္ငံက ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆး ထုတ္လုပ္ျခင္းျဖင့္ လူသားမ်ားကို ကယ္တင္မည္ဟု ဝန္ႀကီးခ်ဳပ္ မိုဒီ ေျပာ

Share this post

နိုင္ငံတကာ၊ စက္တင္ဘာ ၂၇
အိႏၵိယနိုင္ငံမွ ထုတ္လုပ္မည့္ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆးပမာဏမွာ တစ္ကမၻာလုံး၌ ကိုဗစ္တိုက္ ဖ်က္ေရးအတြက္ အလုံအေလာက္ ရရွိနိုင္မည္ျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္ နာရင္ဒရာမိုဒီက အာမခံလိုက္သည္။
၇၅ ႏွစ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံကို ေပးပို႔တဲ့ စေနေန႔ ဗြီဒီယိုမိန႔္ခြန္းအတြင္း ဝန္ႀကီးခ်ဳပ္ မိုဒီက ထည့္သြင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။
အိႏၵိယနိုင္ငံက ကိုဗစ္ကာကြယ္ေဆး စမ္းသပ္မႈအဆင့္ ၃ သို႔ ေရာက္ေနၿပီး လူအမ်ားအျပားႏွင့္ စမ္း သပ္မႈမ်ားက ထိေရာက္ေဘးကင္းၿပီး စံသတ္မွတ္ခ်က္ရွိတဲ့ ကာကြယ္ေဆးအျဖစ္ အတည္ျပဳလာနိုင္မည္ဟု ယုံ ၾကည္ေၾကာင္း၊ ကာကြယ္ေဆး ျဖန႔္ေဝေပးဖို႔ လိုအပ္တဲ့နိုင္ငံတိုင္းအတြက္ ေဆးသိုေလွာင္ေရးနဲ႔ အေအးခန္းအ တြက္ပါ အကူအညီေပးမည္ဟု မိုဒီက ဆိုသည္။
သိပၸံပညာရွင္မ်ားထံမွ အတည္ျပဳခ်က္ရရွိလ်င္ အိႏၵိယနိုင္ငံက ဗိုင္းရပ္စ္ကာကြယ္ေဆးမ်ား အေျမာက္အ ျမားထုတ္လုပ္ရန္ အသင့္ရွိေၾကာင္း ၄င္းက ၿပီးခဲ့တဲ့ ၿပီးခဲ့သည့္လအတြင္း ေျပာၾကားခဲ့သည္။
ကုလသမဂၢ အေထြေထြ အတြင္းေရးမႉးခ်ဳပ္ အန္တိုနီယိုဂူတာရက္စ္က လူတိုင္းတတ္နိုင္ၿပီး ေနရာတိုင္း၌ အလယ္တကူဝယ္လို႔ရနိုင္မည့္ ျပည္သူ႔ကာကြယ္ေဆးတရပ္ ေပၚလာဖို႔ကို တြန္းအားေပးခဲ့ေပးခဲ့ေသာ္လည္း နိုင္ငံတစ္ခ်ိဳ႕က ၄င္းတို႔၏ျပည္သူေတြအတြက္သာ ရည္ရြယ္ ထုတ္ေနသည့္အတြက္ စိတ္ပ်က္မိပါေၾကာင္း၊ တရားမၽွတမႈမရွိပေၾကာင္း ေျပာၾကားခဲ့သည္။
တစ္ကမၻာလုံးရွိ ျပည္သူမ်ား ကိုဗစ္-၁၉ ကပ္ေရာဂါမွ အကာအကြယ္မေပးနိုင္သေရြ႕ေတာ့ ဘယ္သူမၽွ ထို ကပ္ေရာဂါမွ လြတ္ေျမာက္မည္မဟုတ္ေၾကာင္း ၄င္းက ဆိုသည္။
–ကိုးကား-
စီအင္န္ေအ
Ref; PM Modi pledges to use India’s vaccine-production capacity to help ‘all humanity’

(unicode)

အိန္ဒိယနိုင်ငံက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထုတ်လုပ်ခြင်းဖြင့် လူသားများကို ကယ်တင်မည်ဟု ဝန်ကြီးချုပ် မိုဒီ ပြော
နိုင်ငံတကာ၊ စက်တင်ဘာ ၂၇
အိန္ဒိယနိုင်ငံမှ ထုတ်လုပ်မည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပမာဏမှာ တစ်ကမ္ဘာလုံး၌ ကိုဗစ်တိုက် ဖျက်ရေးအတွက် အလုံအလောက် ရရှိနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက အာမခံလိုက်သည်။
၇၅ နှစ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို ပေးပို့တဲ့ စနေနေ့ ဗွီဒီယိုမိန့်ခွန်းအတွင်း ဝန်ကြီးချုပ် မိုဒီက ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံက ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှုအဆင့် ၃ သို့ ရောက်နေပြီး လူအများအပြားနှင့် စမ်း သပ်မှုများက ထိရောက်ဘေးကင်းပြီး စံသတ်မှတ်ချက်ရှိတဲ့ ကာကွယ်ဆေးအဖြစ် အတည်ပြုလာနိုင်မည်ဟု ယုံ ကြည်ကြောင်း၊ ကာကွယ်ဆေး ဖြန့်ဝေပေးဖို့ လိုအပ်တဲ့နိုင်ငံတိုင်းအတွက် ဆေးသိုလှောင်ရေးနဲ့ အအေးခန်းအ တွက်ပါ အကူအညီပေးမည်ဟု မိုဒီက ဆိုသည်။
သိပ္ပံပညာရှင်များထံမှ အတည်ပြုချက်ရရှိလျင် အိန္ဒိယနိုင်ငံက ဗိုင်းရပ်စ်ကာကွယ်ဆေးများ အမြောက်အ မြားထုတ်လုပ်ရန် အသင့်ရှိကြောင်း ၄င်းက ပြီးခဲ့တဲ့ ပြီးခဲ့သည့်လအတွင်း ပြောကြားခဲ့သည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က လူတိုင်းတတ်နိုင်ပြီး နေရာတိုင်း၌ အလယ်တကူဝယ်လို့ရနိုင်မည့် ပြည်သူ့ကာကွယ်ဆေးတရပ် ပေါ်လာဖို့ကို တွန်းအားပေးခဲ့ပေးခဲ့သော်လည်း နိုင်ငံတစ်ချို့က ၄င်းတို့၏ပြည်သူတွေအတွက်သာ ရည်ရွယ် ထုတ်နေသည့်အတွက် စိတ်ပျက်မိပါကြောင်း၊ တရားမျှတမှုမရှိပကြောင်း ပြောကြားခဲ့သည်။
တစ်ကမ္ဘာလုံးရှိ ပြည်သူများ ကိုဗစ်-၁၉ ကပ်ရောဂါမှ အကာအကွယ်မပေးနိုင်သရွေ့တော့ ဘယ်သူမျှ ထို ကပ်ရောဂါမှ လွတ်မြောက်မည်မဟုတ်ကြောင်း ၄င်းက ဆိုသည်။
–ကိုးကား-
စီအင်န်အေ
Ref; PM Modi pledges to use India’s vaccine-production capacity to help ‘all humanity’

Share this post