• Follow Us on

Home အိႏၵိယနိုင္ငံမွ ထုတ္လုပ္သည့္ COVID-19 ကာကြယ္ေဆးမ်ား ဝယ္ယူေရးအတြက္ အိႏိၵယ – ျမန္မာေဆြးေႏြး

အိႏၵိယနိုင္ငံမွ ထုတ္လုပ္သည့္ COVID-19 ကာကြယ္ေဆးမ်ား ဝယ္ယူေရးအတြက္ အိႏိၵယ – ျမန္မာေဆြးေႏြး

Share this post

ရန္ကုန္၊ ဒီဇင္ဘာ – ၂၃ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

အိႏၵိယနိုင္ငံ၊ Serum Institute of India မွ COVID-19 ကာကြယ္ေဆးမ်ားကို ျမန္မာနိုင္ငံမွ ဝယ္ယူေရးနဲ႔ပတ္ သက္ၿပီး အိႏိၵယ-ျမန္မာ ေဆြးေႏြးခဲ့ၾကသည္။

အိႏၵိယနိုင္ငံထုတ္ COVID-19 ကာကြယ္ေဆးမ်ားဝယ္ယူရန္ ျမန္မာနိုင္ငံဆိုင္ရာ အိႏၵိယနိုင္ငံ သံအမတ္ႀကီး H.E. Mr. Saurabh Kumar ႏွင့္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ျမင့္ေထြးသည္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ ႐ုံးအမွတ္ (၄)၊ ေနျပည္ေတာ္၌ ေတြ႕ဆုံခဲ့သည္။

ထုိသုိ႔ေတြ႕ဆုံရာ၌ ျမန္မာနိုင္ငံတြင္ ေဆးဝါးမ်ား အထူးသျဖင့္ အရည္အေသြးျပည့္ဝသည့္ ပဋိဇီဝေဆးဝါးမ်ား ထုတ္လုပ္ရန္အတြက္ ျမန္မာနိုင္ငံမွ ေဆးဝါးထုတ္လုပ္ေရးစက္႐ုံမ်ား၊ ကုမၸဏီမ်ားႏွင့္ အိႏၵိယနိုင္ငံမွ ေဆးဝါးထုတ္လုပ္ေရးကုမၸဏီမ်ား ပူးေပါင္းေဆာင္႐ြက္မႈမ်ားအတြက္ ခ်ိတ္ဆက္ပံ့ပိုးေပးရန္ကိစၥတုိ႔ ေဆြးေႏြးခဲ့ၾကေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။

အဆုိပါ ေဆြးေႏြးပြဲ၌ တိုင္းရင္းေဆးပညာ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ႏွစ္နိုင္ငံပူးေပါင္းေဆာင္႐ြက္ေရး ကိစၥ၊ေနျပည္ေတာ္တြင္ ႏွစ္နိုင္ငံခ်စ္ၾကည္ေရးအျဖစ္ အဆင့္ျမင့္ေဆး႐ုံႀကီးတစ္ခုထူေထာင္ေရး အျမန္ဆုံး ဆက္လက္ ေဆာင္႐ြက္မည့္ကိစၥရပ္မ်ားပါဝင္သည္။

အလားတူ အိႏၵိယအစုိးရသည္ ျမန္မာႏုိင္ငံရွိ ခ်င္းျပည္နယ္ရွိ ၿမိဳ႕နယ္ႏွင့္ ၿမိဳ႕နယ္ခြဲ (၁၆) ေနရာတို႔တြင္ အေရးေပၚလူနာတင္ယာဥ္ (၁၆) စီး ေထာက္ပံ့နိုင္ေရး ေဆာင္ရြက္လ်က္သည္။

#PeopleMedia #အိႏၵိယ #ျမန္မာ #COVID

(unicode)
အိန္ဒိယနိုင်ငံမှ ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးများ ဝယ်ယူရေးအတွက် အိန္ဒိယ – မြန်မာဆွေးနွေး
………………………………………………………………..

ရန်ကုန်၊ ဒီဇင်ဘာ – ၂၃ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

အိန္ဒိယနိုင်ငံ၊ Serum Institute of India မှ COVID-19 ကာကွယ်ဆေးများကို မြန်မာနိုင်ငံမှ ဝယ်ယူရေးနဲ့ပတ် သက်ပြီး အိန္ဒိယ-မြန်မာ ဆွေးနွေးခဲ့ကြသည်။

အိန္ဒိယနိုင်ငံထုတ် COVID-19 ကာကွယ်ဆေးများဝယ်ယူရန် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Saurabh Kumar နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာ၌ မြန်မာနိုင်ငံတွင် ဆေးဝါးများ အထူးသဖြင့် အရည်အသွေးပြည့်ဝသည့် ပဋိဇီဝဆေးဝါးများ ထုတ်လုပ်ရန်အတွက် မြန်မာနိုင်ငံမှ ဆေးဝါးထုတ်လုပ်ရေးစက်ရုံများ၊ ကုမ္ပဏီများနှင့် အိန္ဒိယနိုင်ငံမှ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်မှုများအတွက် ချိတ်ဆက်ပံ့ပိုးပေးရန်ကိစ္စတို့ ဆွေးနွေးခဲ့ကြကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဆွေးနွေးပွဲ၌ တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ကိစ္စ၊နေပြည်တော်တွင် နှစ်နိုင်ငံချစ်ကြည်ရေးအဖြစ် အဆင့်မြင့်ဆေးရုံကြီးတစ်ခုထူထောင်ရေး အမြန်ဆုံး ဆက်လက် ဆောင်ရွက်မည့်ကိစ္စရပ်များပါဝင်သည်။

အလားတူ အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံရှိ ချင်းပြည်နယ်ရှိ မြို့နယ်နှင့် မြို့နယ်ခွဲ (၁၆) နေရာတို့တွင် အရေးပေါ်လူနာတင်ယာဉ် (၁၆) စီး ထောက်ပံ့နိုင်ရေး ဆောင်ရွက်လျက်သည်။

#PeopleMedia #အိန္ဒိယ #မြန်မာ #COVID


Share this post