• Follow Us on

Home အိန္ဒိယပို့ကုန်ပိတ်လိုက်ပြီးနောက် မြန်မာနဲ့ နိုင်ငံတချို့က ဟင်းသီးဟင်းရွက်တင်သွင်းရန် ဘင်္ဂလားရှ်အစိုးရ ဆောင်ရွက်

အိန္ဒိယပို့ကုန်ပိတ်လိုက်ပြီးနောက် မြန်မာနဲ့ နိုင်ငံတချို့က ဟင်းသီးဟင်းရွက်တင်သွင်းရန် ဘင်္ဂလားရှ်အစိုးရ ဆောင်ရွက်

Share this post

အိန္ဒိယနိုင်ငံက ကြက်သွန်နီပြည်ပတင်ပို့မှုကို ရပ်ဆိုင်းလိုက်တဲ့အတွက် အိမ်နီးချင်း ဘင်္ဂ လားဒေ့ရှ်နိုင်ငံမှာ ကြက်သွန်နီပြတ်လပ်မှုနဲ့ ဈေးနှုန်းမြင့်တက်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ချက်ပြုတ်တဲ့ ဟင်းလျာအားလုံးနီးပါးမှာ ကြက်သွန်နီကို ထည့်သွင်း အသုံးပြုကြတာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နိုင်ငံရဲ့ ကြွက်သွန်နီဝယ်လိုအား သုံးပုံ ၂ ပုံကို ပြည်တွင်းမှာ စိုက်ပျိုးပြီး ကျန်တာကို အထူးသဖြင့် အိန္ဒိယက တင်သွင်းနေရတာဖြစ်ပါ တယ်။

အိန္ဒိယနိုင်ငံက ပြီးခဲ့တဲ့သီတင်းပတ်မှာ ပြည်ပပို့ကုန်ကို ပိတ်ပင်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နို င်ငံတွင်း အဓိကဟင်းသီးဟင်းရွက် ၁ ကီလိုဂရမ်ကို ဘင်္ဂလားငွေ တာကာ ၃၀ ကနေ တာကာ ၁၃၀ အထိ မြင့်တက်သွားခဲ့ပါတယ်။

ဒါကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ဟင်းသီးဟင်းရွက်တွေကို မြန်မာ၊ တူရကီ၊ တရုတ်နဲ့ အီဂျစ်နိုင်ငံတို့က တင်သွင်းဖို့ အလျင်အမြန်ဆောင်ရွက်လျက်ရှိနေပါတယ်။

Ref; DHAKA


Share this post