• Follow Us on

Home အိန္ဒိယမှ မြန်မာ့တပ်မတော်ထံ Kilo class ရေငုပ်သင်္ဘောလွှဲပြောင်းပေးထားပြီးဟုဆို


Share this post





Ref; defseca.com

#PeopleMedia

[Unicode]
အိန္ဒိယ မှ မြန်မာ့တပ်မတော်ထံ Kilo class ရေငုပ်သင်္ဘောလွှဲပြောင်းပေးထားပြီး ဟုဆို
…………………………………………………………………………..

အိန္ဒိယမှ မြန်မာတပ်မတော်ကို Kilo class ရေငုပ်သင်္ဘောလွှဲပြောင်းပေးလိုက်ပြီလို့ ဘင်္ဂလားဒေ့ရှ် စစ်ဘက်ဆိုင်ရာလေ့လာရေး သတင်း၀က်ဆိုက်တစ်ခုဖြစ်တဲ့ defseca.com ကဖော်ပြထားပါတယ်။

Kilo class ရေငုပ်သင်္ဘောဟာ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ မြန်မာ့တပ်မတော်ရေတပ်ကို တပ်တော်၀င်မယ်လို့သိရပါတယ်။ ဒီဇင်ဘာ ၂၄ ရက်နေ့ဟာ မြန်မာ့တပ်မတော်ရေတပ်တည်ထောင်ခြင်းနှစ်ပတ်လည်နေ့နဲ့လည်းတိုက်ဆိုင်မှုရှိနေပါတယ်။

အိန္ဒိယက ၀ယ်ယူခဲ့တဲ့ Kilo class ရေငုပ်သင်္ဘောဟာ အိန္ဒိယရေတပ်မှာ ၁၉၈၈ ခုနှစ်ကစတင် တပ်တော်၀င်ခဲ့ တာဖြစ်ပါ တယ်။ မြန်မာ့တပ်မတော်ရေတပ်မှာ စတင်တာ၀န်ထမ်းဆောင်မယ့် ဒီဇယ်အီလက်ထရစ် စွမ်းအင်သုံး Kilo class ရေငုပ်သင်္ဘော အလေးချိန် တန် သုံးထောင်ရှိတဲ့ ရေငုပ်သင်္ဘောဖြစ်ပါတယ်။

အိန္ဒိယရေငုပ်သင်္ဘောကို မြန်မာ့တပ်မတော်က လေ့ကျင့်ရေးပြုလုပ်ဖို့ရည်ရွယ်ချက်နဲ့၀ယ်ခဲ့တာဖြစ်ပြီး ရုရှားက တစ်ပတ်ရစ် ရေငုပ်သင်္ဘောတွေကို ဆက်လက်၀ယ်ယူသွားဖို့ရှိနေတယ်လို့ defseca.com မှာဖော်ပြထားပါတယ်။

Ref; defseca.com

#PeopleMedia


Share this post