• Follow Us on

Home အိႏၵိယနိုင္ငံသို႔ က်မ္းစာသင္သြားသင္သည္ ျမန္မာႏုိင္ငံသား ၁၆ ဦး ျပန္လည္ေရာက္ရွိ

အိႏၵိယနိုင္ငံသို႔ က်မ္းစာသင္သြားသင္သည္ ျမန္မာႏုိင္ငံသား ၁၆ ဦး ျပန္လည္ေရာက္ရွိ

Share this post

ကေလး၊ ေမ – ၂၃

အိႏၵိယနိုင္ငံ၊ ဘင္းကေလာ၌ က်မ္းစာသင္ေက်ာင္းတက္ေရာက္ေနသည့္ေက်ာင္းသား ၁၆ ဦးသည္ ယမန္ေန႔ ည ၁၀ နာရီခြဲခန္႔က ခ်င္းျပည္နယ္၊ ရိေခၚဒါရ္ၿမိဳ႕သို႔ ေရာက္ရွိလာခဲ့ေၾကာင္း ရိေခၚဒါရ္ၿမိဳ႕အုပ္ခ်ဳပ္ေရးမွဴး ဦးက်င္ လမ္းခိုင္ကေျပာသည္။

က်မ္းစာသင္ေက်ာင္းတက္ေရာက္ေနသည့္ေက်ာင္းသား ၁၆ ဦးအနက္ ေက်ာင္းသား ၁၅ ဦး၊ ေက်ာင္းသူ တစ္ ဦးပါဝင္သည္။ ထို ၁၆ ဦးကို ယေန႔ နံနက္ပိုင္းက ခ်င္းျပည္နယ္အစိုးရအဖြဲ႕ စိုက္ပ်ိဳးေရးေမြးျမဴေရးႏွင့္ သစ္ ေတာ၀န္ႀကီး ဦးမန္ဟင္းဒါလ္းႏွင့္ သက္ဆိုင္ရာတာဝန္ရွိသူမ်ား လာေရာက္ႀကိဳဆိုၿပီး အားေပးစကားေျပာျခင္း၊ က်န္းမာေရးစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ကာ နံနက္ ၉ နာရီ ၄၀ မိနစ္တြင္ တီးတိန္ၿမိဳ႕သို႔ ေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။

“တီးတိန္မွာ Facility Quarantine ၂၁ ရက္ ထားသြားမွာပါ၊ အစကေတာ့ ၃၃ ေယာက္လာမယ္လို႔ ၾကားသိရ တာေပါ့၊ တကယ္ေတာ့ ၁၆ ေယာက္ပဲရွိပါတယ္၊ တခ်ိဳ႕ေတြလဲ က်န္ေသးတယ္”ဟု ၎ကေျပာသည္။

ထို ၁၆ ဦးသည္ ခ်င္းျပည္နယ္သို႔ ျပန္လာရန္အတြက္ ခ်င္းျပည္နယ္အစိုးရအဖြဲ႕ထံကမ္းလွမ္းခဲ့ၿပီး ျပည္နယ္ အစိုးရမွ ျပည္ေထာင္စုထံတင္ျပကာ ျပည္ေထာင္စုမွခြင့္ျပဳခ်က္ရရွိခဲ့သျဖင့္ ျပန္လည္ေခၚရန္ လုပ္ေဆာင္ ျခင္းျဖစ္ေၾကာင္း သိရသည္။

သူရိယထက္

ဓာတ္ပုံ – ရိေခၚဒါရ္ျပန္ဆက္

#PeopleMedia #ခ်င္းျပည္နယ္အစုိးရအဖြဲ႕

(Unicode)
အိန္ဒိယနိုင်ငံသို့ ကျမ်းစာသင်သွားသင်သည် မြန်မာနိုင်ငံသား ၁၆ ဦး ပြန်လည်ရောက်ရှိ
…………………………………………………

ကလေး၊ မေ – ၂၃

အိန္ဒိယနိုင်ငံ၊ ဘင်းကလော၌ ကျမ်းစာသင်ကျောင်းတက်ရောက်နေသည့်ကျောင်းသား ၁၆ ဦးသည် ယမန်နေ့ ည ၁၀ နာရီခွဲခန့်က ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင် လမ်းခိုင်ကပြောသည်။

ကျမ်းစာသင်ကျောင်းတက်ရောက်နေသည့်ကျောင်းသား ၁၆ ဦးအနက် ကျောင်းသား ၁၅ ဦး၊ ကျောင်းသူ တစ် ဦးပါဝင်သည်။ ထို ၁၆ ဦးကို ယနေ့ နံနက်ပိုင်းက ချင်းပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေးမွေးမြူရေးနှင့် သစ် တောဝန်ကြီး ဦးမန်ဟင်းဒါလ်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ လာရောက်ကြိုဆိုပြီး အားပေးစကားပြောခြင်း၊ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခဲ့ကာ နံနက် ၉ နာရီ ၄၀ မိနစ်တွင် တီးတိန်မြို့သို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

“တီးတိန်မှာ Facility Quarantine ၂၁ ရက် ထားသွားမှာပါ၊ အစကတော့ ၃၃ ယောက်လာမယ်လို့ ကြားသိရ တာပေါ့၊ တကယ်တော့ ၁၆ ယောက်ပဲရှိပါတယ်၊ တချို့တွေလဲ ကျန်သေးတယ်”ဟု ၎င်းကပြောသည်။

ထို ၁၆ ဦးသည် ချင်းပြည်နယ်သို့ ပြန်လာရန်အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့ထံကမ်းလှမ်းခဲ့ပြီး ပြည်နယ် အစိုးရမှ ပြည်ထောင်စုထံတင်ပြကာ ပြည်ထောင်စုမှခွင့်ပြုချက်ရရှိခဲ့သဖြင့် ပြန်လည်ခေါ်ရန် လုပ်ဆောင် ခြင်းဖြစ်ကြောင်း သိရသည်။

သူရိယထက်

ဓာတ်ပုံ – ရိခေါ်ဒါရ်ပြန်ဆက်

#PeopleMedia #ချင်းပြည်နယ်အစိုးရအဖွဲ့


Share this post