• Follow Us on

Home အိန္ဒိယနိုင်ငံက မာလာဘာ ရေတပ်ဆိုင်ရာလေ့ကျင့်မှုအတွက် စစ်သင်္ဘောလေးစင်း စေလွှတ်

အိန္ဒိယနိုင်ငံက မာလာဘာ ရေတပ်ဆိုင်ရာလေ့ကျင့်မှုအတွက် စစ်သင်္ဘောလေးစင်း စေလွှတ်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၄ (People Media)

 

အိန္ဒိယနိုင်ငံက ယခုလအစောပိုင်းမှစတင်ကာ တောင်တရုတ်ပင်လယ်၊ အနောက်ပိုင်းပစိဖိတ်နှင့် အရှေ့အာရှ ဒေသသို့ စစ်သင်္ဘောလေးစင်းပါ ရေတပ်အုပ်စု စေလွှတ်လျက်ရှိသည်။

 

အနောက်ပိုင်းပစိဖိတ်ဒေသ၌ ဂျပန်၊ သြစတြေးလျ၊ အမေရိကန်နိုင်ငံမှ ရေတပ်ဖွဲ့များနှင့်အတူ မာလာဘာ စစ်ရေးလေ့ကျင့်မှုတွင် အဆိုပါစစ်သင်္ဘောများက ပါဝင်မည်ဟု အိန္ဒိယရေတပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗီဗက်မာ ဝယ်က ပြောကြားခဲ့သည်။

 

Quad အဖွဲ့ဝင်လေးနိုင်ငံမှ ရေတပ်ဖွဲ့များက ရေတပ်ဆိုင်ရာလေ့ကျင့်မှုပြုလုပ်ခြင်းမှာ ဒုတိယအကြိမ်မြောက် ဖြစ်ကြောင်းသိရသည်။

 

တရုတ်နိုင်ငံက မာလာဘာ ရေတပ်ဆိုင်ရာလေ့ကျင့်မှုနှင့်ပတ်သက်၍ သံသယရှိနေပြီး အဆိုပါ စစ်ရေး လေ့ကျင့်မှုက အင်ဒို-ပစိဖိတ်ဒေသတွင်း သြဇာလွှမ်းမိုးရန် ကြိုးပမ်းမှုတစ်ခုအဖြစ် ရှုမြင်သည်။

 

အိန္ဒိယရေတပ်၏ စစ်သင်္ဘောအုပ်စုတွင် ပဲ့ထိန်းဖျက်သင်္ဘော ရန်ဗီဂျေး၊ ပဲ့ထိန်း ဖရီးဂိတ်သင်္ဘော ရှီဗာလစ်၊ ကော်ဗက်စစ်သင်္ဘော ကတ်မတ်နှင့် ပဲ့ထိန်းကော်ဗက်ရေယာဉ် ကိုရာတို့ဖြင့် ဖွဲ့စည်းထားကြောင်း မာဝယ်က ပြောသည်။

 

အဆိုပါစစ်သင်္ဘောများက ဗီယက်နမ်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ သြစတြေးလျနိုင်ငံမှ ရေတပ်ဖွဲ့များနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများပြုလုပ်ရန် စီစဉ်ထားသည်။

 

မာလာဘာ စစ်ရေးလေ့ကျင့်မှုကို အိန္ဒိယနှင့် အမေရိကန်ရေတပ်ဖွဲ့ကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုအဖြစ် ၁၉၉၂ ခုနှစ်တွင် စတင်ခဲ့သည်။

 

၂၀၁၅ ခုနှစ်မှစ၍ ဂျပန်နိုင်ငံက အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် အမြဲတမ်းပါဝင်သော အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်လာ ခဲ့သည်။

 

အိန္ဒိယရေတပ်က အိန္ဒိယသမုဒ္ဒရာအတွင်း တရုတ်နိုင်ငံ၏ လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်ရန် အင်အား တိုးချဲ့မှုများ လုပ်ဆောင်လျက်ရှိသည်။

 

Ref; Indian Navy to deploy 4 frontline warships early August in next edition of Malabar exercise

 

#PeopleMedia #EPN #international #အိန္ဒိယ

 

(unicode)


…………………………………………………….

 


 


 


 


 


 


 


 


 


 


 

Ref; Indian Navy to deploy 4 frontline warships early August in next edition of Malabar exercise

 

#PeopleMedia #EPN #international #အိန်ဒိယ


Share this post