• Follow Us on
Latest News

Home အိန္ဒိယနိုင်ငံ၌ ရဟတ်ယာဉ်ပျက်ကျမှုဖြစ်စဉ်ကြောင့် အိန္ဒိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် အသက်ဆုံးရှုံး ခဲ့ရမှုအပေါ် ဝမ်းနည်းပါကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

အိန္ဒိယနိုင်ငံ၌ ရဟတ်ယာဉ်ပျက်ကျမှုဖြစ်စဉ်ကြောင့် အိန္ဒိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် အသက်ဆုံးရှုံး ခဲ့ရမှုအပေါ် ဝမ်းနည်းပါကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၇ (People Media)

 

ပြီးခဲ့သည့်ရက်ပိုင်းက အိန္ဒိယနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ရဟတ်ယာဉ်ပျက်ကျမှုဖြစ်စဉ်ကြောင့် အိန္ဒိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Bipin Rawat အသက် ဆုံးရှုံးခဲ့ရမှုအပေါ် မိမိအနေဖြင့် ဝမ်းနည်းပါကြောင်း န-စ-ကဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Saurabh Kumar နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတို့သည် ဒီဇင်ဘာ ၁၆ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၌ တွေ့ဆုံစဉ် န-စ-ကဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောဆိုခဲ့သည်။

 

ထို့အပြင် တွေ့ဆုံမှု၌ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အိန္ဒိယနိုင်ငံမှ ကူညီဆောင်ရွက်ပေးမှုနှင့် နှစ်နိုင်ငံကုန်သွယ် ရေးနှင့် စီးပွားရေးဆိုင်ရာများတွင်ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအပါ အဝင် အခြားနယ်ပယ်များတွင်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုဆိုင်ရာများ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

 

#PeopleMedia #အိန္ဒိယ-မြန်မာ

 

(unicode)


………………………………………………………………….

 


 


 


 


 

#PeopleMedia #အိန်ဒိယ-မွနျမာ


Share this post