• Follow Us on

Home အိန္ဒိယနိုင်ငံက AK-203 ချေမှုန်းရေးရိုင်ဖယ်သေနတ်များ ဝယ်ယူရန် ရုရှားနိုင်ငံနှင့် သဘောတူညီချက် လက်မှတ်ရေးထိုး

အိန္ဒိယနိုင်ငံက AK-203 ချေမှုန်းရေးရိုင်ဖယ်သေနတ်များ ဝယ်ယူရန် ရုရှားနိုင်ငံနှင့် သဘောတူညီချက် လက်မှတ်ရေးထိုး

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၇ (People Media)

 

ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်၏ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ အလည်အပတ်ခရီးစဉ်မတိုင်မီ ဒီဇင်ဘာ ၆ ရက်တွင် AK-203 ချေမှုန်းရေးရိုင်ဖယ်သေနတ် အလက် ၆၀၀,၀၀၀ ကျော် ဝယ်ယူရေးအတွက် ရုရှားနိုင်ငံနှင့် သဘောတူညီချက်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

အချိန်အတော်ကြာ မျှော်လင့်စောင့်ဆိုင်းခဲ့ရသည့် သဘောတူညီချက်တွင် အိန္ဒိယနိုင်ငံ Uttar Pradesh ပြည် နယ်ရှိ စက်ရုံတစ်ရုံ၌ ရိုင်ဖယ်သေနတ်များ ပူးတွဲထုတ်လုပ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ သဘောတူညီချက်ကို အိန္ဒိယနိုင်ငံသို့ အလည်အပတ်ခရီးစဉ် ရောက်ရှိနေသည့် ရုရှားကာကွယ်ရေး ဝန်ကြီး Sergey Shoigu နှင့် အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီး Rajnath Singh တို့အကြား ပြုလုပ်ခဲ့သော အစည်းအဝေးအတွင်း လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

 

ယင်းလက်မှတ်ရေးထိုးနိုင်မှုသည် ဒီဇင်ဘာ ၆ ရက် ညနေပိုင်းတွင် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီနှင့် ရုရှားနိုင်ငံ သမ္မတ ပူတင်တို့အကြား ပြုလုပ်ရန် စီစဉ်ထားသည့် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

(Xinhua)

 

ပုံစာ – AK-203 ချေမှုန်းရေးရိုင်ဖယ်တစ်လက်အား တွေ့ရစဉ် (ဓာတ်ပုံ – အင်တာနက်)

 

#PeopleMedia #နိုင်ငံတကာ

(unicode)


……………………………………………………………

 


 


 


 


 


 

(Xinhua)

 


 



Share this post