• Follow Us on

Home အိန္ဒိယပိုင်အက်ဒမန်နှင့် နီကိုဘားကျွန်းတို့တွင် ကိုရိုနာဗိုင်း ရပ်စ်ကြောင့်သေဆုံးမှုများရှိနေ


Share this post

နယူးဒေလီ၊ သြဂုတ် ၁၈








#PeopleMedia

(unicode)
အိန္ဒိယပိုင်အက်ဒမန်နှင့် နီကိုဘားကျွန်းတို့တွင် ကိုရိုနာဗိုင်း ရပ်စ်ကြောင့်သေဆုံးမှုများရှိနေ
…………………………………………………

နယူးဒေလီ၊ ဩဂုတ် ၁၈

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအများဆုံးနိုင်ငံများထဲတွင်တတိယဖြစ်နေသည့်အိန္ဒိယနိုင်ငံပိုင် ဘင်္ဂလားပင်လယ်အော်ရှိအက်ဒမန်နှင့် နီကိုဘားကျွန်းတို့တွင်လည်း သေဆုံးမှုများရှိနေပြီး တနင်္လာနေ့တွင် ကူးစက်ခံရသူ ၉၃ ယောက်ထပ်တိုးသည်ဟု ပို့တ်ဘလဲ ယားအာဏာပိုင်များက ပြောသည်။

အိန္ဒိယ လေတပ်နှင့် ရေတပ်အခြေစိုက်စခန်းရှိပြီး လူ ၁ သိန်းကျော်နေထိုင်သည့် တောင်နီကိုဘားခရိုင်တွင် ကိုရိုနာဗိုင်းရပ်စ်ကူး စက်ခံရသူ ၂၃၉၉ ယောက်၊ သေဆုံးသူ ၂၈ ယောက်ရှိခဲ့ပြီး ရောဂါကင်းစင်သူ ၁၂၂၆ ယောက်ရှိနေသည်။

အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၀၉၂၁ ယောက်ရှိနေပြီး ရှိလာပြီး နိုင်ငံတကာတွင် အမေရိကန်၊ ဘရာဇီးနှင့် မက္ကဆီကိုတို့နောက် စတုတ္ထမြောက်သေဆုံးမှုအများဆုံးနိုင်ငံဖြစ်နေသည်။

အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ စုစုပေါင်း၏ ၄ ပုံ ၁ ပုံသည် ပြီးခဲ့သည့် ၁၇ ရက် အတွင်း သေဆုံး ခြင်း ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် သတင်းထုတ်ပြန်သည်။

အိန္ဒိယနိုင်ငံ၏ ကျန်းမာရေးဘတ်ဂျက်နည်းပါးခြင်းကြောင့် ဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ အမှန်တကယ် စစ်ဆေးခံရသူအရေအ တွက်နည်းပြီး သေဆုံးသူလည်း ပိုများနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

အိန္ဒိယတစ်နိုင်ငံလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂.၆ သန်းကျော် ရှိနေသည်။

Ref : Andaman & Nicobar Islands Covid-19 tally rises to 2,399

#PeopleMedia


Share this post