• Follow Us on

Home အိန္ဒိယနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ဒေသတွင်းရေတပ်များတွေ့ဆုံပွဲ (MILAN2022) သို့ တက်ရောက်ခဲ့ သည့် စစ်ရေယာဉ်(ဆင်ဖြူရှင်) ပြန်လည်ရောက်ရှိ

အိန္ဒိယနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ဒေသတွင်းရေတပ်များတွေ့ဆုံပွဲ (MILAN2022) သို့ တက်ရောက်ခဲ့ သည့် စစ်ရေယာဉ်(ဆင်ဖြူရှင်) ပြန်လည်ရောက်ရှိ

Share this post

နေပြည်တော်၊ မတ် ၉

 

အိန္ဒိယနိုင်ငံ Visakhapatnam မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ဒေသတွင်းရေတပ်များ တွေ့ဆုံပွဲ (MILAN2022) အခမ်းအနားသို့ တက်ရောက်ခဲ့သည့် စစ်ရေယာဉ် (ဆင်ဖြူရှင်) သည် ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ အမှတ်(၃) ရေတပ်ဆိပ်ခံတံတား(သီလဝါ) သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါဒေသတွင်း ရေတပ်များ တွေ့ဆုံပွဲ (MILAN-2022)ကို ဖေဖော်ဝါရီ ၂၅ ရက်မှ မတ် ၄ ရက်အထိ ကျင်း ပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမှ စစ်ရေယာဉ်(ဆင်ဖြူရှင်)အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ စစ်ရေယာဉ် ၂၂ စင်း ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ခရီးစဉ်အတွင်း ဆိပ်ကမ်းအခြေပြုစဉ် International Maritime Seminar သို့ နိုင်ငံပေါင်း ၃၉ နိုင်ငံနှင့်အတူ တက်ရောက်ခြင်း၊ Subject Matter Expert Exchange Program သို့ တက်ရောက်ဆွေးနွေးခြင်း၊ ဆိပ်ကမ်း အခြေပြုလေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ International City Parade ၌ ပါဝင်ဆောင်ရွက်ခြင်း၊ MILAN Village တွင် နိုင်ငံတကာ ယဉ်ကျေးမှုပြပွဲ၌ ကပြဖျော်ဖြေခြင်း၊ ရိုးရာအစားအစာများ တည်ခင်း ဧည့်ခံခြင်းနှင့် မြန်မာ့ရိုးရာလက်မှုပစ္စည်းများ ခင်းကျင်းပြသခြင်း၊ ဗုဒ္ဓဂယာနှင့် တာ့ခ်ျမဟာ (Taj Mahal) သို့ သွားရောက် လည်ပတ်ခြင်းများ ဆောင်ရွက်ကြပြီး နိုင်ငံတကာစစ်ရေယာဉ်များနှင့် ပူးပေါင်း၍ ပင်လယ်ပြင် လေ့ကျင့်ခန်းများ တွင် ပါဝင်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


……………………………………

 


 


 


 


 

#PeopleMedia


Share this post