• Follow Us on

Home အိႏၵိယနိုင္ငံ မဟာရတ္ရွ္ထရာျပည္နယ္တြင္ ရဲတပ္ဖြဲ႕ဝင္ ၃၈၀၀ ေက်ာ္ ကိုဗစ္-၁၉ ေရာဂါကူးစက္ခံၿပီး ၄၅ ဦး ေသဆုံး

အိႏၵိယနိုင္ငံ မဟာရတ္ရွ္ထရာျပည္နယ္တြင္ ရဲတပ္ဖြဲ႕ဝင္ ၃၈၀၀ ေက်ာ္ ကိုဗစ္-၁၉ ေရာဂါကူးစက္ခံၿပီး ၄၅ ဦး ေသဆုံး

Share this post

နိုင္ငံတကာ၊ ဇြန္ ၁၈

အိႏၵိယနိုင္ငံ၊ မဟာရတ္ရွ္ထရာျပည္နယ္တြင္ လက္ရွိအခ်ိန္ထိ ရဲတပ္ဖြဲ႕ဝင္ ၃၈၂၀ ဦး ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံခဲ့ရၿပီး ၄၅ ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။

အဆိုပါအခ်က္အလက္ကို ျပည္နယ္ ျပည္ထဲေရးဝန္ႀကီး အေနးလ္ဒက္ရွ္မူခ္က တြစ္တာမွတစ္ဆင့္ မွ်ေဝ ခဲ့ျခင္းျဖစ္သည္။

“ရဲတပ္ဖြဲ႕ဝင္ ၃၈၂၀ ဦး ကိုဗစ္-၁၉ ေရာဂါ ကူးစက္ခံခဲ့ရပါတယ္။ ရဲတပ္ဖြဲ႕ဝင္ ၂၇၅၄ ဦး ပိုးကင္း စင္ၿပီး ၄၅ ဦး ကြယ္လြန္ခဲ့ပါတယ္” ဟု အေနးလ္က တြစ္တာ၌ ေရးသားခဲ့သည္။

ရဲတပ္ဖြဲ႕၏ အေရးေပၚေဟာ့လိုင္းသို႔ ကိုဗစ္-၁၉ ေရာဂါဆိုင္ရာ ဖုန္းေခၚဆိုမႈအႀကိမ္ေရ ပုံမွန္ ျမင့္တက္လာ ခဲ့ေၾကာင္း၊ ရဲတပ္ဖြဲ႕ထံ ဖုန္းေခၚဆိုမႈ ၁၀၃၇၀၇ ႀကိမ္ လက္ခံရရွိခဲ့ေၾကာင္း၊ ရဲတပ္ဖြဲ႕အေပၚ တိုက္ခိုက္မႈျဖစ္ရပ္ ၂၆၈ ႀကိမ္ေၾကာင့္ လူ ၈၅၁ ဦးကို ဖမ္းဆီးခဲ့ရေၾကာင္း ၄င္းက တြစ္တာပို႔မ်ား၌ ေရးသားခဲ့သည္။

ျပည္နယ္အတြင္း လူေျခာက္သိန္းေက်ာ္ကို သီးသန့္ခြဲေစာင့္ၾကည့္ခဲ့ၿပီး အျခားျပည္နယ္မ်ားမွ လုပ္သား ၄၁၃၈ ဦးက လိုအပ္ခ်က္မ်ား ျဖည့္ဆည္းေပးခဲ့သည့္ ကယ္ဆယ္ေရးစခန္း ၁၂၂ ခုကို ျပည္နယ္အစိုးရက ဖြင့္လွစ္ ထားေၾကာင္း ၄င္းက ဆိုသည္။

ျပည္သူ႕က်န္းမာေရးဦးစီးဌာန၏အဆိုအရ မဟာရတ္ရွ္ထရာျပည္နယ္တြင္ ယေန႕အထိ ကိုရိုနာဗိုင္းရပ္စ္ ဓာတ္ခြဲအတည္ျပဳ ကူးစက္လူနာ ၁၁၆၇၅၂ ဦး၊ ပိုးကင္းစင္သူ ၅၉၁၁၆ ဦးႏွင့္ ေသဆုံးသူ ၅၆၅၁ ဦးရွိေၾကာင္း သိရ သည္။

ကိုးကား – အင္န္ဒီတီဗြီ

Ref; 45 Police Personnel Died Of COVID-19 In Maharashtra So Far: Minister

[Unicode]
အိန္ဒိယနိုင်ငံ မဟာရတ်ရှ်ထရာပြည်နယ်တွင် ရဲတပ်ဖွဲ့ဝင် ၃၈၀၀ ကျော် ကိုဗစ်-၁၉ ရောဂါကူးစက်ခံပြီး ၄၅ ဦး သေဆုံး
……………………………………………………………………………

နိုင်ငံတကာ၊ ဇွန် ၁၈

အိန္ဒိယနိုင်ငံ၊ မဟာရတ်ရှ်ထရာပြည်နယ်တွင် လက်ရှိအချိန်ထိ ရဲတပ်ဖွဲ့ဝင် ၃၈၂၀ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး ၄၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါအချက်အလက်ကို ပြည်နယ် ပြည်ထဲရေးဝန်ကြီး အနေးလ်ဒက်ရှ်မူခ်က တွစ်တာမှတစ်ဆင့် မျှဝေ ခဲ့ခြင်းဖြစ်သည်။

“ရဲတပ်ဖွဲ့ဝင် ၃၈၂၀ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရပါတယ်။ ရဲတပ်ဖွဲ့ဝင် ၂၇၅၄ ဦး ပိုးကင်း စင်ပြီး ၄၅ ဦး ကွယ်လွန်ခဲ့ပါတယ်” ဟု အနေးလ်က တွစ်တာ၌ ရေးသားခဲ့သည်။

ရဲတပ်ဖွဲ့၏ အရေးပေါ်ဟော့လိုင်းသို့ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ဖုန်းခေါ်ဆိုမှုအကြိမ်ရေ ပုံမှန် မြင့်တက်လာ ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ထံ ဖုန်းခေါ်ဆိုမှု ၁၀၃၇၀၇ ကြိမ် လက်ခံရရှိခဲ့ကြောင်း၊ ရဲတပ်ဖွဲ့အပေါ် တိုက်ခိုက်မှုဖြစ်ရပ် ၂၆၈ ကြိမ်ကြောင့် လူ ၈၅၁ ဦးကို ဖမ်းဆီးခဲ့ရကြောင်း ၄င်းက တွစ်တာပို့များ၌ ရေးသားခဲ့သည်။

ပြည်နယ်အတွင်း လူခြောက်သိန်းကျော်ကို သီးသန့်ခွဲစောင့်ကြည့်ခဲ့ပြီး အခြားပြည်နယ်များမှ လုပ်သား ၄၁၃၈ ဦးက လိုအပ်ချက်များ ဖြည့်ဆည်းပေးခဲ့သည့် ကယ်ဆယ်ရေးစခန်း ၁၂၂ ခုကို ပြည်နယ်အစိုးရက ဖွင့်လှစ် ထားကြောင်း ၄င်းက ဆိုသည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏အဆိုအရ မဟာရတ်ရှ်ထရာပြည်နယ်တွင် ယနေ့အထိ ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲအတည်ပြု ကူးစက်လူနာ ၁၁၆၇၅၂ ဦး၊ ပိုးကင်းစင်သူ ၅၉၁၁၆ ဦးနှင့် သေဆုံးသူ ၅၆၅၁ ဦးရှိကြောင်း သိရ သည်။

ကိုးကား – အင်န်ဒီတီဗွီ

Ref; 45 Police Personnel Died Of COVID-19 In Maharashtra So Far: Minister


Share this post