• Follow Us on

Home အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး (၆ ဒသမ ၇) သန်း ရောက်ရှိ

အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး (၆ ဒသမ ၇) သန်း ရောက်ရှိ

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ (People Media)

 

အိန္ဒိယနိုင်ငံ Serum Institute of India Private Limited (SII) နှင့် Serum Institute Life Sciences Priv ate Limited မှ ဝယ်ယူသော COVID SHIELD ကိုဗစ်-၁၉ ကာကွယ်ဆေး(၆ ဒသမ ၇)သန်း ပထမအသုတ် တင်ဆောင်လာသည့် Spicejet လေကြောင်းလိုင်းလေယာဉ်သည် အိန္ဒိယနိုင်ငံ မွန်ဘိုင်းမှ ယမန်နေ့ နံနက်ပိုင်း တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြောင်း သိရသည်။

 

အဆိုပါ Spicejet လေကြောင်းလိုင်းဖြင့် ရောက်ရှိလာသည့် COVIDSHIELD ကိုဗစ်-၁၉ ကာကွယ်ဆေး (၆ ဒသမ ၇)သန်း (10 doses per Vial ထုတ်ပိုးမှုပုံစံ) ဆေးအလုံးရေ (၆၇၀၀၀၀)သိန်း ဆေးပုံးအရေအတွက် ( ၅၅၉) ပုံး အလေးချိန် ၁၇၅၉၆ ကီလိုဂရမ်တို့အား ကျန်းမာရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမင်းနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လက်ခံခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံ၊ Serum Institute of India Private Limited (SII) နှင့် Serum Institute Life Sciences Private Limited မှ စုစုပေါင်း COVIDSHIELD ကိုဗစ်-၁၉ ကာကွယ်ဆေးကာကွယ်ဆေး (၁၃ ဒသမ ၄)သန်းပြည့်သည်အထိ ဝယ်ယူထားရာ ဒုတိယအသုတ် ထပ်မံရောက်ရှိမည်ဖြစ်ပြီး၊ အဆိုပါ COVID SHIELD ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ဆေးတစ်ပုလင်းလျှင် လူ(၁၀)ယောက် ထိုးနိုင်ပြီး လူဦးရေ doses (၆၇၀၀၀၀၀) အတွက်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia #COVID19 #အိန္ဒိယ_မြန်မာ

 

(unicode)


………………………………………………………

 


 


 


 


 

#PeopleMedia #COVID19 #အိန်ဒိယ_မွနျမာ


Share this post