• Follow Us on
Latest News

Home အိန္ဒိယနိုင်ငံက ဘင်္ဂါလီဒုက္ခသည် ၁၅၀ ကျော်ကို မြန်မာနိုင်ငံသို့ ပြည်နှင်ဒဏ်ပေး

အိန္ဒိယနိုင်ငံက ဘင်္ဂါလီဒုက္ခသည် ၁၅၀ ကျော်ကို မြန်မာနိုင်ငံသို့ ပြည်နှင်ဒဏ်ပေး

Share this post

နိုင်ငံတကာ၊ မတ် ၉ (People Media)

အိန္ဒိယရဲတပ်ဖွဲ့က နိုင်ငံမြောက်ပိုင်း ဂျန်မူးနှင့် ကက်ရှ်မီးယားဒေသ၌ တရားမဝင် နေထိုင်ခဲ့သည့် ဘင်္ဂလီ လူမျိုး ၁၅၀ ကျော်ကို ထိန်းသိမ်းကာ မြန်မာနိုင်ငံသို့ ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း တာဝန်ရှိသူနှစ်ဦးက ပြောကြားခဲ့ သည်။

ဒါဇင်နှင့်ချီသော ဘင်္ဂလီများကို ယခုအခါ ဟီရာနာဂါအကျဉ်းထောင်၌ ထိန်းသိမ်းထားသည်။ “တရားဝင် အထောက်အထားမရှိဘဲ နေထိုင်တဲ့ ဘင်္ဂလီလူမျိုးတွေကို မြန်မာနိုင်ငံကို ပြန်ပို့မှာဖြစ်ပါတယ်” ဟု အမည်မဖော် လိုသည့် တာဝန်ရှိသူတစ်ဦးက ပြောသည်။

အိန္ဒိယနိုင်ငံက အဆိုပါ ဘင်္ဂလီဒုက္ခသည်များ ပြည်နှင်ဒဏ်ပေးမှု လုပ်ငန်းစဉ်ကို စတင်ခဲ့ကြောင်း ၎င်းက ပြောသည်။ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၏ ဟိန္ဒူအမျိုးသားရေးအစိုးရအဖွဲ့က ဘင်္ဂလီများကို တရားမဝင်နေထိုင်သူ များဖြစ်ပြီး လုံခြုံရေးအရ ခြိမ်းခြောက်မှုရှိသည်ဟု သတ်မှတ်ထားသည်။

အိန္ဒိယနိုင်ငံ၌ နေထိုင်လျက်ရှိသည့် ထောင်ချီသော ဘင်္ဂလီများကို နေရပ်ပြန်လည်ပို့ဆောင်ရန် အစိုးရက စီစဉ်လျက်ရှိသည်။ အိန္ဒိယနိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံပြင်ပ၌ ဘင်္ဂလီလူမျိုး အများဆုံးနေထိုင်ရာ နေရာတစ်ခု ဖြစ်သည်။

အကြမ်းဖက်မှုများနှင့် နှစ်ပေါင်းများစွာကြာ ဖိနှိပ်စက်မှုကြောင့် ထောင်ချီသော ဘင်္ဂလီဒုက္ခသည်များက မြန်မာနိုင်ငံရှိ နေရပ်ပြန်ရန် သင့်တော်သောအချိန်မဟုတ်သေးဟု မှတ်ယူကြသည်။

အန္တရာယ်ရှိသော နေရပ်သို့ ဒုက္ခသည်များ ပြန်လည်ပို့ဆောင်မှုက အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုး ဖောက်သည်ဆိုသော ကုလသမဂ္ဂ၏ရပ်တည်ချက်ကို အိန္ဒိယနိုင်ငံက ပယ်ချခဲ့သည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ဘင်္ဂလီလူမျိုး အများအပြား နေရပ်စွန့်ခွာကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့သည်။

Ref; India begins deporting more than 150 Rohingya refugees to Myanmar

(unicode)
……………………………………….









Ref; India begins deporting more than 150 Rohingya refugees to Myanmar


Share this post