• Follow Us on

Home အိန္ဒိယနိုင်ငံ၌ လမ်းမဘေးအိပ်ပျော်နေသော အလုပ်သမား ၁၅ ဦး မြေသယ်ကား ကြိတ်နင်းမိ၍ သေဆုံး

အိန္ဒိယနိုင်ငံ၌ လမ်းမဘေးအိပ်ပျော်နေသော အလုပ်သမား ၁၅ ဦး မြေသယ်ကား ကြိတ်နင်းမိ၍ သေဆုံး

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၉ (People Media)

အိန္ဒိယနိုင်ငံ၌ အလုပ်သမား ၁၅ ဦးမှာ လမ်းမဘေးအိပ်ပျော်နေစဉ် ထရပ်ကားတစ်စင်း ကြိတ်မိမှုကြောင့် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ် ဆူရတ်ခရိုင်ရှိ ကျေးရွာတစ်ရွာအနီး ယနေ့နံနက်အစော ပိုင်းက အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲအရာရှိ ဗာရာဒီပါတဲလ်က ပြောသည်။

အိပ်ပျော်နေသော အလုပ်သမားများအပေါ် မြေသယ်ယာဉ်တစ်စင်း ဖြတ်မောင်းခဲ့ရာ အခင်းဖြစ်ရာနေရာ ၌ လူ ၁၂ ဦး သေဆုံးခဲ့ပြီး ဆေးရုံပို့ဆောင်ခဲ့သူ ရှစ်ဦးအနက် သုံးဦးမှာ ဒဏ်ရာများကြောင့် သေဆုံးခဲ့ကြောင်း ၎င်းက ဆိုသည်။

မျက်နှာချင်းဆိုင်ဘက်မှ ကြံချောင်းများ အပြည့်တင်ဆောင်လာသော ထွန်စက်တစ်စီးကို ရှောင်တိမ်းရာ တွင် မြေသယ်ယာဉ်မောင်းနှင်သူက အရှိန်မထိန်းနိုင်ဖြစ်ခဲ့ပြီး အိပ်ပျော်နေသော အလုပ်သမားများအပေါ် ကြိတ် နင်းမိခြင်းဖြစ်သည်။

သေဆုံးသူများတွင် ကလေးငယ်တစ်ဦး၊ အမျိုးသမီးရှစ်ဦးနှင့် အမျိုးသားခြောက်ဦး ပါဝင်ပြီး အိမ်နီးချင်း ရာဂျာစသန်ပြည်နယ်မှ လာရောက်လုပ်ကိုင်သူများဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ အူရှာရာဒါက ပြောသည်။

အဆိုပါဖြစ်ရပ်တွင် သေဆုံးသူများ၊ ဒဏ်ရာရရှိသူများအတွက် ဝမ်းနည်းမိပါကြောင်း၊ လျော်ကြေးငွေ ပေး အပ်မည်ဖြစ်ကြောင်း ဂူဂျာရတ်ပြည်နယ်သား အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ပြောသည်။

အိန္ဒိယနိုင်ငံ၌ နှစ်စဉ် ယာဉ်မတော်တဆဖြစ်ရပ်များကြောင့် ထောင်နှင့်ချီ သေဆုံးမှုများ ဖြစ်ပွားသည်။ ယာဉ်မတော်တဆမှု အများစုက ပြုပြင်ထိန်းသိမ်းမှုနည်းပါသော လမ်းမကြီးများ၊ မော်တော်ယာဉ်များနှင့် ယာဉ် မောင်းနှင်သူများ၏ ပေါ့ဆမှုများကြောင့်ဖြစ်သည်။

ကိုးကား – အယ်လ်ဂျာဇီးယား

Ref; More than a dozen sleeping workers crushed under truck in India

(unicode)
……………………………………………










Ref; More than a dozen sleeping workers crushed under truck in India


Share this post