• Follow Us on

Home အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းဝန်နှင့် နိုင်ငံရေးပါတီတချို့ ယနေ့ ညနေ နေပြည်တော်၌ တွေ့ဆုံမည်

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းဝန်နှင့် နိုင်ငံရေးပါတီတချို့ ယနေ့ ညနေ နေပြည်တော်၌ တွေ့ဆုံမည်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၂ (People Media)

 

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းဝန်၏ ၂ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံရေးပါတီတချို့နှင့် နေပြည်တော်၌ တွေ့ဆုံရန် စီစဉ်ထားကြောင်း နိုင်ငံရေးပါတီအချို့ထံမှ သိရသည်။

 

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်သည် မြန်မာနိုင်ငံ ခရီးစဉ်အဖြစ် ယနေ့ ရောက်ရှိမည်ဖြစ်သလို မြန်မာနိုင်ငံ၌ နှစ်ရက်ကြာ နေထိုင်သွားမည် ဖြစ်သည်။

 

ထို့အတူ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းဝန်သည် ယနေ့ညနေ ၃ နာရီအချိန်၌ နေပြည်တော်၌ နိုင်ငံ ရေးပါတီအချို့နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။

 

Harsh Vardhan Shringla ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း န-စ-ကဥက္ကဋ္ဌအပါအဝင် နိုင်ငံရေးပါတီများ၊ အသင်း အဖွဲ့များနှင့် သီးခြားတွေ့ဆုံသွားမည်ဖြစ်သည်။

 

အလားတူ အိန္ဒိယအစိုးရမှ မြန်မာနိုင်ငံအစိုးရထံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များ၊ အိန္ဒိယ မြန်မာနယ်စပ်လုံခြုံရေးအခြေအနေနှင့် မြန်မာ့နိုင်ငံရေးအခြေအနေတွေကို သက်ဆိုင်ရာ တာဝန်ရှိသူ များနှင့် ဆွေးနွေးသွားမည်ဖြစ်သည်။

 

#PeopleMedia #အိန္ဒိယနိုင်ငံ #Harsh_Vardhan_Shringla

 

(unicode)


……………………………………………………………….

 


 


 


 


 


 


 

#PeopleMedia #အိန်ဒိယနိုငျငံ #Harsh_Vardhan_Shringla


Share this post